၂၀၀၈ မော်ဒယ်လ်ကို - TopicsExpress



          

၂၀၀၈ မော်ဒယ်လ်ကို အမည်ပေါက် ပေးမည် ဆိုသောကြောင့် ပြည်တွင်း ကားအရောင်း ဈေးကွက်အေးစက်သွား ရန်ကုန် ၊ ၁၃-၈-၂၀၁၃ မြန်မာနိုင်ငံ ၏ ကားတင်သွင်းမှု ကို ၂၀၀၈ မော်ဒယ်လ် များအား အမည်ပေါက် ချပေး သွားမည် ဆိုသော သတင်းများကြောင့် ပြည်တွင်း ကားအရောင်း ဈေးကွက်ကြီး တစ်ခုလုံး ကားရောင်းချ ရမှုမှာ မရှိသလောက် အေးစက် သွားကြောင်း Farmar Auto ကား အရောင်းပြခန်း မှ အရောင်း မန်နေဂျာ တစ်ဦးက ပြောကြား ခဲ့သည်။ " အမည်ပေါက် ကို ၂၀၀၈ မော်ဒယ်လ် အဖြစ် ပြောင်းလဲ ချပေးမယ် ဆိုတော့ ကားဝယ် သူတွေက ၂၀၀၇ မော်ဒယ်လ် မ၀ယ်တော့ဘဲ စောင့်မယ်ပဲ ပြောနေကြတယ် ၊ ဒါကြောင်း ကား အရောင်း ကျသွားတာပါ ... " ဟု ၄င်းက သုံးသပ် ပြောကြား ခဲ့သည်။ ၂၀၁၂ ခုနှစ် မေလ ၇ ရက်က ကား တင်သွင်းမှု အား ၂၀၀၇ မော်ဒယ်လ် ကို လွတ်လပ်စွာ တင်သွင်းခွင့် ပြုပြီး ကားဈေးနှုန်းများ တစ်ဟုန်ထိုး ကျဆင်းသွားပြီး ပြည်တွင်း ကားဝယ်ယူ စီးနင်းမှု မှာလည်း ရာနှုန်းပြည့် မြင့်တက် သွားခဲ့ကြောင်း သိရသည်။ ပြည်တွင်း ကားတင်သွင်းမှု များသည် ဆီးစားနှုန်း သက်သာသော 1300 CC ကားများကိုသာ အဓိက တင်သွင်း နေပြီး အိမ်စီးကား များမှာလည်း အခွန် သက်သာသော ၊ အင်ဂျင်ပါဝင် ငယ်သော ကားများကိုသာ အဓိက တင်သွင်း ကြကြောင်း သိရသည်။ ယခုအချိန်တွင် ပြည်တွင်း ကားတင်သွင်းမှု များကို ၂၀၀၈ မော်ဒယ်လ် ဖြင့် အစားထိုး တင်သွင်းခွင့် ပြုမည် ဆိုသော သတင်းများကြောင့် ကားအရောင်း ပြခန်းများမှာ အရောင်းအ၀ယ် အေးစက်သွားပြိး ယခင် တင်သွင်း ထားသော ၂၀၀၀ မှ ၂၀၀၇ အထိ ကားမော်ဒယ်လ် များမှာ အရောင်းအေး သွားကြောင်း သိရသည်။ ကား အရောင်းပြခန်း များမှာ ၂၀၀၇ ခုနှစ် နှင့် ဘောက်ကား များကိုသာ အဓိက တင်သွင်း ရောင်းချ နေသောကြောင့် အဆိုပါ ကားများ တင်သွင်းမှုလည်း မရှိသလာက် ဖြစ်သွားကြောင်း သိရသည်။ အစိုးရ အနေဖြင့် ပြည်သူများ၏ လိုအပ်ချက် ကို အဓိက ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ပြောကြားပြီး ၂၀၀၈ မော်ဒယ်လ်ကို တင်သွင်းခွင့် ပြုလိုက်ပါက တင်သွင်းပြီးသား ၂၀၀၇ မော်ဒယ်လ် ကားများမှာ အရောင်းရပ် သွားနိုင်ကြောင်း ၀ါရင့် ကား ၀ယ် ရောင်း တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည် Credit by >>Myanmar News Update
Posted on: Tue, 13 Aug 2013 12:10:02 +0000

Trending Topics



Recently Viewed Topics




© 2015