"အဲ့ဒီကိစ္စနဲ့ - TopicsExpress



          

"အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ KIOကလည်း အောက်ခြေ ရှိတဲ့ တပ်သားတွေကို စုံစမ်း စစ်ဆေးပြီးပြီ။ အဲ့ဒီကိစ္စမှာ အခု အစိုးရဘက်က ပြောသလိုမျိုးနဲ့ Facebook တွေမှာ တင်နေ သလိုမျိုး မဟုတ်ဘူးလို့ ကျွန်တော်တို့ ရှေ့တန်းဘက်က Report တက်လာတယ်။ ဒီသတင်းက အစိုးရကရော ဒီသတင်း အထောက်အထား ခိုက်ခိုင်လုံလုံနဲ့ Facebook တင်ထား သလိုမျိုး ခေါင်းဖြတ်ပြီး အဲ့ဒီခေါင်းကို ဗိုက်ထဲပါ ထည့်ထားတယ် ဆိုတဲ့ ဟာမျိုးတွေက တစ်ကယ်ရော ဟုတ်ရဲ့လား ဆိုတဲဟာက အစိုးရကို ထပ်ပြီး မေးရဦးမယ်။ သက်သေ မရှိဘဲ လုပ်လည်း မလုပ်သင့်ဘူး" (KIO Technical Team မှ ပြောရေးဆိုခွင့် ရှိသူ ဦးဒေါင်ခါး) Ref: The Myanmar Post တပ်မတော်မှ အရာရှိငယ် တစ်ဦးကို KIAမှ ရက်ရက်စက်စက် ခေါင်းဖြတ် သတ်တယ်လို့ တပ်မတော်က ကြေညာချက် ထုတ်တယ်။ KIO ခေါင်းဆောင်တွေက မဟုတ်ဘူးလို့ ငြင်းတယ်။ လေ့လာ မိသလောက် နှစ်ဘက် ခေါင်းဆောင်တွေ အနေနဲ့ အဖြစ်မှန်ကို အသေအချာ မသိကြပါဘူး။ သူတို့လူမျိုးတွေ အတွက် လက်စားချေတဲ့ အနေနဲ့ KIAကပဲ ခေါင်းဖြတ် သတ်လိုက် တာလား ဒါမှမဟုတ် KIAကို အမြစ်ဖြတ် တိုက်ချင်လို့ စစ်တပ်ကပဲ ဝါဒ ဖြန့်တာလား ဆိုတာ ဘယ်သူမှ မသိနိုင် ကြသေးပါဘူး။ ကျွန်တော့ အနေနဲ့ကတော့ သမိုင်းကြောင်း အရ စစ်တပ်ကို မယုံကြည် သော်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မျှော်လင့်သည့် အတွက် သော်လည်းကောင်းl တပ်မတော်ရဲ့ ကြေညာချက်ကို လေးစားသည့် အနေနဲ့ သော်လည်းကောင်းl စစ်သွေးကြွများ လှုံ့ဆော်သည့် အတိုင်း ၄၈နာရီအတွင်း KIAကို မတိုက်ခဲ့သည့် တပ်မတော်ကို ဂုဏ်ပြုသော အားဖြင့် သော်လည်းကောင်း accountကို အသုံး မပြုဘဲ ဆက်လက် ဒီအက်တီဗိတ် လုပ်ထားမှာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ စစ်သားတွေ ရှေ့မှာတင် အရာရှိကို KIAက ခေါင်းဖြတ် သတ်ပါတယ်။ KIAကို ၄၈နာရီ အတွင်း တိုက်ခိုက် ပါမယ်လို့ သတင်းမှား တင်တဲ့ သူတွေရော ဘယ်လို တာဝန်ယူ ကြမယ်ဆိုတာ သိရှိလိုပါတယ်။ ကျွန်တော် လက်ကိုင်ထားတဲ့ စကားရပ် လေးကတော့ "မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း" ပါ ခင်ဗျာ။ ဒီနေ့ ည၁၀နာရီမှာ accountကို ဒီအက်တီဗိတ် လုပ်ပါမယ်။ ကျွန်တော့ accountကို မကြာမီ ပြန်လည် အသုံးပြု နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ခင်ဗျာ။
Posted on: Tue, 17 Sep 2013 05:51:44 +0000

Trending Topics



Recently Viewed Topics




© 2015