ပြင်သစ်သို့ ပင့်ဆောင် - TopicsExpress



          

ပြင်သစ်သို့ ပင့်ဆောင် အပူဇော်ခံမည့် စကျင်ရုပ်ပွားတော် ရွှေတိဂုံ၌ ၁၅ ရက် အပူဇော်ခံမည် Friday, June 21, 2013 မုနိတော်ရှင် စကျင်ရုပ်ပွားတော်ကြီးကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု မြန်မာကျောင်းတော်ကြီးသို့ မပင့်ဆောင်မီ ရွှေတိဂုံ ဘုရားရင်ပြင်တော် ၌ ရင်ငွေ့လှုံ သီတင်းသုံးမည် ဖြစ်ကြောင်း သိရသည်။ ထိုဆင်းတုတော်ကို ဇူလိုင် ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ၁၅ ရက်တိုင်တိုင် သီတင်းသုံးမည် ဖြစ်သည်။ ယင်းဆင်းတုတော်ကို စကျင်ကျောက်တစ်တုံးတည်းဖြင့် ထုဆစ်ထားခြင်း ဖြစ်ပြီး မန္တလေးမြိှု့ရှိ ဦးမြင့်ဆွေ ၊ ဒေါ်ဝင်းဝင်းမြင့် မိသားစု ကျောက်ဆစ်လုပ်ငန်းမှ ထုလုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ခိုင်နွယ်ဦး Popular Myanmar News Journal
Posted on: Fri, 21 Jun 2013 13:26:33 +0000

Trending Topics



Recently Viewed Topics




© 2015