အထူးအရေးပေါ် သဘောထား - TopicsExpress



          

အထူးအရေးပေါ် သဘောထား ထုတ်ပြန်ကြေငြာချက် မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ} Myanmar Nationalistic Social Network Committee, Malaysia စာအမှတ်။ ။ ၁ / ၂၀၁၃ နေ့စွဲ။ ။ ၁၂.၆.၂၀၁၃ ဖြစ်စဉ်အကျဉ်းချုပ် မလေးရှားနိုင်ငံ ဆလာယမ်းမြို့မှ ကက်ပုန်း၊အမ်ဘန်း၊ကလမ်းဆူဘမ်း၊ရှားအလမ်း ၊မာလကာ၊ မွှား၊အီပို့၊ဂျိုဟိုး မြို့နယ်များ သို့ ၅ လပိုင်း ၃၁ ရက်နေ့ နှစ်ထောင့်ဆယ့်သုံးမှသည်ယနေ့အချိန်ထိပြန့်နှံ့ဖြစ်ပေါ်လျက်ရှိသော အထူးသဖြင့်မြန်မာနိုင်ငံ သား ဗုဒ္ဓဘာသာဝင်များနှင့်မူစလင်မဟုတ်သည့် အခြားဘာသာဝင်အချို့အပေါ် ကြိုတင်ကြံစည်၍ အုပ်စုဖွဲ့အကြမ်း ဖက်တိုက်ခိုက် လူသတ်မှု၊ မုဒိမ်းမှု၊ ထိခိုက်နာကျင်စေမှုများဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့အထိ သေဆုံးသူဦးရေ ရှစ်ဦးနှင့် ဒဏ်ရာရသူ၊ အရေးပေါ်ဌာန၌ ဆေးကုသမှုခံနေရသူအယောက် နှစ်ဆယ်ရှိသွားပြီဖြစ်သည်။ဖြစ်စဉ် ကို ခြုံငုံသုံးသပ်ရာတွင် နိုင်ငံတကာမှ အထူးလေ့ကျင့်သင်တန်းပေးထားသော အကြမ်းဖက်လူသတ်သမားသို့မဟုတ် ဘာသာရေး အစွန်း ရောက် အကြမ်းဖက်လူသတ်သမားများမှ ကြိုတင်ကြံစည်၍ အုပ်စုသုံးဖွဲ့ခွဲကာ တိုက်ခိုက်ကြသည်ဟု သတင်းများအရ ယူဆရပါသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်၊စစ်သံမှူးဦးဝင်းမော်၊မြန်မာနိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီး ဦးရဲထွဋ်တို့မှသတင်း အမှားများကို မြန်မာသတင်းဌာနများတွင် ထုတ်ပြန်ကြေငြာခဲ့သည့်အတွက် မလေးရှားရောက် မြန်မာအတိုက် အခံ အဖွဲ့အစည်းများမှ ၆လပိုင်း ၆ရက် ၂၀၁၃ တွင်အချက်ခြောက်ချက်ပါ ဆန္ဒပြတောင်းဆိုမှု ပေါ်ပေါက် ခဲ့ပါ သည်။ဆန္ဒပြတောင်းဆိုမှုမဖြစ်ပေါ်ခင် မလေးရှားရဲတပ်ဖွဲ့မှ အော်ပရာစီဟုခေါ်သည့် ရုတ်တရက် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးချုပ်နှောင်စစ်ဆေးထောင်ချခွင့်ကို ( ၆.၅.၂၀၁၃ ) မှ စတင်လုပ်ဆောင်ကာ ယနေ့ ချိန်ထိ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား စုစုပေါင်း အရေအတွက် တစ်ထောင်ကျော် ရှိမည်ဟု ခန့်မှန်း ရပါသည်။ အရေးပေါ်အခြေအနေအရ အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းခြင်း လက်ရှိမလေးရှားရောက် မြန်မာနိုင်ငံသားများအရေးကို ကူညီဆောင်ရွက်ပေးနေကြသော နာရေးကူညီမှု အသင်းများ၊ လူမှုကွန်ရက်များ၊ တိုင်းရင်းသားဒုက္ခသည်အဖွဲ့အစည်းများနှင့် မြန်မာ့အတိုက်အခံအဖွဲ့အစည်း များ မှ ပူးပေါင်း ကမကထ ပြု၍ မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ (Myanmar Nationalistic Social Network Committee) တစ်ရပ် ကို အရေးပေါ်အခြေအနေအရ ၆လပိုင်း၁၂ရက် နေ့တွင် စတင် ဖွဲ့စည်းလိုက်ပါသည်။
Posted on: Wed, 12 Jun 2013 09:49:00 +0000

Trending Topics



Recently Viewed Topics




© 2015