၁၅ဝဝ တန်ဂျီ - TopicsExpress



          

၁၅ဝဝ တန်ဂျီ ထုတ်မည်ဆိုလည်း လိုင်းကျပ်မည် မဟုတ် ============================= ထပ်မံရောင်းချမည့် ကျပ်တစ်ထောင့်ငါးရာတန် ဂျီနှင့် WCDMA ဖုန်းကြောင့် လိုင်းကျပ်မှု မရှိအောင် တိုးချဲ့ဆောင်ရွက်ထားကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခုလ၌ ကျပ်ထောင့်ငါးရာ တန် ဂျီဖုန်းနှင့် WCDMA ဖုန်းများ ကို ရောင်းချတော့မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေပြီး မိုဘိုင်းဖုန်း ဆိုင်အချို့မှာလည်း ဂျီဖုန်းဟန်းဆက်အ ချို့ကို တင်သွင်းမှုများ ပြုလုပ်နေ ကြ သည်။ 'ဒီလစပြီး ဂျီတွေ ရောင်းမရောင်း ဆိုတာတော့ သေချာ မပြောနိုင်သေးဘူး။ လူကြီးတွေဆုံးဖြတ်ပြီးမှပဲ အတည်ပြု ပေးနိုင် မယ်။ ရောင်းမယ်ဆိုရင်လည်း လိုင်းကျပ်မှု မရှိနိုင်ပါဘူး။ လိုင်းတွေ တိုးချဲ့ ဆောင်ရွက်ထားပါတယ်' ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး တစ်ဦးက ပြောသည်။ ယင်းသို့ အတည်ပြုနိုင်ခြင်း မရှိသော်လည်း ဆက်သွယ်ရေးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းနှင့် မိုဘိုင်းဖုန်းဆိုင်အချို့မှာ ဂျီဖုန်းရောင်းရန် သေချာသလောက်ရှိသည့် အနေအထားတွင် ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည့်အပြင် ယခင်မိုဘိုင်း အင်ဂျင်နီယာချုပ်ဟောင်း ဦးဌေးဝင်း၏ ပြောပြချက်များအရ ယခုလတွင် ဂျီဖုန်းများ ရောင်းချရန်မှာ ဖြစ်နိုင်ခြေရှိကြောင်း မိုဘိုင်းဖုန်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြသည်။ ယခင်မိုဘိုင်းအင်ဂျင်နီယာချုပ်က လက်ရှိရောင်းပေးနေသည့် ကျပ် တစ်ထောင့်ငါးရာတန် WCDMA ဖုန်းများ တစ်သန်းရောင်းပေးပြီးပါက ဂျီနှင့် WCDMA ဖုန်းများကို MPT တံဆိပ်ဖြင့် ဆက်လက်ရောင်းချမည် ဟု ပြောဆိုထားသည်။ ပုဇွန်တောင်မြို့နယ်မှ Joker မိုဘိုင်းဖုန်းဆိုင် ပိုင်ရှင်တစ်ဦးက 'ကျွန်တော်တို့ အဆက်အသွယ်နဲ့ ကြားရသလောက်ကတော့ ဒီလ ဂျီတွေ ရောင်းမှာပါ။ ဒါကြောင့် ဟန်းဆက်အချို့ ထပ်တင်သွင်းတာပါ' ဟုပြောသည်။ ဂျီနှင့် WCDMA ဖုန်းများ ရောင်းချမည်ဆိုပါက ကျပ်တစ်ထောင့် ငါးရာနှုန်းဖြင့်သာ ရောင်းမည်ဖြစ်ကြောင်းဖုန်း အရေအတွက်မှာ သုံးသိန်းငါးသောင်း ရှိမည်ဖြစ်ပြီး လိုင်းကျပ်မှု ရှိမည်မဟုတ်ကြောင်း ဆက်သွယ်ရေးမှ အင်ဂျင်နီယာမှူးထံမှ သိရသည်။ Popular Myanmar News Journal
Posted on: Thu, 11 Jul 2013 09:43:58 +0000

Trending Topics



Recently Viewed Topics




© 2015