၂၀၁၄ ခုနှစ်အတွက် - TopicsExpress



          

၂၀၁၄ ခုနှစ်အတွက် အစိုးရဘတ်ဂျက် ရေးဆွဲရာတွင် ယခင်နှစ်များကဲ့ သို့ နိုင်ငံတော် စီမံကိန်းကြီးများ အတွက် ဘတ်ဂျက်ပိုမို တောင်းခံတော့မည် မဟုတ်ဘဲ အောက်ခြေပြည်သူ ကိုယ်စားပြု ဘတ်ဂျက်ကို ရေးဆွဲမည်ဟုဆို Friday, September 6, 2013 ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွက် အစိုးရ ဘတ်ဂျက်ရေးဆွဲရာတွင် ယခင်နှစ်များကဲ့သို့ နိုင်ငံတော် စီမံကိန်းကြီးများ အတွက် ဘတ်ဂျက် ပိုမိုတောင်းခံတော့မည် မဟုတ်ဘဲ အောက်ခြေပြည်သူ ကိုယ်စားပြု ဘတ်ဂျက်ကို ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။ လာမည့်နှစ်တွင် အစိုးရ၏ စီမံကိန်းများသည် အများအပြား ရှိတော့မည် မဟုတ်ဘဲ ပိုနည်းလာမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် State Own Enterprise များနည်းသွားပြီး Private ပိုများလာမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက 'ပထမနှစ် ယခင်အစိုးရက ဘတ်ဂျက်အတည်ပြုပေးပြီး ကျွန်တော်တို့က ဧပြီမှာ သုံးခဲ့တာ။ ဒုတိယနှစ် ကျွန်တော်တို့က ဘတ်ဂျက်စတိုင် ပြောင်းပြီးတော့ ဒီမိုကရေစီ ဘတ်ဂျက်ကို ဘဏ္ဍာရေး ကော်မရှင်တင်ပြီးတော့မှ လုပ်ရတယ်။ တတိယနှစ်ကျ ပိုပိုသိလာတယ်။ ကျွန်တော်တို့ ပိုပိုနားလည်လာတယ်။ အခုသွားမယ့် စနစ်က ၂၀၁၄-၂၀၁၅ မှာ ပြည်သူဗဟိုပြုတဲ့ ဘတ်ဂျက်ဖြစ်အောင် People Sector Development ပြည်သူနဲ့ ဆွေးနွေးပြီးတော့ ပြည်သူတကယ်လိုတဲ့ လုပ်ငန်းကိုသာလျှင် ဘတ်ဂျက်ကို အောက်ကတက်လာမယ်။ အပေါ်ကလည်း မဟာဗျူဟာအရ လိုအပ်တာနဲ့ ပေါင်းစပ်တော့မှ Align ဖြစ်တဲ့ ဘတ်ဂျက် ဖြစ်လာမယ်။ တကယ့် တိတိကျကျနဲ့ တကယ့် Effective ရှိမယ့် ပြည်သူ တကယ်လိုတဲ့ဟာ ဖြစ်လာမယ်။ အခု ခင်ဗျားထမင်း စားချင်တယ်။ ကျွန်တော်က ထိုင်ခုံကို ထိုင်ဗျာလို့ ပေးတာနဲ့ မတူဘူးလေ။ ထမင်းစားချင်တာ ပေးလိုက်ရင် Align ဖြစ်တာပေါ့။ အဲဒါလေး ကျွန်တော်တို့ စလုပ်မယ်။ အခုလည်း ကျွန်တော်တို့ တွန်းအားပေးနေတယ်။ အပ်စရာ မရှိလောက်အောင် နည်းသွားမယ်။ တောင်းတာလည်းနည်း မယ်။ ပြန်အပ်စရာလည်း မရှိဘူး။ တချို့က တောင်းတာ ပိုတောင်းလိုက်တယ်။ ပစ္စည်းမရောက်တာရယ်၊ စက်မရောက်တာရယ်၊ Physical Study လုပ်တာ မပြီးတာနဲ့ ဘတ်ဂျက်နှစ် လွန်သွားရော။ လွန်သွားတော့ သူတို့က ပြီးမယ်ထင်ပြီး တောင်းထားတာရှိတယ်။ အခုတော့ တကယ့်ကို တိတိကျကျနဲ့ ၂၀၁၄- ၂၀၁၅ မှာ လုပ်ပါမယ်' ဟုပြောကြားသည်။ ဆက်လက်၍ ၎င်းက 'ကျွန်တော်တို့ အုပ်ချုပ်ရေးစနစ် Political System ပြုပြင်နေတယ်။ ပြုပြင်တယ် ဆိုတာက ကျေးရွာမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခန့်ထားတာရှိတယ်။ ပြီးတော့ ရပ်မိရပ်ဖ ငါးယောက်။ ရပ်မိရပ်ဖနဲ့ တိုင်ပင်ပြီးတော့လုပ်။ သူလုပ်ချင်ရမလုပ်နဲ့။ ရပ်မိရပ်ဖက ဘာလိုချင်လဲ။ ရပ်မိရပ်ဖ လိုချင်တာ ရေ။ သူလုပ်ချင်တာ တံတား ဒါဆို ညှိရမယ်။ ရပ်မိရပ်ဖက တယ်လီဖုန်း၊ သူလုပ်ချင်တာက ကျောင်းဆောက်တာ။ ဒီလို Community တွေ။ ရပ်ကွက်ပြီးတော့မြို့နယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာ အပေါင်း ရပ်မိရပ်ဖ။ သူတို့လုပ်ချင်ရာ လုပ်လို့မရဘူး။ ပြောချင်တာ ကတော့ အောက်ခြေ က လိုအပ်တာ၊ ကျေးရွာက လိုအပ်တာ။ ကျေးရွာဦးစားပေး လိုအပ်တာ။ ရပ်မိရပ်ဖနဲ့ ကျေးရွာက အမှန်တကယ် လိုအပ်တာကို မြို့နယ်တက်။ မြို့နယ်တွေကနေ တိုင်းနဲ့ ပြည်နယ်ကို ဆက်တက်။ အဲဒီကနေ ဘတ်ဂျက်လုပ်။ ကျွန်တော်တို့ ပြည်ထောင်စု အစိုးရကလည်း အဲဒီမြို့နယ်နဲ့တိုင်း လိုအပ်တာတွေနဲ့ Align ဖြစ်ရမယ်။ ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကတော့ အံချော်နေတယ်။ ပြည်ထောင်စု အစိုးရကတော့ ပြည်နယ်နဲ့တိုင်း မလုပ်နိုင်တဲ့ တံတားကြီးတွေ၊ လေယာဉ်ကွင်းကြီးတွေတော့ လုပ်မှာပေါ့။ ကျန်တဲ့ လိုအပ်ချက်ကတော့ အောက်ခြေပြည်သူတွေ လိုအပ်ချက်ကို အကောင်အထည်ဖော်ဖို့က People Sector Development ပဲ။ အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်ရမယ်။ တချို့နေရာမှာ အရင်တုန်းက တိုင်းပြည်ကောင်းအောင် လုပ်သော်လည်း Top Down ဖြစ်တဲ့ အခါကျတော့ Bottom Up က သူတို့လိုချင်တာ တခြားစီပဲ။ တစ်နေရာမှာ စစ်ကိုင်းတိုင်းလို့ ထင်တယ်။ ကျောင်းတစ်ကျောင်းကို ဗဟိုကချပေးတယ်။ သူတို့လိုချင်တာ တစ်နေရာ ဗဟိုကချပေးတာ တစ်နေရာ ဖြစ်နေ တယ်။ ပြည်သူက တကယ်လိုတာတွေ လုပ်ပေးမယ်' ဟု ပြောကြားခဲ့သည်။အစိုးရ ၀န်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများထဲမှ ပိုလျံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ ပြန်လည်အပ်နှံရန် ညွန်ကြားထားသော်လည်း လိုက်နာခြင်း မရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လာမည့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိနေရာ ၂၀၁၄ ခုနှစ်အတွက်ဘတ်ဂျက်ရေးဆွဲရာတွင် အောက်ခြေ ပြည်သူကိုယ်စားပြု ရေးဆွဲရန် စီစဉ်လာသည်ကို တွေ့ရခြင်းဖြစ်သည်။ Eleven Media Group
Posted on: Fri, 06 Sep 2013 01:59:16 +0000

Trending Topics



Recently Viewed Topics




© 2015