အကြမ်းဖက်မှုများ - TopicsExpress



          

အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် အပြစ်ရှိသူများအား အရေးယူရန် မြန်မာအစိုးရအား မလေးရှားတောင်းဆို မြန်မာနိုင်ငံအတွင်း ဖြစ်ပွါးနေသော လူမျိုးအဓိကရုဏ်း များအား မြန်မာအစိုးရအနေဖြင့် အမြန်ဆုံး ထိရောက် စွာ ကိုင်တွယ်ဖြေရှင်းရန် မလေးရှားအစိုးရပိုင်းမှ တောင်းဆိုလိုက်သည်။ မလေးရှား အစိုးရပိုင်းမှ ထုတ်ပြန်သော ကြေငြာချက်အတွင်း မြန်မာနိုင်ငံမှ လူမျိုးရေးအကြမ်းဖက်နေမှုများသည် မလေးရှား အပါအဝင် အာဆီယံအတွင်းရှိ အခြားနိုင်ငံများကိုပါ ရိုက်ခတ်ခဲ့ကြောင်း ဆိုထားသည်။ ဘရုနိုင်းနိုင်ငံ (Brunei) တွင် ကျင်းပလျက်ရှိသော အာဆီယံ၏ (၄၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (Asean Foreign Ministers Meeting (AMM)) ပွဲတွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Datuk Seri Anifah Aman မှ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း ယခုကဲ့သို့ ထုတ်ဖော် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အကြမ်းဖက်မှုများတွင် ပါဝင်လှုံ့ဆော်နေသူများကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာ အပြစ်ပေး အရေးယူရန်လည်း မလေးရှား အစိုးရပိုင်းမှ မြန်မာအစိုးရကို တောင်းဆိုထားသည်။ ထို့ပြင် မြန်မာအစိုးရအနေဖြင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Islamic Cooperation (OIC) Contact Group) ကိုယ်စားလှယ်များကိုလည်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် လိုအပ်ပြီး ထိုကိုယ်စားလှယ်အဖွဲ့၏ လိုအပ်သည်တို့ကို အပြည့်အဝ အကူအညီပေးကာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တောင်းဆိုထားသည်။ အာဆီယံ၏ (၄၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံအတွင်း အရေးကိစ္စများနှင့် စပ်လျဉ်းသော အခြားအစည်းအဝေးပွဲများအား ဘရုနိုင်းနိုင်ငံ မြို့တော် ဘန်ဒါစရီ ဘဂ္ဂဝန် (Bandar Seri Begawan) ဇွန်လ (၂၉)ရက်မှ ဇူလိုင် (၂) ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးရာ ဝန်ကြီးဖြစ် သူ Salman Khurshid လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။
Posted on: Wed, 03 Jul 2013 18:35:06 +0000

Trending Topics



Recently Viewed Topics




© 2015