၁၉၇၀ ခုနှစ်များနဲ့ ၁၉၈၀ - TopicsExpress



          

၁၉၇၀ ခုနှစ်များနဲ့ ၁၉၈၀ တဝိုက်က အမေရိကန်ယဉ်ကျေးမှုဟာ ဘာသာစကားကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင် ခဲ့ဘူး။ အမေရိကန်ယဉ်ကျေးမှုဟာ အမေရိကန်ဘာသာစကားကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့တာကတော့ ဆင်ခြေ ကောင်းကောင်း ရှိပါတယ်။ မီဒီယာကြောင့် ကြော်ငြာတွေ (Advertising)၊ တီဗွီအမေးအဖြေ အင်တာဗျူးတွေ (Talk Shows)၊ ဘက်(စ)ဆဲလား (Best Sellers)၊ နိုင်ငံရေးအသံလွှင့်ချက်အနှစ်ချုပ် အတိုများ (Political sound-bites) ဆိုတဲ့ စကားလုံးတွေ ပေါ်လာတာနဲ့အမျှ ကဗျာရေးသူဟာ အဲဒီ ဘာသာစကားဒေတာဘေ့(စ)ပုံစံ စကားလုံးတွေဆီကနေ ကင်းလွတ်လို့ မရတော့ဘူး။ ပုံမှန်စကားလုံးတွေနဲ့ ကဗျာကို တည်လို့ မရတော့ဘူး။ အယ်(လ)ကဗျာဆရာတွေဟာ မော်ဒန်အုပ်စုရဲ့ အဓိကကြေညာစာတမ်းပါ အချက်တစ်ချက်ဖြစ်တဲ့ အရာဝတ္ထုရဲ့ ကာရိုက်တာ အလုပ်လုပ်ပုံကို တိုက်ရိုက်ဖော်ပြခြင်းဆိုတဲ့ အချက်ကို ငြင်းပယ်ပြီး စစ်လွန်ကဗျာဆရာများ (Postwar Poets) ရဲ့ အဓိကစံထားတဲ့ ပုဂ္ဂလဖော်ပြချက် (self) နဲ့ စကားပြော (speech) ကိုလည်း ငြင်းပယ်ပါတယ်။ အယ်(လ)ကဗျာသမားတွေဟာ စုပေါင်းကြေညာစာတမ်းဖြစ်တဲ့ Aesthetic Tendency ထဲမှာ ပို့(စ)မက်(စ)ဝါဒ (Post-Marxist) ခွဲခြမ်းစိတ်ဖြာမှုကို အခြေတည်ပြီး အဲဒီတုန်းက ပင်မရေစီးဖြစ်တဲ့ ဖွင့်ဆိုမှုဝါဒီ (expressionist) (ဝါကျမှာ ကောင်းခြင်း(ဝါ)ဆိုးခြင်း ဟူသော စကားလုံးများ ပါဝင်မှုသည် ဖော်ပြချက်မဟုတ်၊ ထို့ကြောင့် အစစ်အမှန်မဟုတ်သောကြောင့်၊ ထိုဝါကျများတွင် အမှန်တရားမရှိဟူသော အယူကို စွဲကိုင်သူအုပ်စု) လားရစ်ကဗျာရေးသူတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုတယ်။ (ဒါကြောင့် ကျွန်တော်တို့ဆီက အယ်(လ)ကဗျာဆရာတွေဟာ အယ်ပီရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ Aesthetic Tendency ကြေညာစာတမ်း၊ ပို့(စ)မက်(စ)ဝါဒနဲ့ သူတို့ ဆန့်ကျင်ခဲ့တဲ့ Expressionism ကို သေသေချာချာ နားလည်ဖို့ လိုပါတယ်။ (၂) ဒုတိယအချက်ကတော့ ဘာသာစကားရဲ့ ထိုးထွင်းမြင်နိုင်မှုကို စိန်ခေါ်တဲ့ ဘာသာဗေဒသီအိုရီ အပြောင်းအလဲပါပဲ။ အခြေခံကတော့ ပို့(စ)စရိုက်ချာလစ်(စ) (Post Structuralist) တစ်ဦးဖြစ်တဲ့ ဒါရီရာ (Jacques Derrida) ပါပဲ။ သူက စကားလုံး (words)တွေဟာ လက္ခဏာတွေဖြစ်ပြီး သူ့ချည်းသက်သက် ဘာအဓိပ္ပါယ်မှ မပေးနိုင်ပေမယ့် နောက်တစ်လုံးကိုတော့ အဓိပ္ပါယ်ပေါင်းများစွာထဲက တစ်ခုကို ရွေးယူလို့ရအောင် ညွှန်ပြနိုင်တယ်လို့ ဆိုတယ်။ အယ်(လ)ကဗျာ အခြေမတည်ခင်လေးမှာ အခြားသော ပို့(စ်)စရိုက်ချာလစ်နှစ်ဦး ထပ်ပေါ်လာတယ်။ ရိုလန်ဘတ်(သ) (Roland Barthes) နဲ့ ဖူးကိုး (Michel Foucault)တို့ဟာ ၁၉၆၀ နဲ့ ၁၉၇၀ တွေမှာ နာမည်ကျော်လာတယ်။ အယ်(လ)ကဗျာသမားတွေဟာလည်း သူတို့လို ဘာသာစကားရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကို ငြင်းပယ်ပါတယ်။ အထက်ဖေါ်ပြပါအချက်တွေဟာ အယ်(လ)ကဗျာလောက အရွေ့ကို ဖန်တီးပစ်ခဲ့တဲ့ အကြောင်းတရားတွေပဲလို့ ခရစ်စ္စတိုဖာက ဆိုတယ်။ Re: နှစ်ဆယ်ရာစုအမေရိကန်ကဗျာမိတ်ဆက် (Introduction to Twentieth Century American Poetry) ကိုရေးသူ ခရစ်စ္စတိုဖာဘိခ်ျ
Posted on: Thu, 30 Jan 2014 09:13:08 +0000

Trending Topics



n-height:30px;">
Im looking forward to be flying down to Florida at the end of the

Recently Viewed Topics




© 2015