(၃၆)လအတွင်း - TopicsExpress



          

(၃၆)လအတွင်း မြန်မာနိုင်ငံ၏လူဦးရေ(၉၅)ရာခိုင်နှုန်းကို တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက်ဝန်ဆောင်မှုပေးမည် စင်ကာပူအခြေစိုကှ်Sin-gapore Telecommunications Limited (Sing Tel)နှင့် အကျိုးတူ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သောKBZ လုပ်ငန်းစုနှင့်Myanmar Telephone Company (M-Telတို့သည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးစက် မှုလုပ်ငန်းတည်ထောင်ရန်အစပျိုးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၂ဝ၁၃ခုနှစ်၊ ဇွန်လ(၁၁)ရက်၊ နံနက်(၁၁းဝဝ)နာရီ တွငှ်Strand Hotel၌ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ၌ှSing Tel၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဤလုပ်ငန်းစုကြီးသည် နိုင်ငံ တကာအဆင့်ဆက်သွယ်ရေးကွန်ရက် ကိုမြန်မာပြည်သူများအတွက်အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး မြန်မာပြည်သူ (၉၅)ရာခိုင်နှုန်း အ တွက် ၃၆လအတွင်း ဈေးသက်သာ သောဖုန်းခေါ်ဆိုခနှင့်ဆင်းကတ်များကို အသုံးပြုနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ် သည်။ Sing Tel အနေနဲ့ အခြေ ခံအဆောက်အအုံတွေဆောက်လုပ်ဖို့ ထက် မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ပို ပြီးတော့ထိထိရောက်ရောက်ဆက်သွယ် ပြောဆိုနိုင်ဖို့ဆောင်ရွက်သွားမယ်။Sing Tel မြန်မာနိုင်ငံအတွင်း ဝင် ရောက်ရင်းနှီးမြှုပ်နှံတဲ့အခါ နိုင်ငံသူနိုင် ငံသားတွေအနေနဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေရရှိတယ်။ မြန်မာနိုင်ငံအ နေနဲ့လည်း နည်းပညာတွေရရှိမယ်။ ဒါ ကတော့Sing Tel မြန်မာနိုင်ငံကို ဝင် ရောက်လာတဲ့အခါ မြန်မာနိုင်ငံကရရှိ မယ့် အကျိုးကျေးဇူးတွေပါပဲ'ဟုSing Tel International, Group Consumer CEO ဖြစ်သူြMr. Mark Chong ကပြောသည်။ KBZ လုပ်ငန်းစု၏ မန်နေ ဂျင်းဒါရိုက်တာဦးမျိုးညွန့်ကလည်းKBZ လုပ်ငန်းစုဟာ ကျောက်စိမ်းတူးဖော် ရောင်းချပြီးရရှိလာတဲ့ နိုင်ငံခြားငွေတွေ ကို အခြားဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ရာကနေ ပုဂ္ဂလိကအာမခံလုပ် ငန်းတွေ၊ လေကြောင်းလိုင်းတွေ၊ ဘဏ် လုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်တဲ့အထိ အောင်မြင် မှုအဆင့်ဆင့်ရရှိခဲ့တဲ့လုပ်ငန်းစုဖြစ်တယ်။KBZ လုပ်ငန်းစုဟာ အခုဆိုရင် မြန် မာပြည်မှာ အကြီးဆုံးလုပ်ငန်းစုတွေထဲ မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန် တော်တို့မှာ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ နှစ်ပေါင်း(၂ဝ)ကျော်အတွေ့အကြုံတွေ ရှိပါတယ်'ဟု ပြောကြားခဲ့သည်။ြMyanmar Telephone Company (M-Tel)လုပ်ငန်းစု၏ CEO ဖြစ်သူMr.Jonathan Myo Kyaw Thaungကလည်း 'ကျွန်တော် တို့ဟာ နှစ်ပေါင်း(၆ဝ)ကျော်ဒေသတွင်း စီးပွားရေးဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံ ကောင်းတွေရှိပါတယ်။ ကျွန်တော်တို့အ နေနဲ့ အတွေ့အကြုံများတှဲ့Sing Tel? KBZ လုပ်ငန်းစုတွေနဲ့ ပူးပေါင်းဆောင် ရွက်ခွင့်ရတဲ့အတွက် အလွန်ပဲဝမ်းသာမိ ပါတယ်။ ကျွန်တော်တို့မိတ်ဖက်ကုမ္ပဏီ (၃)ခုအနေနဲ့ မြန်မာနိုင်ငံရဲ့ အလျင်အ မြန်တိုးတက်လာနေတဲ့စီးပွားရေးမှာ အဓိပ္ပါယ်ရှိတဲ့ အခန်းကဏ္ဍကနေပါဝင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်'ဟု ပြောကြားခဲ့သည်။ စင်ကာပူ အခြေစိုက်Sing Tel သည် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ ဈေးကွက် များနှင့်အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်းနှင့် ဖိလစ်ပိုင်စသော ဖွံ့ဖြိုးဆဲဈေးကွက်များ တွင်လုပ်ငန်းဆောင်ရွက်ခဲ့သည့်အတွေ့ အကြုံများရရှိထားပြီး နိုင်ငံတကာတွင် ပြည်သူ ၄၆၈သန်းကျော်အား တယ်လီ ဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများပေး နေကြောင်း သိရသည်။
Posted on: Wed, 19 Jun 2013 05:20:17 +0000

Trending Topics



Recently Viewed Topics




© 2015