၂၀၀၅-၂၀၀၆ မှ ၂၀၁၃-၂၀၁၄ - TopicsExpress



          

၂၀၀၅-၂၀၀၆ မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ သစ်လုံး၂၄၄၀၇၈ တန်၊ ခွဲသား ၁၀၈၀၃၆ တန် ဖမ်းဆီးနိုင်ခဲ့ကြောင်း သစ်တောဒုတိယ၀န်ကြီး ပြောကြား Published on: January 25, 2014 Written by: စိုးမင်းထိုက် ၂၀၀၅-၂၀၀၆ မှ ၂၀၁၃-၂၀၁၄ ခုနှစ်အထိ သစ်လုံး ၂၄၄၀၇၈ တန်နှင့် ခွဲသား ၁၀၈၀၃၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။ တရားမ၀င်သစ် ဖမ်းဆီးရမိတာတွေနဲ့ ပတ်သက်ပြီး အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီကိန်းဂဏန်းတွေက ဖမ်းဆီးရမိတာတွေသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မဖမ်းနိုင်ဘဲနဲ့ စီးဆင်းသွားတဲ့ အရာတွေများစွာရှိနေပါတယ်။ ဒါဟာ အမှန်အတိုင်းသုံးသပ်ရမှာ ဖြစ်ပါတယ်။သစ်တန်ပေါင်းကတော့ ၂၀၀၅-၂၀၀၆ ကနေ ၂၀၁၃-၂၀၁၄ ခုနှစ်အထိဆိုရင် ၃၅၂၇၃၄ တန်ဖြစ်ပါတယ်။ ကားအားဖြင့် ၄၀၉၄ စီး၊ ဆိုင်ကယ် ၁၁၈၇ စီး၊ ထော်လာဂျီ ၄၇၆ စီး၊ ထွန်စက်ငါးစီး၊ စက်လှေ ၉၇၄ စီး၊ ကရိန်းခုနစ်စီးစတဲ့ ယာဉ်ယန္တရားတွေကိုပါ ဖမ်းဆီးနိုင်ခဲ့ပါတယ်ဟု ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြေကြားသည်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ သစ်လုံးလိုက်တင်ပို့မှု ရပ်ဆိုင်းမည်ဖြစ်ပြီး လက်ရှိတွင် ထုတ်လုပ်ပြီးရောင်းချရန် ကျန်ရှိသည့်သစ်များကို စာရင်းကောက်ယူလျက်ရှိကြောင်း၊ ထုတ်လုပ်ပြီး လက်ကျန်သစ်များနှင့် လျှော့ချထုတ်လုပ်မည့်သစ်များကို ဈေးပြိုင်စနစ်၊ အိတ်ဖွင့်တင်ဒါစနစ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကချင်ပြည်နယ်နှင့် လားရှိုးတစ်ဝိုက်တွင် ဖမ်းဆီးရမိသည့် သစ်ပမာဏသည် ၂၄၀၆၉၈ တန်ဖြစ်သည့်အတွက် သုံးပုံနှစ်ပုံခန့် ရှိနေကြောင်း၊ နယ်စပ်ဒေသများသည် တရားဥပဒေစိုးမိုးမှုနည်းသည့်အတွက် ထိန်းသိမ်းရန် ခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တရားဝင်၊ တရားမ၀င်သစ်ထုတ်မှုများကြောင့် သစ်တောများ ပြုန်းတီးလျက်ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ကျွန်းတန် ၁၈၆၆၅၀ ၊ သစ်မာတန် ၇၈၇၆၀၀ ထုတ်လုပ်ရန် သတ်မှတ်ထားကြောင်း၊ ၂၀၁၄ -၂၀၁၅ ခုနှစ်တွင် ကျွန်းတန် ၆၀၀၀၀၊ သစ်မာ တန် ၆၇၀၀၀၀ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း၊ သစ်ထုတ်လုပ်မှုအားလုံး လျှော့ချပြီးပါက မြန်မာ့သစ်လုပ်ငန်းက အစီအစဉ်ဖြင့်သာ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ကျန်သည့် အခြားသောကုမ္ပဏီများကို သစ်ထုတ်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ သစ်လုံးလိုက်တင်ပို့မှု ရပ်ဆိုင်းမည်ဖြစ်ပြီး လက်ရှိတွင် ထုတ်လုပ်ပြီးရောင်းချရန် ကျန်ရှိသည့်သစ်များကို စာရင်းကောက်ယူလျက်ရှိကြောင်း၊ ထုတ်လုပ်ပြီး လက်ကျန်သစ်များနှင့် လျှော့ချထုတ်လုပ်မည့်သစ်များကို ဈေးပြိုင်စနစ်၊ အိတ်ဖွင့်တင်ဒါစနစ်များဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လက်ရှိတွင် သစ်တောစိုက်ခင်း ဧက ၃၃၅၂၀ ထူထောင်ထားကြောင်း၊ သစ်အခြေခံ စက်မှုလုပ်ငန်းထူထောင်ရန် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများ၊ ပြည်တွင်းသစ်အခြေခံ စက်မှုလုပ်ငန်းကိုထူထောင်ရန် ကတိက၀တ်ယူထားကြောင်း၊ ရေရှည်တွင် ကိုယ်ပိုင်စိုက်ပျိုးပြီး ထုတ်လုပ်သည့်သစ်များကိုသာ သစ်အခြေခံစက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းထားကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ Reposted by Junia Min Credit to EMG facebook/mmcities
Posted on: Sun, 26 Jan 2014 10:07:04 +0000

Trending Topics



Recently Viewed Topics




© 2015