အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ - TopicsExpress



          

အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း (၁)... Decline Of Indian Buddhism (1) အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း (၁) ၂၀၀၁ ခုနှစ် မတ်လတွင် အာဖဂန်နစ္စတန် (Afghanistan) နိုင်ငံ၊ ဘာမီယန် (Bamiyan) မြို့တွင် မွတ်ဆလင် အစွန်းရောက် တာလီဘန် (Taliban) တို့၏ ဒိုင်းနမိုက် (Dynamite) ဖြင့် ဖျက်ဆီးခြင်းကို ခံရသော ဗုဒ္ဓရုပ်ပွားတော်များ Prof. K.T.S Sarao Department of Buddhist Studies University of Delhi It is not possible to give a continuous account of the history of the decline of Buddhism in India. The reason for this is the paucity of archaeological and epigraphical material as well as the near silence of indigenous texts on the subject. But just because there is not much evidence available on the subject does not mean that Buddhism had completely disappeared from the plains of India. အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ကျဆုံးရခြင်း၏ သမိုင်းကြောင်း ဖြစ်စဉ်တစ်ခုကို ထုတ်ဖော်ရန် ဖြစ်နိုင်ဖို့ရာ ခဲယဉ်းပေသည်။ ဤဖြစ်စဉ်အတွက် အကြောင်းပြချက်သည် ရှေးဟောင်း သုတေသနဆိုင်ရာနှင့် ကမ္မည်းထိုးထားသော အကြောင်းအရာများ ရှားပါးမှု၊ ထိုနောက် အကြောင်းအရာအပေါ်တွင် ဒေသဆိုင်ရာ စာပေများ အတော်အတန် မတွေ့ရှိရမှုတို့ကြောင့် ဖြစ်ပေသည်။ သို့သော် အကြောင်းအရာအပေါ် ရရှိနိုင်သော သက်သေအထောက်အထား မရှိခြင်း အကြောင်းသည် အိန္ဒိယနယ်မြေမှ ဗုဒ္ဓဘာသာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ In fact, stray instances from here and there give an indication of the uninterrupted, though low key, survival of Buddhism into modern times. For instance, Buddhist monks from India are known to have travelled to Tibet and China in the fourteenth century and the census records of India for the your 1911 mention as many as 1833 persons in Orissa as Buddhists. Thus, it may not be altogether correct to use expressions such as ‘disappearance’ or ‘extinction’ for Indian Buddhism. အမှန်အားဖြင့် နေရာအနှံ့အပြား ဖြစ်နေသော အကြောင်းအရာများသည် နည်းပါးသော အချက်အလက် ဖြစ်သော်လည်း မျက်မှောက်ခေတ်သို့ ဗုဒ္ဓဘာသာ တောက်လျှောက် ဆက်လက် ရှင်သန်နိုင်ရေး၏ အရိပ်လက္ခဏာကို ပေးသည်။ သာဓကအားဖြင့် အိန္ဒိယ ဗုဒ္ဓရဟန်းတော်များသည် ဆယ့်လေးရာစုတွင် တိဗက်နှင့် တရုတ်ဆီသို့ ခရီးထွက်ခွာကြသည်။ ၁၉၁၁ ခုနှစ် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်း မှတ်တမ်းများသည် Orissa ပြည်နယ်၌ ဗုဒ္ဓဘာသာဦးရေ ၁၈၃၃ ဦး ရှိကြောင်း ဖော်ပြထားပေသည်။ ထို့ကြောင့် အိန္ဒိယဗုဒ္ဓဘသာသာကို “ပျောက်ကွယ်သွားခြင်း” သို့မဟုတ် “တိမ်ကောသွားခြင်း” ကဲ့သို့ ဖော်ပြချက်မျိုးကို အသုံးပြုဖို့ရာတွင် အားလုံး မှန်ကန်ချင်မှ မှန်ကန်ပေလိမ့်မည်။ The process of the decline of Buddhism in India was neither uniform in terms of time nor was it consistent in the manner of its decline. Historical information about the condition of Buddhism in different parts of India happens to be so scattered and discontinuous that it is almost impossible to prepare a complete picture of any given period. On the whole, no period can be delimited as marking the commencement of a general decline of Buddhism all over India. While one could see Buddhism flourishing at one place, one could see it in decline at the same time at another place. အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ကျဆုံးရခြင်း ဖြစ်စဉ်သည် အချိန်အားဖြင့် တူညီမှု မရှိနိုင်သလို ၄င်းကျဆုံးမှု၏ ပုံပန်းသဏ္ဍာန်တွင်လည်း တစ်သမတ်တည်း မကျနိုင်ပေ။ အိန္ဒိယနိုင်ငံ၏ မတူညီသောဒေသများ၌ ဗုဒ္ဓဘာသာ အခြေအနေနှင့် ပတ်သက်သော သမိုင်းဆိုင်ရာ သတင်းအချက်အလက်သည် သတ်မှတ်ထားသော အချိန်ကာလ၏ ပြည့်စုံသော အသွင်သဏ္ဍာန်ကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်လောက်အောင် အလွန် ပြန့်ကျဲနေပြီး ဆက်စပ်မှုမရှိ ဖြစ်နေသည်။ အားလုံးခြုံကြည့်လျှင် အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံးတွင် ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ ကျဆုံးရခြင်း၏ အစပြုခြင်းကို လေ့လာမှတ်သားရာတွင် အချိန်ကာလကို ဘောင်ခတ်ထား၍ မရနိုင်ပေ။ တစ်နေရာတွင် ဗုဒ္ဓဘာသာ ထွန်းကားနေသည်ကို တွေ့နေစဉ်တွင် တစ်ခြားတစ်နေရာ၌ တစ်ချိန်တည်းတွင် ဗုဒ္ဓဘာသာ ဆုတ်ယုတ်နေသည်ကို တွေ့နိုင်သည်။ For instance, when some well-endowed Buddhist monasteries existed under the Pālas in eastern India, Buddhism had already met its worst fate in north western India. However, on the whole, there appears to be some consensus amongst scholars that Buddhism seems to have fallen into a state of complete disarray and collapsed rather quickly and comprehensively towards the end of the twelfth century. သာဓကအားဖြင့် အရည်အသွေး ပြည့်စုံသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ချို့ အရှေ့ အိန္ဒိယတွင် တည်ရှိနေသောအခါ ဗုဒ္ဓဘာသာသည် အနောက်မြောက် အိန္ဒိယတွင် အဆိုးဝါးဆုံး ကံကြမ္မာနှင့် ကြုံတွေ့နေခဲ့ရသည်။ သို့သော်လည်း ခြုံကြည့်လိုက်လျှင် ဆယ့်နှစ်ရာစု နှောင်းပိုင်းဆီသို့ အတော်အတန် လျှင်မြန်စွာ ကစဥ့်ကလျားနှင့် အပြီးအပြတ် ယိုယွင်းလာသော အခြေအနေ အဖြစ်သို့ ဗုဒ္ဓဘာသာသည် ကျရောက်နိုင်ခဲ့သည် ဆိုသည်မှာ ပညာရှင်များအကြား သဘောတူညီမှု ရှိလာသည်။ It has been suggested by scholars such as R.C. Mitra and K.W. Morgan that corruption and moral decay was the root cause of the decline of Buddhism. An examination of the vast Buddhist as well as non-Buddhist textual material spanning the entire period of the history of Indian Buddhism indicates that there were many men and women who had joined the Saṃgha under circumstances of compulsion. The Saṃgha is said to have abounded with people who were perversely self-willed and unbearably quarrelsome. For instance, the Theragāthā speaks of monks who were cheats, frauds, false witnesses, and unscrupulous. ပညာရှင် R.C. Mitra နှင် K.W. Morgan တို့သည် အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်တရား ယိုယွင်းလာခြင်းက ဗုဒ္ဓဘာသာကျဆုံးခြင်း၏ အဓိက ဇစ်မြစ်ဖြစ်သည် ဟု အဆိုပြုကြသည်။ အိန္ဒိယဗုဒ္ဓဘာသာ သမိုင်းကြောင်း တစ်ခုလုံးရှိ စာပေအချက်အလက် ကာလသက်တမ်းတွင် များစွာသော ဗုဒ္ဓဘာသာဝင်ရော ဗုဒ္ဓဘာသာမဟုတ်သူတို့၏ စိစစ်မှုသည် တိုက်တွန်းလှို့ဆော်မှု အခြေအနေအောက်တွင် သံဃာ့ အဖွဲ့အစည်းသို့ ၀င်ရောက်လာကြသော အမျိုးသားများနှင့် အမျိုးသမီးများကို ရည်ညွှန်းပေသည်။ ပေကတ်ကတ်နှင့် ထင်ရာစိုင်းတတ်ပြီး သည်းခံမှုမရှိ ရန်လိုတတ်သော ပုဂ္ဂိုလ်များနှင့်အတူ ပေါများလာသည်ဟု သံဃာ့အဖွဲ့အစည်းကို ပြောနိုင်သည်။ သာဓကအားဖြင့် ထေရဂါထာတွင် လိမ်လည်သော၊ မရိုးသားသော၊ ဟန်ဆောင်ထားမှုနှင့် မသမာသော ရဟန်းများအကြောင်းကို ပြောသည်။ There is sufficient evidence to show that there were monks who did not fully cooperate with the Buddha during his life time, and with his chief disciples like Mahākasspa, Upāli, and Ānanda, after his death. The Jātakas acknowledge that many undesirable characters entered the Saṃgha because they found living easier inside the Saṃgha than on the outside. Such undesirable and irresponsible elements were clearly not expected to live up to the ideals set by the Buddha. ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် ဗုဒ္ဓနှင့်အတူ အပြည့်အ၀ ပူပေါင်းဆောင်ရွက်မှု မရှိသော ရဟန်းများ ရှိခဲ့သည်။ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက်ပိုင်း အရှင်မဟာကဿပ၊ အရှင်ဥပါလိနှင့် အရှင်အာနန္ဒာတို့နှင့် အတူတကွလည်း ပူးပေါင်းဆောင်ရွက်မှု မရှိသော ရဟန်းများ ရှိခြင်းသည် ဗုဒ္ဓဘာသာ ဆုတ်ယုတ်လာရန် လုံလောက်သော အထောက်အထားများ ဖြစ်ခဲ့သည်။ ဇာတကစာပေများမှ အသိအမှတ် ပြုထားသည်မှာ မကောင်းသော အကျင့်စရိုက်ရှိသည့် ပုဂ္ဂိုလ်များ သံဃာ့အဖွဲ့အစည်းသို့ ၀င်ရောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အပြင်လောကမှာထက် သံဃာ့လောကတွင် လွယ်ကူစွာ အသက်မွေးမှုကို ရှာဖွေကြသည်။ ထိုကဲ့သို့ မကောင်းသော အကျင့်စရိုက်များနှင့် တာဝန်မသိသော သူများက ဗုဒ္ဓ တည်ထောင်ထားသော စံနမူနာကောင်းကို ကိုက်ညီအောင် နေထိုင်ဖို့ လုံးဝ မလိုလားပါ။ It was perhaps in response to the existence of such undesirable elements in the Saṃgha that the Buddha was compelled to enact rules banning their entry. But such rules did not necessarily keep unwanted elements from making way into the Saṃgha. Laxity in the Saṃgha seems to have grown to the extent that monks in large numbers were pocketing individual or community wealth and engaging in several other indiscretions. ထိုသူတို့ ၀င်ရောက်ခြင်းကို တားမြစ်ထားသော စည်းမျဉ်းစည်းကမ်း ဥပဒေကို ထုတ်ပြန်ဖို့ ဗုဒ္ဓကို တောင်းဆိုခြင်းသည် သံဃာထုအတွင်း ထိုပုဂ္ဂိုလ်များ ရှိနေခြင်းကို တုန့်ပြန်ဖို့ ဖြစ်နိုင်ခြေရှိခဲ့သည်။ သို့သော် ထိုစည်းမျဉ်း ဥပဒေတို့သည် သံဃာထုအတွင်း ၀င်ရောက်လာသော မလိုလားအပ်သည့် ပုဂ္ဂိုလ်များအတွက် သေချာပေါက် မထိန်းနိုင်ခဲ့ပါ။ သံဃာ့အဖွဲ့အစည်း လျော့ရဲလာမှုသည် အတိုင်းအတာတစ်ခုကို ကြီးထွားလာပုံပေါ်သည်။ ၄င်းမှာ များစွာသော ရဟန်းများသည် ပုဂ္ဂလိက သို့မဟုတ် အဖွဲ့အစည်း ခိုင်မာမှုကို လှစ်လျူရှုခြင်းနှင့် အခြားသော စည်းကမ်းများစွာ မစောင့်ထိန်းခြင်းတွင် ပါဝင်လာခြင်းများ ဖြစ်လာခဲ့သည်။ Chinese pilgrims Faxian, Ijing and Xuanzang make references to the feudal character of the Buddhist Saṃgha which owned movable and immovable property in substantial quantities. It had become quite normal for Buddhist vihāras to own servants, cattle, land, granaries, and villages for the purpose of maintaining their residents. There is evidence to show that some of the prominent vihāras had become so influential that they began to issue their own seals and coins. တရုတ်လူမျိုး ဘုရားဖူးခရီးသွားများ ဖြစ်ကြသော Faxian, Ijing နဲ့ Xuanzang တို့ ရည်ညွှန်းပြောဆိုပုံမှာ ကောာင်းမွန်သော အရည်အသွေးရှိသည် ရွေ့လျားနိုင်သော ပစ္စည်းနှင့် မရွေ့လျားနိုင်သော ပစ္စည်းကို ပိုင်ဆိုင်လာသော ဗုဒ္ဓဘာသာရဟန်း၏ ပဒေသရာဇ် စနစ် လက္ခဏာပင် ဖြစ်သည်။ ၄င်းသည် အစေခံများ၊ ကျွဲနွားများ၊ လယ်မြေများ၊ စပါးကျီများနှင့် သူတို့၏ နေထိုင်သူများ နေနိုင်ရန်အတွက် ရည်ရွယ်ထားသော ကျေးရွာများကို ပိုင်ဆိုင်ရန် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ အတွက် ပုံမှန်အနေအထား ဖြစ်လာခဲ့ပေသည်။ သက်သေပြစရာ အထောက်အထားတစ်ခုမှာ အရေးပါသော ဘုန်းကြီးကျောင်းများသည် သူတို့၏ ကိုယ်ပိုင် တံဆိပ်တုံးများနှင့် ဒင်္ဂါးများကို ထုတ်လုပ်လာကြခြင်းဖြင့် သြဇာတိက္ကမ ရှိလာကြတော့သည်။ (ဆက်ရန်.....) Though it cannot be denied that many corrupt practices had become widely prevalent in the Buddhist Samgha, it is highly improbable that they led to its decline. As a matter of fact corrupt practices in a religion seem to affect its well-being. Thus, it would be difficult to understand as to how the ownership of land, servants, granaries, and precious metals by monasteries could have caused the decline of Buddhism even if the Buddha had advocated otherwise. ဗုဒ္ဓဘာသာ ရဟန်းတော်များတွင် အကျင့်စာရိတ္တပျက်ပြားလာမှုများသည် များစွာ ဖြစ်လာသည်ကို ငြင်းဆို၍ မရနိုင်သော်လည်း ဤရဟန်းတော်များသည် ဗုဒ္ဓဘာသာ ဆုတ်ယုတ်လာဖို့ ဦးတည်လာသည်မှာ အကြီးအကျယ်တော့ ဖြစ်လာနိုင်ဖွယ် မရှိသေးပေ။ အမှန်တကယ်တော့ ဘာသာတရား တစ်ခုတွင် အကျင့်စာရိတ္တပျက်ပြားလာခြင်းသည် ဘာသာတရား၏ ကောင်းမွန်ခြင်းကို ထိခိုက်စေနိုင်သည်။ ထိုကြောင့် နားလည်ဖို့ ခက်ခဲနိုင်တာက လယ်မြေများ၊ အလုပ်သမားများ၊ စပါးကျီများနှင့် အဖိုးတန်သော ကျောက်မျက်များကို ဘုန်းကြီးကျောင်းများမှ ပိုင်ဆိုင်နိုင်ကြောင်း ဗုဒ္ဓက ခွင့်ပြုခဲ့လျှင်တောင်မှ ဗုဒ္ဓဘာသာ ကျဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ Moreover, laxity in discipline of religious life was not unique to Buddhism alone. It also existed in the other contemporary religious communities. Many religious trusts, temples, and shrines of today are not exactly paragons of good moral behavior. But they still continue to thrive. Besides, moral laxity may have corrupted the Buddhist Samgha at certain times and places. ထို့အပြင် ဘာသာတရား နယ်ပယ်၏ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုသည် ဗုဒ္ဓဘာသာ တစ်ခုတည်းတွင်သာ မဟုတ်ပေ။ အခြားသော ခတ်ပြိုင် ဘာသာရေးအဖွဲ့အစည်းများတွင်လည်း ရှိပေသည်။ များစွာသော ယနေ့ခေတ် ဘာသာရေး ယုံကြည်မှုများ၊ ဘုရားရှိခိုးကျောင်းများနှင့် ဘာသာရေး နေရာများသည် ကောင်းမွန်သော ကိုယ်ကျင့်သိက္ခာ၏ အတိအကျ စံနမူထားလောက်အောင် မဟုတ်ပေ။ သို့သော် သူတို့သည် ဆက်လက်၍ ရှင်သန် ရပ်တည်နေကြသေးသည်။ ထို့အပြင် ကိုယ်ကျင့်တရား ယိုယွင်းလာမှုသည် အချို့သော အချိန်နှင့် နေရာများတွင် ဗုဒ္ဓသံဃာ့ အဖွဲ့အစည်းကို ထိခိုက်စေလာလိမ့်မည်။ The Samgha had never turned into an institution in disgrace and there is no well-documented evidence to prove that Buddhism was abandoned by its followers just because it had become a corrupt religion. Moreover, if moral and ethical degeneracy were the cause of the decline of Buddhism, it would not have survived as long as it did because many of the examples of corrupt bhikkhus and bhikkhunis are from an early period. ရဟန်းများသည် အကြည်ညိုပျက်အောင် ဓလေ့တစ်ခုကို မပြောင်းပေ။ ဗုဒ္ဓဘာသာ ကိုးကွယ်သူများက ဗုဒ္ဓဘာသာကို စွန့်လွှတ်ကြောင်း သက်သေပြရန် ခိုင်လုံသော အထောက်အထား သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းသည် ပျက်စီးခဲ့သော ဘာသာရေး ဖြစ်ခဲ့ပြီးလေပြီ။ ထို့အပြင် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်များ ဆုတ်ယုတ်လာခြင်းသည် ဗုဒ္ဓဘာသာ ကျဆုံးခြင်းကို ဖြစ်စေခဲ့သည် ဆိုလျှင် အချိန်အတော်ကြာအောင်တော့ ဆက်လက် တည်ရှိနေနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ စာရိတ္တပျက်ပြားသော ဘိက္ခုနှင့် ဘိက္ခုနီများသည် အစောပိုင်း ကာလကတည်းကပင် ရှိပေသည်။ It has been claimed by G. Verardi and others that there is sufficient evidence to prove that the brahmanas mostly despised the Buddhists and their animosity, though not persistent and sustained broke out in a frenzy from time to time till Buddhism was overpowered and wiped out from the land of its origin. Verardi has even pointed out that religious tolerance was alien to pre-British India and he claims to have laid bare sufficient evidence of the destruction of monasteries by the brahmanas and the creation by them of special militias aimed at intimidating the Buddhist monks and the laity. G. Verardi နှင့် အခြားသော လူများက ပြောဆိုကြသည်မှာ ဗြဟ္မဏများသည် ဗုဒ္ဓဘာသာဝင်များကို မလိုမုန်းတီးမှုနှင့် စက်ဆုပ်ရွံရှာခြင်းအား သက်သေပြရန် ခိုင်လုံသော အထောက်အထားဖြစ်သည်။ မကြာခဏဆိုသလို ဗုဒ္ဓဘာသာကို တာရှည်မတည်တံ့နိုင်အောင် ပြုလုပ်ကြသည်။ ဗုဒ္ဓဘာသာကို လွှမ်းမိုးလာပြီး ဗုဒ္ဓဘာသာ၏ မူလနယ်မြေမှ ရှင်းထုတ်ပစ်လိုက်သည်။ Verardi က ထောက်ပြခဲ့တာကတော့ ဘာသာရေးဆိုင်ရာ သည်းခံမှုသည် အင်္ဂလိပ်မတိုင်မီ အိန္ဒိယနှင့် ဖီလာဆန့်ကျင် ဖြစ်ခဲ့သည်။ ဗြဟ္မဏများက ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်း၏ လုံလောက်သော သက်သေ အထောက်အထားများကို ပြောခဲ့သည်။ ကြီးမားသော လက်နက်ကိုင် အဖွဲ့များဖြင့် ဗုဒ္ဓရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ Attack on Angulimala by a frenzied mob, the murders of Moggallana and Aryadeva, anti-Buddhist crusades of Kumarila Bhatta and Samkara, and an attempt by brahmanas not only to burn the pavilion where Xuanzang was to be honoured by king Harsavardhana but also to kill pro-Buddhist Harsavardhana himself, are given as important instances in support of such a hypothesis. A bhikkhu in yellow robes was an ill omen. လူဆိုးများက Angulimala ကို တိုက်ခိုက်ခြင်း၊ Moggallana နှင့် Aryadeva တို့ကို သတ်ရန် ကျူးလွန်ခြင်း၊ kumarila Bhatta နှင့် Samkara ၏ ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး စစ်ပွဲများ ထိုနောက် ဘုရင် harsavardhana က Xuanzang ကို ဂုဏ်ပြုခဲ့သော နေရာကို မီးရှို့ခဲ့ရုံသာမက ဗုဒ္ဓဘာသာကို ထောက်ခံအားပေးခဲ့သော harsavardhana ကိုသတ်ရန် ဗြဟ္မဏများက ကြိုးစားခြင်း စသည်တို့သည် အရေးကြီးသော နမူနာများ အဖြစ် ဤအဆိုများကို ထောက်ခံလျှက် ဖော်ပြထားသည်။ အ၀ါရောင်သင်္ကန်းဖြင့် ဘိက္ခုကိုလည်း မကောင်းသောနိမိတ်အဖြစ် မှတ်ယူထားသည်။ There is no doubt that there were occasions when Buddhist monks were held in ridicule. But stray examples quoted in support of Brahmanical enmity and persecution certainly do not warrant that Brahmanical-Hinduism had turned itself on Buddhism lock, stock, and barrel. The wrangles between the followers of the Buddha and the followers of various sects of Brahmanical-Hinduism appear more like internal petty altercations within a religious system rather than frenzied communal riots. ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို နှိပ်ကွပ် ကန့်သတ်တဲ့ အခါကာလ ရှိခဲ့တယ် ဆိုတာ သံသယ ပွားနေစရာ မလိုပေ။ သို့သော် ဗြဟ္မဏများ၏ မလိုမုန်းတီးမှုနှင့် နှိပ်စက်မှုကို ထောက်ခံထားတဲ့ အချို့သော ဥပမာတွေကတော့ ခိုင်လုံမှု မရှိပေ။ ဗြဟ္မဏဟိန္ဒူများသည် သဗ္ဗရနံပေါင်း တစ်ခုမကျန်အောင်ပင် ဗုဒ္ဓဘာသာအပေါ် လှည့်လာတော့သည်။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူများနှင့် ဗြဟ္မဏဟိန္ဒူဂိုဏ်း အမျိုးမျိုးတို့၏ သက်ဝင်ယုံကြည်သူများ ကြားတွင် ငြင်းခုံမှုများသည် ရုတ်ရုတ်သဲသဲ အုပ်စုလိုက် အဓိကရုဏ်းများ ဖြစ်မည့်အစား ဘာသာရေး စနစ်တစ်ခုအတွင်းတွင် အတွင်းရေး အသေးအဖွဲ ငြင်းခုံမှုများကဲ့သို ဖြစ်ပေါ်လာသည်။ The Brahmanical hostility appears to have been altogether at a different level. The malevolence appears to have been directed primarily at the monastic movement and to some extent at the comparative opulence of the monasteries. Early Buddhist sources do not refer to any persecution nor do they betray any feelings of mutual animosity contiguous to a holy war. The Buddha made respectful reference to brahmanas who observed their vows. He was critical of only sham brahmanas, i.e., those brahmanas who claimed to be brahmanas merely on the basis of birth. In fact, he classed the worthy samanas with the brahmanas. ဗြဟ္မဏများ၏ ရန်လိုမှုသည် မတူညီတဲ့ အဆင့်တွေမှာ အတူတကွ ဖြစ်ပေါ်လာကြသည်။ ယုတ်မာဆိုးသွမ်းမှုသည် ဘုန်းကြီးကျောင်းများ အတက်အကျမှာ အဓိက ရည်ညွှန်းဖို့နှင့် ဘုန်းကြီးကျောင်များ၏ နှိုင်းယှဉ်လေ့လာမှု အများပြားမှာ အချို့သော အတိုင်းအတာကို ဖြစ်ပေါ်စေသည်။ အစောပိုင်း ဗုဒ္ဓဘာသာသာ အထောက်အထားများသည် မည်သည့် ဖိစီးနှိပ်စက်မှုမျိုးကိုမျှ မရည်ညွှန်းပါ။ ဘာသာရေး စစ်ပွဲတစ်ခုကို နီးစပ်နေသော အပြန်အလှန် မုန်းတီးမှု၏ မည်သည့်ခံယူချက်မျိုးကိုမျှ သူတို့သည် လုပ်ပြလိမ့်မည် မဟုတ်ပေ။ ဗုဒ္ဓသည် ဗြဟ္မဏများ၏ ခံယူချက်များကို လိုက်နာသော ဗြဟ္မဏများကို လေးလေးစားစား ပြောဆိုခြင်းကို ပြုလုပ်သည်။ သူသည် အယောင်အဆောင် ဗြဟ္မဏများကို ဆန်းစစ်ဝေဖန်သည်။ ဆိုလိုသည်မှာ မွေးဖွားရာ မျိုးရိုးဇာတ်ကို အခြေခံထားသော ဗြဟ္မဏများဖြစ်သည်ဟု အခိုင်အမာပြောဆိုသော ဗြဟ္မဏများကို ဆိုလိုသည်။ တကယ်တော့ သူသည် လေးစားထိုက်သော သမဏများကို ဗြဟ္မဏများနှင့် အဆင့်အတန်း ခွဲခြားခဲ့ပါသည်။ To the Brahmanical-Hindu followers Buddhism was a mere sect within their religious system and, from their point of view, the bickering between the two must be seen as an internal affair. The murder of Moggallana was an individual act of crime. Similarly, the assault on Angulimala had no religious motive behind it. Though some aspects of the philosophy of Buddhism, especially its atheism and their dress or shaven-heads, may have often been the subjects of bitter ridicule, it is not possible to find reliable evidence of any spirit of fanatical fury or hatred in the sources. ဗြဟ္မဏဟိန္ဒူများ အတွက်ကတော့ ဗုဒ္ဓဘာသာသည် သူတို့၏ ဘာသာရေး အဖွဲ့အစည်းတွင် ဂိုဏ်းတစ်ခု အနေမျှသာ ဖြစ်သည်။ သူတို့၏ အမြင်ကတော့ ဘာသာရေး နှစ်ခုကြားတွင် ငြင်းခုံခြင်းကို အတွင်းရေး အငြင်းအခုံတစ်ခု အဖြစ် မြင်ပေသည်။ အရှင်မဟာမောဂ္ဂလန်ကို လုပ်ကြံကြသော လူသတ်သမားများသည် ရာဇ၀တ်မှု၏ တစ်သီးတစ်ခြား အမှုဖြစ်သည်။ ထိုနည်းတူစွာပင် အင်္ဂုလိမာလ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည်လည်း နောက်ကွယ်တွင် ဘာသာရေး ရည်ရွယ်ချက် မရှိပေ။ ဗုဒ္ဓဘာသာ အတွေးအခေါ်၏ အချို့သော အယူအဆများ ရှိသော်လည်း အထူးသဖြင့် ၄င်း၏ ဖန်ဆင်းရှင် အယူဝါဒနှင့် သူတို့ရဲ့ အ၀တ်အစား သို့မဟုတ် ဦးခေါင်းဆံပင် ပယ်ခြင်းတို့သည် ခါးသည်းသော အကြောင်းအရာအဖြစ် မကြာခဏ ရှိကောင်းရှိနိုင်သည်။ ဒါဟာ အယူသီးသော ဒေါသ သို့မဟုတ် အကြောင်းအရာထဲက အမုန်းတရားတို့၏ စိတ်ဓာတ်ကို စိတ်ချရသော အထောက်အထားကို ရှာဖို့ မဖြစ်နိုင်ပေ။ Indian history does not bear out the fact of a continued and organized persecution as the state policy of any ruling dynasty so as to exterminate an established religion. On the other hand, even from purely epigraphical evidence one can make out numerous instances of tolerance of Buddhism by Brahmanical-Hindu rulers or of reverence to Brahmanical-Hindu deities by Buddhists. အိန္ဒိယ သမိုင်းကြောင်းသည် တည်ထောင်ထားသော ဘာသာရေး တစ်ခုကို မျိုးပြုန်းစေရန် အုပ်ချုပ်သူ ဘုရင်မင်းဆက်၏ မူဝါဒအဖြစ် ဆက်လက်၍ စီစဉ် နှိပ်ကွပ်မှုတစ်ခု၏ အချက်အလက်ကို မဖော်ပြပါ။ အခြားတစ်ဖက်မှာလည်း သေချာစွာ ကမ္ပည်းထိုးထားသော အထောက်အထားမှကြည့်လျှင် တစ်စုံတစ်ယောက်သည် ဗြဟ္မဏဟိန္ဒူ အုပ်ချုပ်သူများက ဗုဒ္ဓဘာသာ၏ သည်းခံခြင်း သို့မဟုတ် ဗုဒ္ဓဘာသာဝင်များက ဗြဟ္မဏဟိန္ဒူတို့၏ နတ်ဘုရားများကို လေးစားခြင်း တို့၏ များစွာသော ဥပမာများကို ဖြည့်သွင်းခြင်း ပြုလုပ်နိုင်သည်။ (ဆက်ရန်.....) A glimpse into the Gupta period may be illuminating as it is generally held as the Brāhmaṇical revival. Amrakārdava, a Buddhist general of many victories in the service of Candragupta II, in his grant to an Ārya-Saṃgha at Kākāṇḍabhoṭa of Sāñcī, pronounces the guilt of the slaughter of a cow or a Brāhmaṇa on anyone who would disturb it. This shows that the mental background of a Buddhist in the matter of taboos, inhibitions, and sins did not differ much from that of a Brāhmaṇical-Hindu. Harṣavardhana, who is sometimes criticized for following a policy of discrimination in favour of Buddhism, pays homage to Siva in his own book Ratnāvalī. ဂုပတ (Gupta) ခေတ်ကို လှမ်းမျှော်ကြည့်လျှင် ရှင်းရှင်းလင်းလင်း သိရှိနိုင်သည့် အကြောင်းသည် ဗြဟ္မဏများ ပြန်လည် အားကောင်းလာခြင်းပင် ဖြစ်သည်။ Candragupta II ၏ အမှုထမ်းလည်းဖြစ် တိုက်ပွဲများစွာကိုလည်း အောင်နိုင်သူ ဖြစ်သော ဗုဒ္ဓဘာသာ တွင် ဦးဆောင်ဦးရွက်ပြုသူ Amrakārdava သည် Sāñcī ဗုဒ္ဓ စေတီတော် ရှိသော Kākāṇḍabhoṭa တွင် Ārya-Saṃgha တစ်ပါးကို ဆည်းကပ်ကိုးကွယ်ရင်း နွားကို သတ်ဖြတ်သည့် အပြစ် ကို ကြေညာသည်။ ဤကဲ့သို့ ကြေညာလိုက်ခြင်းသည် ဘာသာရေးအရ ရှောင်ရန် တားမြစ်ထားခြင်းနှင့် မကောင်းမှု ဒုစရိုက် အကြာင်းတရား အပေါ်တွင် အခြေခံထားသော ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ အယူအဆ သည် ပင်လျှင် ဟိန္ဒူ ဗြဟ္မဏဘာသာ၏ အယူအဆနှင့် ကွဲပြားမှု သိပ်မရှိတော့ပေ။ ဗုဒ္ဓဘာသာကို ထောက်ခံလျှက် တစ်ခါတရံတွင် ခွဲခြားဆက်ဆံမှု ၀ါဒလမ်းစဉ်ကို ဝေဖန်တတ်သော Harṣavardhana သည် သူကိုယ်တိုင် ရေးထားသော Ratnāvalī စာအုပ်တွင် သျှီဝ (ဟိန္ဒူနတ်တစ်ပါး) ကို ကိုးကွယ်သည့် အကြောင်း ပါဝင်သည်။ Had the Buddha been hated by the Brāhmaṇical-Hindu society, the same society would not have accepted him as an incarnation of Viṣṇu. The Garuḍa Purāṇa invokes the Buddha as an incarnation of Viṣṇu for the protection of the world from sinners and not for deluding people to their ruin as in the Viṣṇu, Agni, and Matsya Purāṇa. The Varāha Purāṇa also does not refer to the Buddha in any deprecation sense, but he is adored simply as the god of beauty. It cannot be denied that some Purāṇas mention the Buddha as the grand seducer and the Yajñavalkya considers the sight of a monk with yellow robes as an execrable augury, but this kind of attitude was not always one-sided. ဗုဒ္ဓကို ဟိန္ဒူဗြဟ္မဏ အဖွဲ့အစည်းက မုန်းတီးကြသည်။ ထိုသို့သော အဖွဲ့အစည်းသည် Viṣṇu နတ်ဘုရား ၀င်စားသူ အဖြစ် ဗုဒ္ဓကို အသိအမှတ် မပြုပေ။ Garuḍa Purāṇa ဆိုသူသည် အပြစ်ရှိနေကြသော ကမ္ဘာလောကကို ကယ်တင်ရန်အတွက် Viṣṇu နတ်ဘုရား ၀င်စားသူ တစ်ဦး အဖြစ် ဗုဒ္ဓကို ရည်ညွှန်းပေသည်။ Viṣṇu, Agni နှင့် Matsya Purāṇa နတ်ဘုရား များကဲ့သို့ လူများ ပြုပြင်ပြောင်းလဲ ပျက်စီးမှုကို လှည့်စားမှု အတွက်တော့ မဟုတ်ချေ။ Varāha Purāṇa လည်းပဲ မည်သည့် အပြစ်ရှိသော အာရုံမှာမှ ဗုဒ္ဓကို ရည်ညွှန်းခြင်း မရှိပေ။ သို့သော် သူသည် အလှပတရား၏ နတ်ဘုရားအဖြစ် ရိုးရှင်းစွာဖြင့် ကြည်ညိုပေသည်။ ငြင်းဆို၍ မရနိုင်သည်မှာ အချို့သော Purāṇa များသည် အလွန်တော်သော ဖြားယောင်းသွေးဆောင်သူ အဖြစ် ဗုဒ္ဓကို ဖော်ပြကြသည်။ Yajñavalkya သည် အ၀ါရောင် သင်္ကန်းနှင့် ရဟန်း မြင်ကွင်းကို မနှစ်သက်ဖွယ် အတိတ်နိမိတ် တစ်ခုအဖြစ် စဉ်းစားယူဆကြသည်။ သို့သော် ထိုကဲ့သို့ စိတ်သဘောထားသည် အမြဲတမ်းတော့ တစ်ဖက်စောင်းနင်း မဖြစ်ခဲ့ပေ။ The Buddhists too tried to show different Brāhmaṇical deities in bad light. For instance, the Siddhas are expected to be served in heaven by Hari as gatekeeper. Each of the Hindu gods Brāhmā, Viṣṇu and Śiva is stigmatized as Māra or the seducer in Buddhist literature. But even in such cases it cannot be said with certainty that similes such as these smack of any sectarian disdain. In spite of some stray incidents resulting from the heat of sectarian rivalry here and there, there are no reliable examples of any crusades or holy wars. ဗုဒ္ဓဘာသာ ကိုးကွယ်သူများသည်လည်း ကွဲပြားခြားနားသော ဗြဟ္မဏများ၏ နတ်ဘုရားများကို အဆိုးမြင် သဘောဖြင့် ပြသဖို့ ကြိုးစားကြသည်။ ဥပမာအားဖြင့် Siddhas ကို ကောင်းကင်ဘုံတွင် တံခါးစောင့် အဖြစ် Hari က ခိုင်းစေထားကြောင်း မှတ်ထင်ထားကြသည်။ ဟိန္ဒူနတ်ဘုရားများ ဖြစ်ကြသော Brāhmā, Viṣṇu နှင့် Śiva တို့ တစ်ဦးစီကို ဗုဒ္ဓဘာသာ စာပေတွင် Māra သို့မဟုတ် ဖြားယောင်းသွေးဆောင် သူအဖြစ် ဆိုထားသည်။ သို့သော် ထိုအခြေအနေမျိုးမှာတောင် အသေအချာ မပြောနိုင်တာကတော့ မည်သည့် ဂိုဏ်းဂဏ ဆိုင်ရာ အထင်သေး ပြောဆိုမှုများ ကိုတော့ မပြောဆိုနိုင်ပေ။ နေရာအနှံ့အပြားတွင် ဂိုဏ်းဂဏစွဲ ပြိုင်ဆိုမှု ပြဿနာမှ ရရှိလာသော မလိုလား အပ်သည့် တချို့ အကျိုးဆက်များ ရှိသော်လည်း ဘာသာရေး စစ်ပွဲများ ဖြစ်ရန် ယုံကြည်ရလောက်သော အထောက်အထားများ မရှိပေ။ Buddhism had neither been conceived by the Buddha as a proselytizing religion nor had it attained any such success in India that it might have posed any danger to the very survival of Brāhmaṇical-Hinduism. On the whole, it is not easy to find any example of Brāhmaṇical hostility towards Buddhist lay supporters. The missionary zeal of Aśoka too had no semblance of bitterness. The Buddhist challenge to thought was answered primarily on an intellectual plane and the buck seems to have stopped there. မိမိ အယူဝါဒကို လက်ခံရန် အတင်းသိမ်းသွင်းသော ဘာသာရေးအဖြစ် ဗုဒ္ဓဘုရားက ဗုဒ္ဓဘာသာကို အခြေတည် ပေးခဲ့သည် မဟုတ်။ အိန္ဒိယတွင် ထိုကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် ဗုဒ္ဓဘာသာကို အောင်မြင်အောင် ကြိုးပမ်းခဲ့သည်လည်း မဟုတ်ပေ။ ဟိန္ဒူဗြဟ္မဏ ၀ါဒ၏ မည်သည့် ဘေးအန္တရယ်ကို မဆို ဖြစ်စေကောင်းတော့ ဖြစ်စေနိုင်ခဲ့သည်။ ခြုံ၍ကြည့်လျှင် ဗုဒ္ဓဘာသာဝင် ဥပါသကာများအား ဗြဟ္မဏများမှ မလိုမုန်းထားမှုများကို တွေ့နိုင်သည့် ဥပမာတော့ ရှာတွေ့ဖို့ သိပ်တော့ မလွယ်ကူလှပေ။ စဉ်းစားရမှာကတော့ ဗုဒ္ဓဘာသာတို့၏ စွမ်းရည် အကဲစမ်းမှုကို အဓိကအားဖြင့် ဉာဏ်သုံးရသော အဆင့်ပေါ်တွင် အဖြေထွက်ခဲ့ပြီး လက်ဆင့်ကမ်း လွှဲလာသော တာဝန်ကို အပြတ်ရှင်းကောင်း ရှင်းရနိုင်သည်။ Some scholars like D.P.Chattopadhyaya have proposed that the decline of Buddhism in India took place because of the withdrawal of patronage and systematic policies of persecution by Brāhmaṇical kings such as Puṣyamitra Śuṅga and Śaśāṅka. It has been pointed out, for instance, that after the end of the Mauryan rule, Buddhism lost not only the royal patronage that it had enjoyed under kings such as Aśoka, but as a result of the persecution by Puṣyamitra Śuṅga (cira 184-48 BCE) it also lost most of what it had gained earlier. D.P.Chattopadhyaya ကဲ့သို့ အချို့သော ပညာရှင်များ အဆိုပြုကြသည်မှာ အိန္ဒိယတွင် ဗုဒ္ဓဘာသာ ကျဆုံးရခြင်းသည် Puṣyamitra Śuṅga နှင့် Śaśāṅka တို့ကဲ့သို့ ဗြဟ္မဏ ဘုရင်များမှ အားပေးအားမြောက်မှု မရှိခြင်းနှင့် ထိုဘုရင် တို့၏ စနစ်ကျကျ နှိပ်စက် ဖျက်ဆီးခြင်း မူဝါဒ တို့ကြောင့်ပင် ဖြစ်ပေသည်။ ဥပမာအားဖြင့် ထိုအရာကို ပြောနိုင်သော အချက်မှာ Mauryan မင်းဆက် အုပ်စိုးမှု ကျဆင်းသွားပြီးနောက် ဗုဒ္ဓဘာသာသည် အသောက ဘုရင်ကဲ့သို့ အားပေးသော ဘုရင်များ မရှိတော့သည် သာမက ဟိန္ဒူဘုရင် Puṣyamitra Śuṅga (cira 184-48 BCE) ၏ ဖျက်ဆီးမှု ရလဒ်သည်လည်းပဲ ဗုဒ္ဓဘာသာကို စောစီးစွာ ပျောက်ကွယ် စေခဲ့လေသည်။ According to the Divyāvadāna and the Tibetan historian Tāranātha, Buddhism became extinct in the north as a result of the campaigns of Puṣyamitra during the course of which he is reported to have burnt down numerous Buddhist monasteries and killed a number of learned monks. His declaration to award anybody with one hundred dinaras who would bring him the head of a Śramaṇa is particularly quoted by some as an example of the hatred in which he held Buddhism. Divyāvadāna နှင့် တိဗက်လူမျိုး သမိုင်းပညာရှင် Tāranātha တို့အရ ဗုဒ္ဓဘာသာသည် ဟိန္ဒူဘုရင် Puṣyamitra ၏ လှို့ဆော်တိုက်ဖျက်မှု ရလဒ် တစ်ခု အဖြစ် အိန္ဒိယ မြောက်ပိုင်းသို့ ရွေ့ရှားလာခဲ့သည်။ ထိုဘုရင် သက်တမ်းအတွင်း ဗုဒ္ဓ ဘုန်းတော်ကြီးကျောင်း အမြောက်အများနှင့် စာသင်သား သံဃာများစွာတို့ကို မီးလောင်တိုက် သွင်းပြီး ပြာဖြစ်အောင် ပြုလုပ်ခဲ့သည်။ ရဟန်းတစ်ပါး၏ ဦးခေါင်းကို သူ့ဆီသို့ ယူလာနိုင်သူ မည်သူကို မဆို ဆုငွေ dinaras တစ်ရာ ပေးမည်ဟု ကြေညာထားခြင်းသည် ပင်လျှင် ဗုဒ္ဓဘာသာကို မလိုမုန်းထား ရှိသည် ဆိုသည့် ဥပမာ တစ်ခု အဖြစ် အထူးသဖြင့် အကိုးအကား ပြုနိုင်သည်။ Another king, a Śaśāṅka (seventh century CE), the king of Gauḍa, is viewed in Buddhist literature as possibly the worst persecutor and enemy of Buddhism who apparently spared no efforts to snuff life out of Buddhism. In the words of Xuanzang, Śaśāṅka -rājā having destroyed the religion of the Buddha, the members of the priesthood were dispersed, and for many years driven away. အခြားဘုရင် ဖြစ်သော Gauḍa ဘုရင် Śaśāṅka (၁၇ ရာစု) ကို ဗုဒ္ဓဘာသာဝင်တို့ကို အဆိုးဆုံး ညှင်းပန်းနှိပ်စက် သတ်ဖြတ်သူနှင့် ရန်သူ အဖြစ် ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်။ ထိုဘုရင်သည် သမိုင်းမှတ်တမ်း အရ ဗုဒ္ဓဘာသာကို အပြီးသတ် ချေမှုန်း သုတ်သင်ခဲ့သည်။ Xuanzang ၏ မှတ်တမ်းအရ ဟိန္ဒူဘုရင် Śaśāṅka -rājā သည် ဗုဒ္ဓ ထူထောင်ခဲ့သော ၀ါဒကို ဖျက်ဆီး ပစ်ခဲ့သည်။ သံဃာများလည်း နေရာဒေသ အသီးသီးသို့ နှစ်ပေါင်းများစွာ ကြာအောင် ထွက်ပြေး တိမ်းရှောင် ခဲ့ရတော့သည်။ Many Indologists have expressed scepticism about the veracity of the Buddhist legends relating to the persecution of Buddhism by Puṣyamitra Śuṅga. It has been suggested that though Śuṅga, particularly Puṣyamitra Śuṅga, may have been staunch adherents of orthodox Brāhmaṇism, they do not appear to have been as intolerant as some Buddhist texts have shown them to be. The testimony of the Divyāvadāna appears doubtful not only because it is chronologically far removed from the Śuṅgas but also because at that time dinara coins were not prevalent. မျာစွာသော အိန္ဒိယ ပညာရှင်များသည် ဟိန္ဒူဘုရင် Puṣyamitra Śuṅga မှ ဗုဒ္ဓဘာသာကို ဖိနှိပ်မှုနှင့် ဆက်နွယ်သော အကြောင်းအရာ အမှန်အကန်နှင့် ပတ်သက်၍ သံသယ ပွားမှုကို ဖော်ပြကြသည်။ အကြံပြုထားသည်မှာ အထူးသဖြင့် Puṣyamitra Śuṅga အပါအ၀င် Śuṅga မင်းဆက် သည် ရှေးရိုး ဗြဟ္မဏ၀ါဒကို လက်ကိုင်ထားသူများ ဖြစ်သည်ဟု ခိုင်အမာ ယုံကြည်ထားသော်လည်း အချို့သော ဗုဒ္ဓစာပေများတွင် ဖော်ပြ ထားသလောက်တော့ သဘောထား သေးသိမ်သည်ဟု မဆိုနိုင်ပေ။ Divyāvadāna ၏ မှတ်တမ်းတွင် Śuṅgas မင်းဆက်မှ နှစ်ကာလ အစဉ်အတိုင်း ကြည့်လျှင် အလှမ်းကွာဟ သောကြောင့် မဟုတ် ထိုအချိန်က dinara အကြွေစေ့များသည် တွင်တွင်ကျယ်ကျယ် အသုံး မပြုသေးသောကြောင့် ဖြစ်သည်။ There is no evidence to show that any of the Mauryan kings discriminated against Brahmanism. Aśoka, the most popular Mauryan king, did not appear to have any vulgar ambition of exalting his own religion “by showing up the false gods” who had been hitherto worshipped in Jambudvīpa. Thus, the theory of a Brāhmaṇical reaction under Puṣyamitra loses much of its raison d’etre. The policy of Puṣyamitra Śuṅga appears to have been tolerant enough for the simple reason that if he were against the Buddhists, he would have dismissed his Buddhist ministers. Besides, there is overwhelming evidence to show that Buddhism actually prospered during the reign of the Śuṅga. Mauryan မင်းဆက်များသည် ဗြဟ္မဏ၀ါဒကို ခွဲခြားဆက်ဆံခဲ့သည် ဆိုသည်မှာ ပြသရန် သက်သေ အထောက်အထားတော့ မရှိပေ။ Mauryan မင်းဆက်တွင် အကြော်ကြားဆုံး ဖြစ်သော အသောက ဘုရင်သည် ဇမ္ဗူဒီပတွင် ဤအချိန်အထိ ကိုးကွယ်နေကြသော ဖန်ဆင်းရှင် ဘုရားများကို မဟုတ်မမှန် ဆိုသည့် အခံရခက်သော အပြောမျိုးကို ပြောဆိုခြင်းဖြင့် သူကိုးကွယ်သော ဘာသာကို ကောင်းချီုးဖွင့် ပြောကြားသည့် ရည်ရွယ်ချက်မျိုးတော့ မတွေ့ရပေ။ ထိုကြောင့် Puṣyamitra ဟိန္ဒူမင်းဆက် အုပ်စိုးချိန် ဗြဟ္မဏများ၏ တုံ့ပြန်သည့် အယူအဆသည် သာမာန် အကြောင်းပြချက် လောက်တော့ လုံလောက်နိုင်ပေသည်။ အကယ်၍သာ ထိုဘုရင်သည် ဗုဒ္ဓဘာသာကို ဆန့်ကျင်နှိပ်ကွပ်လျှင် သူ၏ နန်းတော်တွင် ရှိသော ဗုဒ္ဓဘာသာဝင် ၀န်ကြီးအဖွဲ့များကိုပါ ရာထူးမှ ထုတ်ပယ်ခဲ့လိမ့်မည်။ ထို့အပြင် ထူးထူးခြားခြား သက်သေ ပြစရာကတော့ ဗုဒ္ဓဘာသာသည် အမှန်တကယ်တော့ ဟိန္ဒူဘုရင် Śuṅga အုပ်စိုးစဉ် တွင် သာသနာ ထွန်းလင်းခဲ့သည်။ On the whole, it cannot be overlooked that the well-known Buddhist monuments of Sāñcī and Bhārhut came into existence during the Śuṅga period. Further, the Sri Lanka chronicle, the Mahāvaṃsa admits the existence of numerous monasteries in Bihar, Avadha, Malwa, and surrounding areas during the time of Duṭṭhagāmaṇī (circa 101-77 BEC) which is synchronous with the later Śuṅga period. အားလုံးကို ခြုံ၍ ကြည့်လျှင် Sāñcī ဗုဒ္ဓစေတီတော်နှင့် Bhārhut ဗုဒ္ဓဘာသာ နေရာများ၏ လူသိများ ကြော်ကြားသော စေတီ၊ အဆောက်အဦများ သည် Śuṅga မင်းဆက်ခေတ်တွင် ရှိလာကြသည် ဆိုသည်မှာ သတိမူသင့်သည်။ ဆက်လက်၍ သီရိလင်္ကာ သမိုင်းမှတ်တမ်း ဖြစ်သော Mahavamsa သည် Duṭṭhagāmaṇī (circa 001-77 BCE) လက်ထက်တွင် Bihar, Avadha, Malwaနှင့် ပတ်ဝန်းကျင် ဒေသများတွင် များစွာသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ တည်ရှိခဲ့သည် ဟု ဆိုသည်။ ၄င်းအဖြစ်အပျက်သည် Śuṅga ဘုရင်ခေတ် နောက်ပိုင်းတွင် တစ်ပြိုင်တည်း ဖြစ်ပေသည်။ (ဆက်ရန်.....) It may not be possible to deny the fact that Puṣyamitra showed no favour to the Buddhists, but it is not certain that he persecuted them. The only thing that can be said with certainty on the basis of the stories told in the Buddhist texts about Puṣyamitra is that he might have withdrawn royal patronage from the Buddhist institutions. This change of circumstance under his reign might have led to discontent among the Buddhists. It seems that as a consequence of this shifting of patronage from Buddhism to Brahmanism, the Buddhists became politically active against him and sided with his enemies, the Indo-Greeks. This might have incited him to put them down with a heavy hand. Puṣyamitra ဟိန္ဒူ ဘုရင်မင်းဆက် သည် ဗုဒ္ဓဘာသာဝင်များကို အားပေးထောက်ခံမှုကို မပြသ ဟု ဆိုသော အချက်ကို ငြင်းဆိုဖို့ရာ မဖြစ်နိုင်ပါ။ သို့သော် ထိုဘုရင်မင်းဆက်သည် ဗုဒ္ဓဘာသာဝင်များကို ညှင်းပန်းနှိပ်စက်သည် ဆိုသည်မှာ မသေချာပေ။ Puṣyamitra ဟိန္ဒူမင်းဆက်နှင့် ပတ်သက်၍ ဗုဒ္ဓစာပေများတွင် ဖော်ပြထားသော အခြေခံ အကြောင်းအရာများပေါ် မူတည်၍ သေချာပေါက် ပြောနိုင်တာကတော့ ဗုဒ္ဓဘာသာ အဖွဲ့အစည်းမှ အုပ်ချုပ်သူ လူတန်းစား ပုဂ္ဂိုလ်များကို တာဝန်မှ ရပ်စဲခြင်း ပြုနိုင်ခဲ့သည်။ ထိုမင်းဆက် အုပ်ချုပ်မှု အောက်တွင် ဖြစ်ခဲ့သော အပြောင်းအလဲများသည် ဗုဒ္ဓဘာသာဝင်များ အကြား မကျေနပ်မှုများကို ဖြစ်ကောင်း ဖြစ်နိုင်ခဲ့သည်။ ဗုဒ္ဓဘာသာမှ ဟိန္ဒူဘာသာသို့ ပြောင်းလဲသွားစေသော အကျိုးဆက်များအဖြစ် ဗုဒ္ဓဘာသာဝင်များသည် ထိုဘုရင် မင်းဆက်ကို နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်လာခဲ့ပြီး ဘုရင်၏ ရန်သူများ ဖြစ်သော အင်ဒိုဂရိများ ဘက်ခြမ်းသို့ ပါဝင်သွားခဲ့သည်။ ထိုအရာသည် ဟိန္ဒူဘုရင် အတွက် ဗုဒ္ဓဘာသာဝင်များကို ပြင်းထန်သော ဖိအားဖြင့် နှိပ်ကွပ်ဖို့ရာ လှို့ဆော်ပေးလိုက်နိုင်သည်။ Moreover, in some localities of Puṣyamitra Śuṅga’s kingdom, monasteries might have been pillaged in which the complicity of the local governors cannot be ruled out. K.P.Jayaswal has referred to another interesting aspect of the declaration of Puṣyamitra The fact that such a fervid declaration was made not only at a place which was far removed from the centre of the Śuṅga regime but also in the capital city of his arch-enemies, points to reasons motivated by political considerations. ထို့အပြင် Puṣyamitra Śuṅga ဟိန္ဒူဘုရင်သည် တိုင်းပြည်၏ အချို့သော နေရာ ဒေသများတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထိုအချိန်တွင် ဒေသ အုပ်ချုပ်ရေးမှုးများ၏ ပူးပေါင်းကြံစည်မှုကို ထည့်တွက်၍ မရနိုင်ပေ။ K.P. Jayaswal သည် Puṣyamitra ဘုရင်မင်းဆက်၏ အခြား စိတ်ဝင်စားစရာ ကောင်းသော ကြေငြာ ပြောဆိုချက် အခြေအနေများကို ရည်ညွှန်း ပြောဆိုခဲ့သည်။ ထိုကဲ့သို့ ပြင်းထန်သော ပြောဆိုချက် အကြောင်းအရာကို Śuṅga အုပ်ချုပ်ရေးစနစ်၏ အဓိကနေရာမှ အဝေးနေရာများသာ မကဘဲ အဓိက ဦးတည်ထားသော ရန်သူများ၏ မြို့ကြီးတွင် လည်းပဲ ပြုလုပ်ခဲ့သည်။ ထိုအကြောင်းအရာကို နိုင်ငံရေးအရ စဉ်းစားသုံးသပ်ခြင်းဖြင့် အရင်းခံ အကြောင်းပြချက်များကို ထောက်ပြပေသည်။ Thus, it would be fair to say that wherever the Buddhists did not or could not ally themselves with the invading Indo-Greeks, Puṣyamitra did not beleaguer them. In any case, after the end of the Śuṅga dynasty, Buddhism found congenial environment under the Kuṣāṇas and Śakas and it may be reasonable to assume that Buddhism did not suffer any real setback during the Śuṅga reign even if one could see some neglect or selective persecution of Buddhists. ထိုကြောင့် မျှတအောင် ပြောဆိုင်နိုင်တာက ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယသို့ ကျူးကျော် ၀င်ရောက်လာသော အင်ဒိုဂရိများနှင့် မဟာမိတ်ဖွဲ့သည် မဖွဲ့သည် ဖြစ်ပါစေ Puṣyamitra မင်းဆက်သည် ထိုသူတို့ ၀န်းရံခံရခဲ့သည် မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ Śuṅga ဟိန္ဒူမင်းဆက် ပြီးနောက်တွင် ဗုဒ္ဓဘာသာသည် Kuṣāṇas နှင့် Śakas တို့လက်ထက်တွင် သဟဇာတ ဖြစ်သော ပတ်ဝန်းကျင်ကို တွေ့ခဲ့ရသည်။ ထိုအရာသည် ယူဆဖို့ရန် ယုတ္တိ ရှိကောင်း ရှိနိုင်သည်။ အကယ်၍ တစ်စုံ တစ်ဦးသည် အချို့သော လျစ်လျူရှုမှု ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင်များကိုသာ သီးသန့် ညှင်းပန်းနှိပ်စက်မှုကို မြင်တွေ့ခဲ့လျှင် တောင်မှ ဗုဒ္ဓဘာသာသည် Śuṅga မင်းဆက် အုပ်စိုးစဉ်အတွင်း ဆုတ်ဆိုင်းမှု တစ်စုံတရာ မခံစားခဲ့ရပါ။ In the case of Śasāṅka, it has been pointed out that to consider him a persecutor of Buddhism would amount to simplistic understanding of history. A certain measure of proneness to exaggeration may be natural in Xuanzang. The stories cannot really be given credence without any independent testimony. The reason for this, as pointed out by R.C. Mitra, is that they rest upon “the sole evidence of Buddhist writers who cannot, by any means, be regarded as unbiased or unprejudiced. Śasāṅka ဘုရင်ခေတ်တွင် ထိုဘုရင်သည် ဗုဒ္ဓဘာသာဝင်များကို နှိပ်စက် ညှင်းပန်းသူ အဖြစ် ယူဆရန်မှာ သမိုင်းကြောင်းကို နားလည်လွယ်နိုင်သည့် သဘောကို သက်ရောက်လိမ့်မည်။ ချဲ့ကား ပြောဖို့ စဉ်းစားနိုင်တာကတော့ Xuanzang ၏ အဆိုအရ သဘာဝ ကျနိုင်ပေသည်။ သမိုင်းကြောင်း ကို လွတ်လပ်သော သက်သေ အထောက်အထား မရှိဘဲနှင့် မှန်ကန်ကြောင်း မပြနိုင်ပေ။ R.C. Mitra ထောက်ပြသကဲ့သို့ ထိုအရာအတွက် အကြောင်းပြချက်သည် “ဘက်လိုက်မှု၊ အဂတိတရား လိုက်မှု လုံးဝ မရှိသော စာရေးဆရာ၏ တစ်ခုတည်းသော အထောက်အထား” ကို အခြေပြုထားသည်။ Besides, Xuanzang’s own observation that in Karṇasuvarṇa, the capital city of Śasāṅka, there were ten Buddhist monasteries with over 2000 monks, contradicts the fact that he was a bigot and persecutor of Buddhism. In all probability, his ill-feeling towards Buddhism arose out of the fact that the Buddhists of some places, especially Magadha, who enjoyed considerable political clout, may have helped Harṣavardhana against him. As a consequence of this, he may have felt the need to punish them in such an oppressive manner. Thus, as pointed out by B.P. Sinha, the expulsion of the pro-Buddhist Maukharis from Magadha by the Brahmanical Gauḍas seems to have made Śasāṅka unpopular with the powerful Buddhists of Magadha, and “the uprooting of the Bodhi Tree may have been an economic move against the Buddhist hierarchy of Magadha,” as the Bodhi Tree was by now attracting hugely lucrative presents from all over the Buddhist world. ထို့အပြင် Xuanzang ၏ ကိုယ်ပိုင် ထင်မြင် လေ့လာချက်သည် Śasāṅka ဘုရင်၏ မြို့တော် ဖြစ်သော Karṇasuvarṇa တွင် သံဃာ ၂,၀၀၀ ကျော် သီတင်းသုံးနေသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ဆယ် ရှိခဲ့သည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ထိုဘုရင်သည် တစ်ယူသန်ပြီး ဗုဒ္ဓဘာသာကို ညှင်းပန်းနှိပ်စက်သူ တစ်ယောက် ဖြစ်သည် ဆိုသည်မှာ ဆန့်ကျင်နေသည်။ သေချာသလောက် ဖြစ်သည်မှာ ဗုဒ္ဓဘာသာကို သူ၏ မလိုမုန်းထားမှုသည် နိုင်ငံရေး အာဏာကြီးစိုးခဲ့သော သူများ ရှိရာ အထူးသဖြင့် မာဂဓတိုင်း ကဲ့သို့ နေရာများတွင် ရှိကြသော ဗုဒ္ဓဘာသာဝင်များကို Harṣavardhana က ကူညီခဲ့ခြင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်ခဲ့သည်။ ထို အကျိုးဆက် အနေဖြင့် Śasāṅka ဘုရင်သည် ယင်းသို့ ဖိနှိပ်ချုပ်ချယ်သော အပြုအမူကို ပြုလုပ်လာခဲ့တော့သည်။ ထိုကြောင့် B.P. Sinha ထောက်ပြသကဲ့သို့ ဗြဟ္မဏမင်းဆက် Gauḍas သည် မာဂဓတိုင်းမှ ဗုဒ္ဓဘာသာကို ထောက်ခံကြသော Maukharis များကို နှင်ထုတ်ခြင်းသည် မာဂဓတိုင်း၏ အင်အားသာနေသော ဗုဒ္ဓဘာသာဝင်များနှင့် အဆင်မပြေ ဖြစ်အောင် Śasāṅka ဘုရင်ကို ဖြစ်စေခဲ့သည်။ ယခုခေတ်တွင် ဗောဓိ ညောင်ပင်ကို ဗုဒ္ဓဘာသာ ကမ္ဘာတစ်ဝှမ်းလုံးမှ လွန်စွာ ဆွဲဆောင်မှုရှိသော အထူးအမြတ်အဖြစ် သတ်မှတ်ထားသကဲ့သို့ ဖြစ်သော ဗောဓိညောင်ပင်ကို ခုတ်လှဲကြခြင်းသည် မာဂဓ တိုင်း၏ ဗုဒ္ဓဘာသာ ဂုဏ်ရှိန်ကို ဆန့်ကျင်ပြီး အကျိုးအမြတ် ရှိသော လုပ်ဆောင်မှု ဖြစ်ကောင်း ဖြစ်နိုင်သည်။ But a foreign religious scholar such as Xuanzang viewing, consciously or unconsciously, the actions of Śasāṅka as religious fanaticism is understandable. As Śasāṅka’s acts of persecution were all committed outside his own kingdom, it may be argued that his object was not so much to extirpate Buddhism as to make a political statement before his won Buddhist subjects. Still, making allowance for Xuanzang’s natural bias against Śasāṅka, the whole episode can hardly be dismissed as mere malicious agitprop. However, at the same time, it cannot be denied that whatever might have been the motive and the measure of his persecution, its effect was not disastrous for Buddhism whether inside his kingdom or outside it. သို့သော် Xuanzang ထင်မြင် ယူဆသည့်အတိုင်း ဘာသာရေး လေ့လာသော ပညာရှင်တစ်ဦးသည် သတိရှိရှိ သို့မဟုတ် သတိလက်လွတ်ဖြင့် ဘုရင် Śasāṅka ၏ လုပ်ဆောင်ချက်မှုများသည် ဘာသာရေး အယူသီးမှု အဖြစ် သဘောပေါက်နိုင်သည်။ ဘုရင် Śasāṅka ၏ ညှင်းပန်းနှိပ်စက်မှု လုပ်ရပ်သည် သူ၏ တိုင်းပြည် အပြင်ဘက် အားလုံးတွင် ကျူးလွန်ခဲ့ သဖြင့် သူ၏ ရည်မှန်းချက်သည် ဗုဒ္ဓဘာသာကို မအောင်နိုင်မီ နိုင်ငံရေး အခြေအနေနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာကို ဖယ်ရှားသုတ်သင်ခဲ့သည် မဟုတ်ဟု စောဒက တက်နိုင်သည်။ Śasāṅka ဘုရင်ကို ဆန့်ကျင်သော Xuanzang ၏ သဘာဝ ဘက်လိုက်မှု အတွက် ခွင့်ပြုခြင်းသည် ဖြစ်ရပ် တစ်ခုလုံးကို အငြိုးထားသော နိုင်ငံရေး လုပ်ငန်းစဉ် အဖြစ်လောက်သာ အရေးမထားဖို့ရန် ခက်ခဲနိုင်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ငြင်းဆိုလို့ မရနိုင်တာကတော့ ရည်ရွက်ချက်နှင့် သော်လည်းကောင်း၊ သူ၏ ညှင်းပန်း နှိပ်စက်မှုများသည် ဘာပဲ ဖြစ်ဖြစ် ၄င်း၏ အကျိုးသက်ရောက်မှုသည် သူ၏ တိုင်းပြည် အတွင်း သို့မဟုတ် အပြင်ဘက်တွင် ဖြစ်နေစေကာမူ ဗုဒ္ဓဘာသာ အတွက် အဆိုးအ၀ါး မဟုတ်ခဲ့ပါ။ There being no concept of a ‘state religion’ in India, it would be difficult to assign any perceptible damage occurring to any religion as a consequence of withdrawal of patronage by the rulers. It does not appear that in any period of the history of ancient India, the Saṃgha throve anywhere merely on royal patronage or declined just because such patronage was withdrawn. Most of the Buddhist monasteries had not only humble origins but were also built in stages. They were mostly built by wealthy lay supporters. The fact that Jainism survived under similar conditions and at a time when Buddhism was declining, withdrawal of royal patronage could have resulted in the decline of Buddhism. အိန္ဒိယတွင် နိုင်ငံတော် ဘာသာတစ်ခု၏ အယူအဆ မရှိခြင်းသည် အုပ်ချုပ်သူများမှ အားပေးမှုကို နည်းပါးခြင်း အကျိုးဆက် တစ်ခုအဖြစ် မည်သည့် ဘာသာပင် ဖြစ်ဖြစ် ထင်ရှားသည့် ထိခိုက်မှုမျိုးကို မဆို သတ်မှတ်ဖို့ ခက်ခဲလိမ့်မည်။ ရှေးခေတ် အိန္ဒိယ သမိုင်းကြောင်း ကာလတွင် သံဃာ့ အဖွဲ့အစည်းသည် ဘုရင်များ၏ အကူအညီဖြင့် ရှင်သန်ခဲ့သည် သို့မဟုတ် ဘုရင်များ အားပေးမှု မရှိခြင်းကြောင့်လည်း ကျဆုံးနိုင်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အများစုသည် မူလကိုက ထောင်လွှားမှုမရှိသည် သာမက ဆင့်ကဲဆင့်ကဲ တာဝန်လည်း ယူကြသည်။ သူတို့ကို ကြွယ်ဝ ချမ်းသာသော ဒကာ၊ ဒကာမများက လှူဒါန်းထောက်ပံ့ကြသည်။ တူညီသော အခြေအနေနှင့် ဗုဒ္ဓဘာသာ ကျဆုံးနေသော အချိန် တစ်ချိန်တည်းတွင် ဂျိန်း ဘာသာလည်း ရှင်သန်ခဲ့သည်။ ဘုရင်၏ အားပေး ထောက်ခံမှုများ မရှိတော့ခြင်းသည် ဗုဒ္ဓဘာသာကို ကျဆုံးစေသော ရလဒ်ကို ဖြစ်စေနိုင်ခဲ့တော့သည်။ (ဆက်ရန် ---) အရှင်ဉာဏဒီပ (ဓမ္မရတနာ)
Posted on: Tue, 06 Aug 2013 01:14:37 +0000

Trending Topics



Recently Viewed Topics




© 2015