အသိဥာဏ်ပညာကြီးမြင့်တဲ့ - TopicsExpress



          

အသိဥာဏ်ပညာကြီးမြင့်တဲ့ ပြည်သူတွေကို တကယ်ချစ်မြတ်နိုးတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေဟာ သူတို့နိုင်ငံရဲ့အကျိုးစီးပွားကို ဦးထိပ်ထားရင်းနဲ့ ပြည်သူတွေကြားက မတူညီတဲ့ အုပ်စုတွေ အသိုင်းအဝိုင်းတွေအပေါ် သာတူညီမျှ တပြေးညီဆက်ဆံတတ်ကြတယ်။ သူတို့မှာ ငါ့လူမျိုး ငါ့ဘာသာ ငါ့မွေးရပ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အကန့်အသတ်ထဲက ရုန်းထွက်ပြီး ငါ့နိုင်ငံ ငါ့ပြည်သူဆိုတဲ့ အသိနဲ့ပဲ လုပ်ဆောင်ရင်းနဲ့ သူတို့ရဲ့ ဘာသာတူ လူမျိုးတူ အသိုင်းအဝိုင်းထဲကပဲ မကျေနပ်လို့ ဆန့်ကျင် သတ်ဖြတ် ခံကြရတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ အခု သန်းခေါင်ယံလွတ်လပ်ရေးဆိုတဲ့ စာအုပ်ဖတ်နေရင်းနဲ့ ဟိန္နူ မွတ်စလင် ညီညွတ်ရေးလုပ်ရင်းနဲ့ ဟိန္နူအစွန်းရောက်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ မဟတ္တမ ဂန္ဓီ, အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ရင်းနဲ့ ဇီယွန်ဝါဒီအစွန်းရောက်တွေရဲ့ လုပ်ကြံတာ ခံခဲ့ရတဲ့ အစ္စရေးဝန်ကြီးချုပ် ယဇ်ဇာတ် ရာဘင်တို့ကို သတိရမိပါတော့တယ်။ ဒီဇာတ်လမ်းမျိုး မြန်မာနိုင်ငံမှာလဲ ဖြစ်မလာဘူး မပြောနိုင်ပါဘူး။ မြန်မာပြည်သူတွေလဲ Statesman နဲ့ Politician ကြားထဲက ကွာခြားချက်ကို နားလည်နိုင်ပြီး တကယ့်ခေါင်းဆောင်တွေကို နားလည်ပေးနိုင်ကြရင် သိပ်ကောင်းမှာပဲ။
Posted on: Thu, 21 Nov 2013 05:08:26 +0000

Trending Topics



Recently Viewed Topics




© 2015