အစိုးရအဖွဲ့၏ - TopicsExpress



          

အစိုးရအဖွဲ့၏ သြဂုတ်လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သမ္မတ ယနေ့မိန့်ခွန်း ပြောမည်။ အစိုးရအဖွဲ့၏ သြဂုတ်လအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီတွင် ပြည်သူများအား ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ၏ ကိုးကြိမ်မြောက် ရေဒီယိုမိန့်ခွန်းကို စက်တင်ဘာ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်များတွင် နံနက် ၇ နာရီတွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီတွင် တစ်ကြိမ်၊ ညနေ ၆ နာရီတွင် တစ်ကြိမ်နှင့် ည ၈ နာရီတို့တွင် မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ ပုဂံ FM၊ သဇင်အသံလွှင့်ဌာနများမှ တစ်ရက်လျှင် လေးကြိမ်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများတွင် သြဂုတ် ၃၁ ရက်က ဖော်ပြထားသည်။ >>Eleven Media Group
Posted on: Sun, 01 Sep 2013 03:19:19 +0000

Trending Topics



Recently Viewed Topics




© 2015