အလဲဗင်းမီဒီယာသည် - TopicsExpress



          

အလဲဗင်းမီဒီယာသည် ယနေ့နေ့စွဲဖြင့် "စင်ကာပူရှိ မွတ်စလင်တို့ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာအကြောင်း တစေ့တစောင်း" ခေါင်းစဉ်ပါ အကြောင်းအရာကို မည်သူမဆို လွတ်လပ်စွာ ၀င်ရောက်ရေးသားနိုင်သော ၀ီကီမှ ဘာသာပြန်ဖော်ပြ၍ ၀ါဒဖြန့်ထားပါသည်။ ထိုဆောင်းပါးပါ အကြောင်း အရာ၏ အဓိကဆိုလိုရင်းဖြစ်သော စင်ကာပူတွင် မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူလက်ထပ်ပါက မွတ်စလင်မဟုတ်သူက ဘာသာပြောင်း ရသည် (သို့မဟုတ်) စင်ကာပူတွင် ယင်းသို့ လက်ထပ်ပိုင်ခွင့် မရှိဆိုသည့် အချက်မှာ လွဲမှားသောအချက်ဖြစ်သလို အလဲဗင်းဂရုသည်လည်း စင်ကာပူအစိုးရ၏ ဥပဒေမူများ၊ မွတ်စလင်မဟုတ်သူနှင့် လက်ထပ်ထိမ်းမြားပါက အပြစ် ဒဏ်ပေးရန် ဖော်ပြထားခြင်းမျိုး လုံးဝမရှိသော အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာန်ကျမ်းစာပါ အချက်များကို လေ့လာဆန်းစစ်ခြင်း မရှိကြောင်း ထင်ရှားသိသာသဖြင့် အများပြည်သူအကျိုးအလို့ငှာ M-Media မှ ဤဆောင်းပါးကို တင်ဆက်အပ်ပါသည်။ 9. Can 1 Muslim and 1 non-Muslim marry at the ROM? Yes, under Civil Marriage Law. နံပါတ် ၉. မွတ်စလင်တစ်ယောက်နှင့် မွတ်စလင်မဟုတ်သူတို့ ROM (Registry of Marriage) တွင် လက်ထပ်နိုင်ပါသလား။ အဖြေ – ဟုတ်ကဲ့၊ (စင်ကာပူ၏) အများပြည်သူ လက်ထပ်ထိမ်းမြားခြင်းဥပဒေအရ လက်ထပ်ထိမ်းမြားခွင့်ရှိပါသည်။ (app.rom.gov.sg/reg_info/rom_other.asp စင်ကာပူအစိုးရ၏ တရားဝင် ၀က်ဘ်ဆိုက်ဒ်) ဆက်လက်ဖတ်ရှုရန် - m-mediagroup/news/16607
Posted on: Sun, 28 Jul 2013 05:35:59 +0000

Recently Viewed Topics




© 2015