အမျိုးသားလုံခြုံရေး - TopicsExpress



          

အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ငြင်းပယ်ထားသည့် Huawei ကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier အဖြစ် ခန့်အပ်ထား တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Huawei ကုမ္ပဏီကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သော Myanmar Post and Telec ommunication (MPT)၊ ရတနာပုံ တယ်လီပို့စ်နှင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကမှ ဆက်သွယ်ရေးလိုင်စင် ပေးအပ်ရန် ရွေးချယ်ခံရသည့် တယ်လီနော် ကုမ္ပဏီတို့ အားလုံးက ၎င်းတို့၏ Supplier ကုမ္ပဏီအဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် Huawei ကုမ္ပဏီ အနေနှင့် Ooredoo ကုမ္ပဏီနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Huawei ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။ Source: news-eleven/local/22093 +++++++++++++++++++++++++++++++++++++ ကျနော် သိသလောက်ပေါ့လေ။ Huawei ကုမ္ပဏီကထုတ်တဲ့ communication device တွေဟာ သူတို့ထဲကဖြတ်စီးလာတဲ့ တွေကို သူတို့ရဲ့ မိခင်ကုမ္ပဏီကို ပြန်ပို့လေရှိတယ်လို့ ပြောကြတယ်။ ကျနော့ အတွေ့အကြုံအရ တခြားနိုင်ငံကထုတ်တဲ့ product တွေ နဲ့ပတ်သက်ပြီး အချက်အလက် အပြည့်အစုံ ရှာလို့ရတယ်။ မေးချင်ရင် ပြန်မေးလို့ရတယ်။ Huawei ကတော့ လျှို့ဝှက်တာလား ဘာလားမသိ user support, information အတော် အားနည်းပါတယ်။ သြစတြေးလျ နဲ့ အမေရိကန် ကဒီကုမ္ပဏီထုတ် device တွေကို မသုံးဖို့ သူတို့လွှတ်တော်က တားမြစ်ထားတယ်။ ဩဇီနဲ့ကန် က သူတို့အမျိုးသား အကျိုးစီးပွါး (သူတို့ ကုမ္ပဏီတွေဆီကဘဲ ဝယ်ချင်လို့) အတွက် တားမြစ်တာ ဖြစ်ကောင်းလဲ ဖြစ်နိုင်တယ်။ စင်ကာပူ အစိုးရ ဝန်ကြီးဌာနတွေမှာ တရုတ်နိုင်ငံထုတ် network device တွေ မသုံးဖို့ သတ်မှတ်ထားတာတော့ ကျနော့ ကိုယ်တွေ့ပါ။ ဆိုချင်တာက သတိဆိုတာ ရှိရင်အကောင်းဆုံးပါ။ ဈေးအရမ်းချိုတဲ့ Huawei တွေကို သုံးခြင်းဖြင့် ဆက်သွယ်ရေး အော်ပရေတာ တွေ သက်သာပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံရဲ့ ဒေတာ မှန်သမျှ တရုတ်အစိုးရ ရဲ့ ဖက်စပ် Huawei ကုမ္ပဏီဆီရောက်/မရောက် ဘယ်သူမှ မသိစွမ်းနိုင်ပါဘူး။ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု ဟုတ်/မဟုတ် လွှတ်တော် အမတ်မင်းတွေ၊ အစိုးရမင်းတွေ ချင့်ချိန်ဖို့ပါ။ တရုတ်ရဲ့ ပေါချောင်ကောင်းတွေ မကြိုက်လို့ အာရပ်တွေ စကင်ဒီနေဗီးယန်းတွေ ကို အော်ပရေတာ ခန့်ကာမှ ကျနော်တို့ နဂါးကြီး ခံတွင်းဘဲ ပြန်သက်ဆင်းပြီလားလို့ ရင်မောမိပါတယ်။
Posted on: Mon, 12 Aug 2013 04:37:34 +0000

Trending Topics



Recently Viewed Topics




© 2015