နိုင်ငံခြားသူတစ်ဦး - TopicsExpress



          

နိုင်ငံခြားသူတစ်ဦး ချွန်ထက်သောအရာဖြင့် ထိုးခြင်းခံရ Friday, June 14 , 201 ၁၃.၆.၂၀၁၃ ရက်နေ့ ၂၁၄၅ အချိန်ခန့်တွင် World Food Programme ကုမ္ပဏီတွင် Reporting Officer အဖြစ်လုပ်ကိုင်သူ အမေရိကန်နိုင်ငံသူ တရုတ်လူမျိုး Mrs.Teresa Wai Yee Ha ၊ (၃၄)နှစ်၊ ဗီဇာ/ပတ်စ်ပို့အမှတ် (စုံစမ်းဆဲ)၊ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ် နေသူ သည် ဒဂုံမြို့နယ် အလံပြဘုရားလမ်း Max Myanmar ကုမ္ပဏီရုံးချုပ်ရှေ့ ပလက်ဖောင်းပေါ်တွင် တစ်ဦးတည်း လမ်းလျှောက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦး (စုံစမ်းဆဲ)မှ နောက်ကျော ဘက်မှ ချုပ်ကိုင်ပြီး ချွန်ထက်သောအရာဖြင့် ထိုး၍ လည်ပင်းဝဲဘက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့သောကြောင့် ၎င်းကိုယ်တိုင် TAXI ဌားရမ်းပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိဆေးကုသမှုခံယူခဲ့ရသဖြင့် ၎င်းအလုပ်လုပ်ကိုင်သည့် ကုမ္ပဏီ အလုပ်ရှင် ဒေါ်ချိုနွယ်ဦး၊ (ဘ)ဦးအောင်သန်းမှ Mrs.Teresa Wai Yee Ha အား ချွန်ထက်သော အရာဖြင့်ထိုးသူ အမည်မသိ(စုံစမ်းဆဲ)အပေါ် အရေးယူပေးပါရန် တရားလိုပြုလုပ် တိုင်တန်းခဲ့၍ ဒဂုံမြို့မ ရဲစခန်းတွင် (ပ)၁၃၂/၂၀၁၃၊ ပုဒ်မ- ၃၂၆ ဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police
Posted on: Fri, 14 Jun 2013 03:06:59 +0000

Trending Topics



Recently Viewed Topics




© 2015