ကြည့်လက်စအနေနဲ - TopicsExpress



          

ကြည့်လက်စအနေနဲ့ ဆိုရင်တော့ အတော်အသင့်ဖျော်ဖြေမှုပေးနိုင်၊ ဆွဲဆောင်မှုလည်းရှိတဲ့ ဇာတ်ကားပါပဲ။ Naomi Watts ရဲ့ ဗြိတိသျှ လေသံကလည်း ပီပါတယ်။ နှလုံးခွဲစိတ်ဆရာဝန်နဲ့  သွားချိန်းတွေ့ ဖို့  အနက်ရောင်ဆံပင်တုနဲ့ ရုပ်ဖျက်သွားတဲ့အခန်းကတော့ တော်တော်လေး သဘောကျစရာကောင်းတယ်။ သို့ သော်ငြား Diana က အပြင်မှာ ထောင်မောင်း ထည်ဝါတဲ့ အလှပိုင်ရှင်။ Naomi ကတော့ သေးကွေးချစ်စဖွယ်ဘက်ကို ပိုရောက်နေသလိုပဲ။ တခြား Nicole Kidman တို့ လို ရှည်ရှည်ခန့် ခန့်  မင်းသမီးတစ်လက်နဲ့ ဆို ပိုလိုက်ဖက်မလားလို့ ။ သဘောမကျဆုံးကတော့ ဇာတ်လမ်းပါပဲ။ Diana ကို လူတွေ တွဲမှတ်မိနေတာက သူ့ ရဲ့ အချစ်ရေးဇာတ်လမ်းတွေနဲ့ ပရဟိတအလုပ်တွေ ဆိုပေမယ့် တကယ်တမ်း မှတ်မှတ်သားသားနဲ့ မမေ့နိုင်ဖြစ်ရတာက ကမ္ဘာကြီးအပေါ် သူနိုင်သလောက် ကောင်းရာကောင်းကျိုးတွေ လုပ်ပေးခဲ့တာကြောင့် အများကြီးပါပါတယ်။ The Queen တို့ လို The Kings Speech တို့ လို တော်ဝင်မိသားစုအကြောင်းရိုက်တဲ့ ဗြိတိသျှကားတွေမှာ တော်ဝင်မိသားစုတွေရဲ့ အရှုပ်အထွေးတွေအပြင် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေရတာကို အမြဲ အသိဝင်တဲ့ ပုံစံပေါ်အောင် ရိုက်ပြပေးနိုင်တယ်။ အခုရုပ်ရှင်ကြတော့ သွားလေသူ မင်းသမီးကို အချစ်မှာ အရူးအမူးပျော်ဝင်နေတဲ့ တော်ဝင်မင်းသမီးတစ်ပါးအဖြစ် မပိုဘူး။ အင်္ဂလန်က ဝေဖန်ရေးဆရာတွေ ဆဲတာလည်း မပြောနဲ့ ။ ကျနော်တောင် ဒေါသထွက်မိတဲ့ ဇာတ်လမ်းပါ။
Posted on: Mon, 10 Feb 2014 13:28:08 +0000

Trending Topics



Recently Viewed Topics




© 2015