အလယ်အလတ် အဆင့် အရာထမ်း - TopicsExpress



          

အလယ်အလတ် အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၄၅) သင်တန်းဖွင့် Wednesday, 09 October 2013 ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) ကေတုမတီ ခန်းမ၌ အလယ်အလတ် အဆင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၄၅) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်း ဖွင့်ပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးခင်မောင်အေးက သင်တန်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ ကထိကများ၊ လက်ထောက် ကထိကများ၊ အလယ်အလတ် အဆင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ် (၄၅)သို့ တက်ရောက်ကြမည့် ဗဟိုအာဏာပိုင် အဖွဲ့အစည်း များ၊ ဝန်ကြီးဌာနများမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှူး အဆင့်ရှိ အရာထမ်း သင်တန်းသား ၄၆ ဦး၊ သင်တန်းသူ ၃၆ ဦး စုစုပေါင်း ၈၂ ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။ အဆိုပါ သင်တန်းကာလမှာ ရက်သတ္တ လေးပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။ myawady.net.mm/allnews/local/item/27530-2013-10-09-13-13-19
Posted on: Wed, 09 Oct 2013 07:00:53 +0000

Trending Topics



Recently Viewed Topics




© 2015