ပြိုင်ဆိုင်မှု - TopicsExpress



          

ပြိုင်ဆိုင်မှု အားလုံးထဲမှာ မိမိ အသက်မွေးဝမ်းကျောင်း ပညာ ကို ပြိုင်ဆိုင်ခြင်းဟာ ကြောက်စရာအကောင်းဆုံး ဖြစ်တယ်။ ၄င်းပြိုင်ဆိုင်မှုကြောင့် ပြိုင်ဆိုင်သူတိုင်းသည် ကြောက်စရာကောင်းလောက်အောင် ပညာပိုင်းတိုးတက်သွားနိုင်သလို ကြောက်စရာကောင်းလောက်အောင် စိတ်ဓါတ် ကျသွားနိုင်တယ်။ ထို့အပြင် ဒီဟာကြောင့်လည်း ဘာမဆို ဖြစ်သွားနိုင်တယ်။ (ကျွန်တော့် Post စာလုံးတွေတိုင်းမှာ "ပြိုင်ဆိုင်မှု" လို့ သမုတ်ထားပါတယ်။ "သရော်ခြင်း" မဟုတ်တာ ထပ်လောင်း သေချာစေချင်ပါတယ်။) ဟုတ်ပြီ။ ကဲ ပြိုင်နေကြပြီဆိုပါတော့။ ကျွန်တော် အရင်ပြခဲ့သလို Input -> Processing -> Output ဆိုတာရှိမယ်။ Q: ပြိုင်ဆိုင်တယ်ဆိုတာ ဘာအတွက်လဲ? ရည်ရွယ်ချက်က ဘာလဲ? - " ပြိုင်ဆိုင်တယ်ဆိုတာ ငါ့အတွက်။ ငါ့ Company အတွက်။ ငါ့မိသားစုအတွက်။ " အဲလို မျိုး စိတ်ထဲ ဖြစ်လာတယ်ဆိုရင် ငါစွဲတစ်ခုနဲ့အတူ သွားရှာပြီ။ :) (ဒီနေရာမှာ ပြိုင်ဆိုင်မှု နဲ့ အလုပ် ကွဲစေချင်ပါတယ်) အဲဒီအစား ဥပမာ တစ်ခု အနေနဲ့ "ငါ ပြိုင်လို့ ငါတိုးတက်လာတယ်ဆိုရင် ဘယ်သူပဲအကူအညီလိုလို ငါ ပြန်ပေးနိုင်မှာပေါ့။ " ဆိုပြီးတွေးရင် ... ? အဖြေကတော့ ကိုယ်တိုင်ထုတ်ပါ။ ပြိုင်ဆိုင်တယ်ဆိုတာ တကယ်ကောင်းပါတယ်။ ဘာကိုမှမထိခိုက်မယ့် တစ်ဘက်ဘက်က တစ်ခုခု သာသွားတဲ့အခါမျိုးမှာ ပြန်လည်မျှဝေပေးတဲ့ ပွင့်လင်း ရိုးရှင်းတဲ့ပြိုင်ဆိုင်မှုမျိုးဆို နှစ်ဘက်လုံး ပညာလည်းရ ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတွေအတွက်လည်း အထောက်အကူဖြစ် ပြီး မိတ်ဆွေလည်း တိုးပွားမှာဖြစ်တဲ့အတွက် Win-Win Situation နဲ့ အင်မတန်ကောင်းပေမယ့် တစ်ခုခု သို့မဟုတ် တစ်ဦးနဲ့တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး၊ ဘဏ္ဍာရေး၊ ပစ္စည်းဥစ္စာ ထိခိုက်စေမယ့် ပြိုင်ဆိုင်မှုမျိုးဆိုရင်တော့ အနိုင်ရသူအဖို့လည်း လူပုံအလယ်မှာ အတော်လေး အရုပ်ဆိုးအကြည်းတန်သွားမှာဖြစ်သလို ရှုံးနိမ့်သူအဖို့လည်း ဘ၀တစ်ဆစ်ချိုး အပြောင်းအလဲတစ်ခုဖြစ်သွားနိုင်ပါတယ်။ Q: ကဲ... ဟုတ်ပြီ.. ပြိုင်ဆိုင်မှုမရှိပဲကော သင့်အသက်မွေးဝမ်းကျောင်းပညာနဲ့ အသက်မွေးဝမ်းကျောင်း ဆက်လုပ်ရင် အဆင်ပြေမလား? A:အဆင်ပြေတာပေါ့... မငတ်မချင်းအဆင်ကတော့ ပြေနေမှာပဲ :P Who cares ? Q: ဒါပေမယ့် "ပြိုင်ဆိုင်မှုရှိမှ တိုးတက်တယ်" တဲ့ဗျ။ ခင်ဗျားစကားက လွဲနေပြီ။ (အမှန်က ဒီစကားလေးပြောချင်လို့ ဒီ မေးခွန်းလေးကို ကိုယ်တိုင် ဖန်တီးလိုက်တာပါ) ကိုယ့်ကိုကိုယ် နဲ့ပြိုင် ^_^ ပြိုင်သည် ဖြစ်စေ မပြိုင်သည်ဖြစ်စေ ရှေ့ဆက်မယ့် သင့်အနာဂတ်က ... ရွှေပုံပေါ်မှာ တစ်ယောက်ထဲ အထီးကျန်စွာ ထိုင်နေမှာလား ? အားလုံးကိုလက်တွဲခေါ်ပြီး ရွှေဒင်္ဂါး တစ်ယောက်တစ်ခုစီ ၀င်းဝင်းလက်လက် နဲ့ အားလုံးအတူတူ ပျော်ရွှင်မှာလား ? ဒီစာဖတ်ပြီး အတွေးတစ်ခုခု ရသွားတယ်ဆိုရင် ကျေနပ်ပါပြီ အချိန်ပေးဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် Yan Naing Myint [ Orca-Krilozona ]
Posted on: Mon, 26 Aug 2013 06:43:26 +0000

Trending Topics



Recently Viewed Topics




© 2015