၁၉ ၆၄ခုနှစ် - TopicsExpress



          

၁၉ ၆၄ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတက္ကသိုလ်ပညာရေးအက်ဥပဒေကို ၁၉ ၇၃ ခုနှစ်တွင်ဖျက်သိမ်းခဲ့ပြီး တက္ကသိုလ်ပညာရေးဥပဒေသစ်ကို ပြန်လည်ရေးဆွဲပြဌါန်းခဲ့ပါတယ်--နေ၀င်း၊ဒေါက်တာညီညီတို့လက်ထက်ဖြစ်မယ် ထင်တယ်--အဖွဲ့ဝင် ၁၄ ဦးပါဝင်သောတက္ကသိုလ်မျာဗဟိုကောင်စီကိုအသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်-- ထိုအချိန်ကစ၍ တက္ကသိုလ်ပညာရေးစနစ်သည်စစ်တပ်ဦးဆာင်သောပညာရေးအဖွဲ့ လက်အတွင်းသို့ကျရောက်သွားပြီး ကိုယ့်ကြမ္မာ ကိုယ် မဖန်တီးနိုင်သည့် ဘ၀သိုသက်ဆင်းခဲ့ရပါတယ်--(credit: The Voice Daily 1/65) မောင်တိုင်ပင်တို့ က၁၉ ၇၂ မှာကျောင်းပြီးခဲ့တာဆိုတော့ ပေမှီဒေါက်မှီ ပညာရေးစနစ်အောက်မှာ ပညာသင်ခဲ့ ရပါတယ်--campus life လည်းနေခဲ့ရပါတယ်--နိုင်ငံတကာဘယ်သွားသွား ဘီအီး ဒီဂရီ ကို အသိအမှတ်ပြုခံရပြီး ပြည်ပမှာ အလုပ် လုပ်နိုင်ပါတယ်--မနေ့က ဆရာဦးမောင်မောင်ဝင်းနဲ့ high tea သုံးဆောင်ရင်း ပညာရေးအကြောင်းသုံးသပ်ဆွေးနွေးခဲ့ပါတယ်--ပါမောက္ခသားဖြစ်ခဲ့လို့လားမသိ ပညာရေးလို့ဆိုလိုက်ရင် မောင်တိုင်ပင် နားစွင့် ဆံပင်မွှေးထောင်လာအောင်စိတ်ဝင်စားပါတယ်-- ခင်ညွှန်၊့မောင်သောင်း လက်ထက် မြန်မာ့ပညာရေးစနစ်ဟာ ကုန်းကောင်စရာမရှိလောက်အောင်ဖြစ်သွားတဲ့အခြေအနေမျိုးရောက်သွားတယ်ဆိုတာဘယ်သူမှ မငြင်းနိုင်ပါ--ဆရာတစ်ယောက်ကဆိုရင် အခုခေတ် အင်ဂျင်နီယာဘွဲ့ ရတွေကို ပေါင်းစပ်ပညာရေးအနေနဲ့ ပညာသင်ပေးဖို့ကြိုးစားခဲ့ပေမဲ့ သနားစရာကောင်းတဲ့ ခလေးတွေခမျာမှာ အင်ဂျင်နီယာပညာရပ်မပြောနဲ့ အခြေခံ သိပ္ဗံပညာရပ်တွေကိုတောင်မသိတဲ့အတွက် သင်ကြားဖို့ ကို စွန့်လွှတ် လိုက်ရတယ်လို့ဆိုပါတယ်--”မြန်မာပညာရေး”ဆိုတဲ့ ကိတ်မုန့် အသိုးကြီး ကိုဘယ်အပိုင်းကနေစကိုင်မလဲ အပေါ်ပိုင်းကလား---အလယ်ကဖြတ်ကိုင်မလား---အောက်ပိုင်းကစကိုင်မလား---သို့မဟုတ်လွင့်ပစ်လိုက်ပြီး အသစ်ပြန်ဖုတ်ကြမလား---၁၉ ၇၃ခုနှစ် ပညာရေးစနစ် စတင်လိုက်တာနဲ့ အာအိုင်တီ အနေနဲ့ပဲပြောပါရစေ-- US MIT ကဘွဲ့ ရလာတဲ့ ဆရာတွေဟာယောင်တောင်ယောင်တောင်ဖြစ်ပြီး အနှိမ်ခံကြရတော့ အလုပ်ကထွက်ကာ မိမိ တို့ Master ဘွဲ့ ယူလာတဲ့ တိုင်းပြည်တွေဆီ migrate လုပ်သွားတော့ အာအိုင်တီ ဟာအခွံ ချည်းကျန်သလိုမျိုးဖြစ်သွားခဲ့ပါတယ်-- ဟိုဗာ ကရပ်ဖ် ကို သုတေသနလုပ်ခဲ့တဲ့ ဆရာဦးထူးမြင့် -- ၀ံကြီးမောင်ချို က အနှောက်အယှက်ပေး အပြတ်နှိမ်တော့ ဆရာခမျာ လည်း အလုပ်ကထွက် အမေရိကန်သံရုံးကဖွင့်ထားတဲ့ကျောင်းမှာ Physic သင်တဲ့ ကျောင်းဆရာလုပ် ပြီး စင်ကာပူထွက်သွားရတယ်---ယနေ့ အသက် ၄၀ - ၅၀ တန်းမှာ ရှိနေတဲ့ အင်ဂျင်နီယာကျောင်းသားတွေ ဟာစစ်ဗိုလ်တွေဦးစီးတဲ့ပညာရေးစနစ်ရဲ့ ဒဏ်အခံရဆိုး လို့ ထင်ပါတယ်--နိုင်ငံခြားတိုင်းပြည်တွေမှာ ပညာဆက်သင်ရင်း နိုင်ငံတကာအင်ဂျင်နီယာလောကကို တိုးဝင်ခဲ့ရသလို ပြည်တွင်းမှာ လည်းsenior enginner ကြီးတွေရဲ့ လက်တွေ့သင်ကြားပြသမှု ကိုခံယူပြီး အရည်အသွေးတိုးတက်အောင်လုပ်ခဲ့ရပါတယ်---မြန်မာပညာရေး ဖွံဖြိုးတိုးတက်အောင်လုပ်မယ်ဆိုပြီးကြွေးကြော်နေသော်လည်း ကောက်ရိုးမီး လိုမဖြစ်ဖို့-- ပညာသင်ကြားရေးမှာအများဆုံး လိုတာဖြစ်လို့ အဆင့်မှီတဲ့ Master တွေများများမွေးထုတ်ဖို့--သုတောသနတွေအတွက် လည်း လိုတာဖြစ်လို့ အဆင့်မီတဲ့ PhD တွေမွေးထုတ်ဖို့ လိုတယ်--ခင်ညွန့် လက်ထက်ကလို PhD မွေးထုတ်လိုက်ရင် မြန်မာပညာရေးအဆင့်မြင့်သွားမယ်ဆိုတဲ့အတွေးအခေါ်မျိုး နဲ့ စက်နဲ့ ရိုက်ထုတ်လုပ်သလို မျိုးတော့ မဖြစ်ဖို့ လိုပါတယ်-- နိုင်ငံတကာဘာသာရပ်ဖြစ်တဲ့ အင်္ဂလိပ် သာမက သက်ဆိုင်ရာဘာသာရပ်ကို လည်း ဘယ်ကစမ်းစမ်း အစမ်းခံနိုင်တဲ့ PhD မျိုးမွေးထုတ်ပါ--အင်္ဂလိပ်လိုလည်းကျွမ်းရမယ် ဘာသာရပ်လည်းကျွမ်းရမယ်---အာအိုင်တီက ကျေးဇူးရှင်ဆရာတွေကို တွေ့ တိုင်း မောင်တိုင်ပင် တို့တတွေ အဆင့်မီပညာသင်ကြားခွင့် ရတာတွေ ကိုအောင်းမေ့ပြီး ယခုခေတ် မျိုးဆက်သစ်တွေလည်း အဆင့်မီ ပညာသင်ကြားခွင့် ရနိုင်ဖို့ ကိုယ်တို့ လိုလူအိုကြီးတွေကထောက်ပြပြောဆိုနိုင်မှတော်ကာကျပါမယ်----------------
Posted on: Mon, 24 Jun 2013 03:11:25 +0000

Trending Topics



Recently Viewed Topics




© 2015