ဧဝရက်တောင် - TopicsExpress



          

ဧဝရက်တောင် ဟာအမြင့်ဆုံးလို့ လွယ်လွယ်ပြောလို့မရပါ ဧဝရက်တောင်ဟာအမြင့်ဆုံးမဟုတ်ဟု ပညာရှင်အချို့စောဒကတက်ကြသည်။ ဟာဝိုင်ရီမှာရှိတဲ့ Mauna Kea ကသာအမြင့်ဆုံးဖြစ်သည်ဟု ဆိုသည်။ သည်ပြဿနာသည် ကျွန်တော်တို့ငယ်စဉ်ကကြုံခဲ့ဖူးသောမေးခွန်းလိုဖြစ်နေသည်။ “ဦးလှကိုသူ့ဖေက သားလို့ခေါ်တယ်။ သူ့သားကအဖေလို့ခေါ်တယ်။ ဒါတိုဦးလှဟာသားလား၊ အဖေလား” ဟူသောမေးခွန်းမျိုးဖြစ်သည်။ အမှန်က ရှုထောင့်မတူခြင်းဖြစ်သည်။ ကျွန်တော်တို့ သိပ္ပံပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်တဲ့အခါမှာ with respect to ဆိုတဲ့ညွှန်းဆိုတဲ့ နေရာကိုထည့်ပေးရပါသည်။ ( ဦးလှ = သား with respect to သူ့အဖေ) ဖြစ်ပြီး၊( ဦးလှ = အဖေ with respect to သူ့သား) လို့ဆိုမှ အငြင်းပွားဖွယ်ကိစ္စကလွတ်ပါမည်။ ဧဝရက်တောင် နှင့် Mauna Kea ကိစ္စမှာလည်း သည်အတိုင်းပင်ဖြစ်သည်။ Mauna Kea ဟာ ပင်လယ်ကြမ်းပြင်အောက်က ထိုးထွက်လာတဲ့ မီးတောင်ဖြစ်သည်။ သူဟာ ပင်လယ်ရေပြင်အထက်မှာ ၁၃၇၉၉ ပေမြင့်ပါသည်။ ပင်လယ်ပြင်အောက်မှာ ၃၃၄၆၅ ပေရှိပါသည်။ ဧဝရက်တောင်ဟာ ၂၉၀၂၉ ပေမြင့်ပါသည်။ ပင်လယ်ရေမျက်နှာပြင်ထက်ကနေတိုင်းလျှင် ဧဝရက်ဟာအမြင့်ဆုံးဖြစ်သည်။ သို့သော် တောင်ဆိုတာ တောင်ခြေကနေ၊ တောင်ထိပ်ကနေတိုင်းရမယ်ဆိုတဲ့သူတွေအတွက်တော့ Mauna Kea ကအမြင့်ဆုံးဖြစ်နေပြန်ပါသည်။ ထို့ကြောင့် အမြင့်ဆုံးတောင်ကိုပြောပါဆိုလျှင် လွယ်လွယ်ဖြေလို့မရနိုင်တော့ပါ။ with respect to ဘာနဲ့ ဆိုတာလေးထည့်ပေးမှ ပြည့်စုံမည်ဟုဆိုပါသည်။
Posted on: Mon, 04 Nov 2013 03:45:41 +0000

Trending Topics



Recently Viewed Topics




© 2015