၁။ - TopicsExpress



          

၁။ မျိုးစောင့်ဥပဒေ ပြည်သူလို့ ယေဘူယျ သတ်မှတ်နိုင်တဲ့ လူထုကို အစိတ်စိတ်အမွှာမွှာ ကွဲစေတယ် ( နှစ်ခြမ်း မကပါ ) ထင်းအစည်းဖြေထားတော့ ချိုးချင်တဲ့ အချောင်း ချိုးယုံသာ ၂။ ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မပြင်လိုတဲ့ သဘောထားတွေပြသပြီး နိုင်ငံရေး အခြေအနေ တင်းမာစေတယ် လောလောဆယ် စင်ပေါ်က လူဆိုတော့ ခပ်တင်းတင်း နေနိုင်လေ ကောင်းလေ.. ၃။ မြစ်ဆုံ လက်ကိုင်တုတ် မီဒီယာတွေကို အသုံးချပြီး ကြိုက်သလို လှည့်သုံးလို့ရတဲ့ Joker တစ်ချပ် ၄။ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ အီလည်လည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အချိန်မရွေး ရှေ့တန်းစခန်းတွေဆီ ပြန်လှည့်သွားဖို့ လမ်းဖွင့်ထားတယ် ငြိမ်းချမ်းရေး အသွင်မဆောင်တဲ့ မှတ်ချက်စကားတွေ ကာချုပ်ဆီက အချိန်ကိုက် ထွက်ကျလာတယ် ၅။ လက်နက်ကိုင် ဓားမြတိုက်မူများ၊ လက်နက်တိုက် ဖောက်ခွဲခံရမူ ပြည်သူကို ကျီးလန့်စာစားဖြစ်အောင် လုပ်ခြင်းသည် တစ်ကြောင်း နိုင်ငံတွင်း လှည့်လည်သွားလာ၍ စည်းရုံးရေး ဆင်းနေသော ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းများ တုံ့နှေးအောင် ပြုလုပ်ခြင်းသည် တစ်ကြောင်း ၆။ ရခိုင်ပြည်နယ် မုဒိန်းမူ တစ်ခုကို category 5 ဟာရီကိန်းထက် ပို အဖျက်စွမ်းအားကြီးအောင် အဆင့်မြင့်တင်နိုင်တဲ့ ပညာရှင်တွေ ရှိတယ် ၇။ သံဃာထု လူတွေထက် အမျိုးနဲ့ဘာသာကို ချစ်တဲ့စိတ် ပိုများတယ် ကိုရင်ငယ် ဘ၀မှာတင် နှစ်ပေါင်းများစွာ ၀ါဒဖြန့်ခံရတဲ့အတွက် အစ္စလာမ် ဘာသာကို ရိုးရိုးသားသား မုန်းတီးကြတဲ့ အရေအတွက် အတိုင်းအတာ တစ်ခုထိရှိတယ် ဆရာတော်ကြီးတစ်ပါးမိန့်သလို ဘယ်မြို့သားမှ ဘုန်းကြီး မ၀တ်ဘူး ဆိုတဲ့အတိုင်း တော်တော်များများဟာ ရိုးအ တဲ့ တောနယ်ဘက်က သံဃာတွေများပါတယ် ဒါလည်း နိုင်ငံရေးမှာ အသုံးချခံ ဖြစ်နေရခြင်း အကြောင်းရင်းတွေထဲက တစ်ခုပါပဲ ခုချိန်ခါလို မြှောက်ပေးချင်လည်း ရတယ်... ကိုယ့်အာဏာ ထိပါးလာမယ့် အရိပ်အယောင်ပြရင် ကြက်ကလေး ငှက်ကလေးများဖမ်းသလို ဆော်တာ ၁၀ နှစ် မပြည့်သေးဘူး... ၈။ ၂၀၁၄ Census ဘာသာရေး လူမျိုးရေး မကျေလည်မူတွေ အငြင်းပွားမူတွေ ရေချိန်မြှင့်ပေးအုံးမယ့် သဲပေနေသော အဆီတ၀င်းဝင်း ၀က်သားတုံးကြီး ဒါပါပဲဗျာ.. ကြံ့ဖွံ့လက်ထဲက ရွေးကောက်ပွဲ မတိုင်ခင် အချိန်ကိုက် ဖောက်ခွဲဖို့ ကိုင်ထားတဲ့ ချိန်ကိုက်ဗုံးလေးတွေပေါ့... ညီသစ် 24th Jan,2014
Posted on: Fri, 24 Jan 2014 04:51:46 +0000

Trending Topics



style="min-height:30px;">
Life is an opportunity, benefit from it. Life is beauty, admire
HOW TO GENERATE LEADS FAST ON FACEBOOK FROM ANY BUSINESS
Ok so I was a client at peer 1 where Mr Robert Johnson was one of
Basics Interior Architecture: Drawing Out the Interior
This is the Taj Ma Garaj Kreuzer, a Porsche 356 delivery van
September is winding down and we didnt get as many posts in as we
During the past few days, an onslaught of false accusations has
TERAPIA ASSISTIDA POR ANIMAIS. A terapia assistida por animais

Recently Viewed Topics




© 2015