အဆင့်ဆင့်သော - TopicsExpress



          

အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများ ပြည်သူလူထုကို ဗဟိုမပြုဘဲ အထက်လူကြီး များကိုသာ ဗဟိုပြု Tuesday, 13 August 2013 အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုကို ဗဟိုမပြုဘဲ အထက်လူကြီး များကိုသာ ဗဟိုပြုနေကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစီရင်ခံစာအရ သိရသည်။ အဆိုပါ အစီရင်ခံစာ၏ တွေ့ရှိချက် အပိုင်းတွင် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူး များသည် ၀န်ထမ်းများ ဖြစ်ကြ၍ ပြည်သူလူထုကို ဗဟိုမပြုဘဲ အထက်လူကြီး များကိုသာ ဗဟိုပြုနေကြောင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးများက ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ပြည်သူလူထု ယုံကြည်ထောက်ခံမှုနှင့် ဥပဒေနှင့်အညီ ရွေးချယ်ပြီး သူကိုလည်း ၎င်းတို့လိုလားသူ မဟုတ်သည့် အတွက်ခန့်အပ်မှု မပြုဘဲ ဥပဒေကို ချိုးဖောက်နေကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ အုပ်ချုပ်ရေးပိုင်း ရဲနှင့်စည်ပင် တို့ကလည်း လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တ ပျက်ပြားမှု ကို ဖြစ်စေသော KTV ဆိုင်များကို သိလျက်နှင့် လျစ်လျူရှုထားခြင်း၊ လောင်း ကစားမှုများကို မသိကျေးကျွန် ပြုထားခြင်းတို့ ရှိသည်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။ တရားစီရင်ရေး ပိုင်းတွင်လည်း စီရင်ချက်ချခြင်း၊ အာမခံပေးခြင်း ကဲ့သို့သော ကိစ္စရပ်များတွင် အာဏာရှိသူများက ၀င်ရောက်စွက်ဖက် လျက်ရှိကြောင်း၊ တရားစီရင်ရေး ဆိုင်ရာ အခြေခံမူများ ဖြစ်သော ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး အတွက် အုပ်ချုပ်ရေးပိုင်းက ၀င်ရောက် မစွက်ဖက်ရန် လိုကြောင်း၊ တားမြစ်ချက်မှအပ ပြည်သူ့ရှေ့မှောက်၌ တရားစီရင်ရေး၊ အမှုများတွင် ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ပေးခြင်းတို့ကို လေးစားလိုက်နာရန် လိုကြောင်းကိုလည်း ထည့်သွင်းထားသည်။ eleven media group
Posted on: Tue, 13 Aug 2013 00:08:48 +0000

Recently Viewed Topics




© 2015