အင်္ဂလိပ်ရဲ့ - TopicsExpress



          

အင်္ဂလိပ်ရဲ့ သွေးခွဲအုပ်ချုပ်တဲ့ အမွေကို ကောင်းကောင်းဆက်ခံပြီး လိုက်နာကျင့်သုံးတဲ့ စစ်ရာဇ၀တ်ကောင်တွေရဲ့....သွေးခွဲအုပ်ချုပ်မှု အောက်မှာ ပြားပြားမှောက်ရအုံးတော့မယ်။ KNU ကနေ ခွဲထွက်လာလိုက်တာ...KNU/DKBA တဲ့...ကိုးကွယ်မှု ဘာသာလေး ကွဲတာနဲ့ ကရင် အချင်းချင်း သတ်ကြရတယ်၊ တိုက်ကြရတယ်.... အခုလဲ....လစ်ဘရယ် နဲ့ အမျိုးသားရေး ၀ါဒီ လာဦးမယ်။ အဲဒီမှာ တိုင်းပြည် အထိနာတော့တာပဲ။ ဘာသာတရားပါ အထိနာတယ်...လက်ရဲ၊ ဇက်ရဲ ပစ်ရဲ ခတ်ရဲ....သေနတ်ကိုင်ထားတဲ့သူတွေကလဲ...မတ်တတ်။ အဲတော့ ...ဘုန်းကြီးတွေ ဒုတ်တကားကားနဲ့ ဗွီဒီယိုဖိုင်တွေက...အင်တာနက်ပေါ်မှာ ဖွာလန်ကြဲလို့.... ဟုတ်ကဲ့...ဒီကနေ့ တိုင်းမဂ္ဂဇင်းက TERROR လို့ရေးတော့ ရင်ထဲမှာ မကောင်းတာတော့ ကိုယ်တိုင် အသိဆုံးပဲ.... ဗွီဒီယို ဖိုင်တွေ တွေ့ရပြန်တော့...ဒီဗွီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး ဘာပြောရမှန်း မသိအောင် စွံ့အသွား ပြန်တယ်။ သူမှားလို့ ကိုယ်မှားတယ်၊ ကိုယ်မှားလို့ သူမှားတယ်။ သူလုပ်လို့ ကိုလုပ်တယ်၊ ကိုယ်လုပ်လို့ သူလုပ်တယ်။ သူသတ်လို့ကိုယ်သတ်တယ်။ ကိုယ်သတ်လို့ သူသတ်တယ်။
Posted on: Fri, 28 Jun 2013 11:28:42 +0000

Trending Topics



Recently Viewed Topics



-

© 2015