အကြံကောင်း - TopicsExpress



          

အကြံကောင်း တစ်ချက် ====================== ဟိုးအရင် အင်္ဂလန် စာကြည့်တိုက် (British Library) အဟောင်းက မပြုပြင်တာကြာလို့ ဟောင်းနွမ်းနေတာကြောင့် နေရာသစ်မှာ အသစ်တစ်ခုဆောက်ခြဲ့ ကတယ်။ စာကြည့်တိုက်အသစ် ဆောက်ပြီးတ့ေဲ နာက် အဟောင်းဖက်ကနေ စာအုပ်တွေ ရွေ့ဖို့ စီစဉ်ကြပြန်တယ်။ ဒါဟာ သာမန်အရွေ့အပြောင်း အလုပ်တစ်ခုပါ။ ဘာစီစဉ်စရာမှ မလိုဘဲ ရွေ့ပြောင်းရေး ကုမ္ပဏီကို ဖုန်းဆက်ပြီး ကုမ္ပဏီက ကားလာရင် စာအုပ်ကို ကားပေါ်တင် ပြောင်းရြေွ့ ကရုံပါပဲ။ ဒါပေမယ့် ပြောင်းရွေ့ရမယ့် ကုန်ကျစရိတ်က စတာလင်ပေါင် ၃၅သိန်း ကုန်ကျမယ်လို့ ဆိုပါတယ် စာကြည့်တိုက်မှာ လုံလောက်တဲ့ငွေ မရှိခဲ့ဘူး။ မကြာခင် မိုးရာသီက ရောက်လာတော့မယ်။ စာအုပ်တွေ မိုးစိုရင် ဆုံးရှုံးမှုက ဒီထက်များတော့မယ်။ ဘယ်လိုလုပ်ကြမလဲ စာကြည့်တိုက်မှူးက ရှိသမျှ အကြံတွေ ထုတ်ခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ အဲဒီအချိန်မှာစာကြည့်တိုက် ဝန်ထမ်းတစ်ဦးက သူ့မှာအကြံရှိတယ်။ ဒါပေမယ့် စတာလင်ပေါင် ၁၅သိန်း လောက်လိုလိမ့်မယ်လို့ဆိုတော့ စာတိုက်မှူးက ဒီအကုန်အကျကို စာကြည့်တိုက်က ပေးနိုင်တ့အဲ တွက် ဝမ်းသာအားရ လက်ခံလိုက်တယ်။ " ခင်ဗျားအကြံကို အမြန်ပြောပါ" စာတိုက်မှူးက အလျင်စလိုမေးလိုက်တယ်။ "မပြောခင် ကျွန်တော် တစ်ခု တောင်းဆိုချင်ပါတယ်" "ပြောပါ" "တကယ်လို့ အဲဒီ ၁၅သိန်းမှာ မသုံးဖြစ်ပဲ ပိုလျှံတဲ့ငွေ ရှိခဲ့ရင် ကျွန်တော့်ကို ပေးနိုင်မလား" " ဒါလေးများ ... ၃၅သိန်းကုန်မယ် ဆိုတုန်းကတောင် ပိုက်ဆံမလုံလောက်လို့ မပြောင်းဖြစ်ခဲ့တာ။ ၁၅သိန်းထဲက ပိုတာရှိရင် မောင်ရင်ကို အကုန်ပေးမယ်" "ဒီလိုဆိုရင် သဘောတူညီကြောင်း ကျွန်တော်တို့ လက်မှတ်ထိုးရအောင်" နှစ်ဖက် သဘောတူလက်မှတ် ထိုးပြီးနောက် စာအုပ်တွေကို စပြောင်းရြေွ့က တယ်။ ခန့်မှန်းထားတဲ့ ကုန်ကျစရိတ် ၁၅သိန်းကို တစ်ပဲတစ်ချပ်မှာ အသုံးမပြုဘဲ ပြောင်းရွေ့ခဲ့ကြတယ်။ အမှန်က သတင်းစာတွေမှာ " ယနေ့မှစ၍ အင်္ဂလန်စာကြည့်တိုက်မှ စာအုပ်များကို အခမဲ့ အုပ်ရေ အကန့်အသတ်မရှိ ငှားရမ်းပေးနေပြီဖြစ်သည်။ စာအုပ်များကို စာကြည့်တိုက်ဟောင်းတွင် ငှားပြီး စာကြည့်တိုက်သစ်တွင် အပ်ရမည်ဖြစ်သည်" လို့ ကြော်ငြာလိုက်တာပါပဲ။
Posted on: Tue, 23 Jul 2013 07:42:36 +0000

Trending Topics



Recently Viewed Topics




© 2015