သြော် ........မြန်မာ - TopicsExpress



          

သြော် ........မြန်မာ ............ =====------=====------===== မြန်မာနိုင်ငံအတွင်း (Inside myanmar) -------------------------------------- ကျွန်တော် တို့  သာကီဝင်မြန်မာတွေဟာ ကမ္ဘာ့ အယဉ်ကျေးဆုးံ လူမျိုးတွေပါ ။ဝေသာလီ ရခိုင်တွေလောက် စိတ်ထားမွန်မြတ်တာ လည်း မရှိပါဘူး။ဗုဒ္ဓဘာသာဟာ ကမ္ဘာ့ အငြိမ်းချမ်းဆုးံ ဘာသာပါ။ မတရားတာ ။အကြမ်းဖက်တာ ဘာမှ မလုပ်ပါဘူး ။ ကုလားတွေဟာ ကျနော်တို့  ဗမာနဲ့ ရခိုင်တွေကို မတရား သဖြင့် အနိုင်ကျင့်သတ်ဖြတ်နေပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာတွေဟာ အလွန်မတန် သည်းခံခြင်းတရား ပြည့်စုံ တဲ့ လူမျိုးတွေ ဖြစ်လို့ သူတို့ လုပ်သမျှ ခံနေတာပါ။ကျနော်တို့  ဗမာနဲ့ ရခိုင် ဗုဒ္ဓဘာသာတွေ ရဲ့ ကျေးဇူးကို ကုလားတွေနဲ့ တိုင်းရင်းသားတွေ ဆပ်ကို ဆပ်ရမယ်။ ကျေးဇူး မကန်းကြနဲ့ ။ ငါတို့ ဗမာ တွေ ရဲ့ ကျေးဇူး နဲ့ မြန်မာ နိုင်ငံ ရဲ့ ကျေးဇူး ကို မင်းတို့ ကုလား တွေနဲ့ တိုင်းရင်းသားတွေ ဆပ်ကို ဆပ်ရမယ်။ ငါတို့  ထိုင်နေမယ်။ ပျင်းလို့ ။မင်းတို့ က ငါတို့ ကို လုပ်ကိုင်ကျွေးမွေး ပြီး ဘုန်းကြီးတွေ ကိုလည်း ပေးကမ်း လျူဒါန်း ရမယ်။ဒါ ငါတို့  ဗုဒ္ဓဘာသာ အာဇာနည် နိုင်ငံတော်ကွ ။ကွ..ကွ...ကွ။ ဘာမှတ်လဲ။ ဗမာ နှင့် ရခိုင်ပြည်သူ အားလုးံနီးပါး.......= ဟုတ်တယ် ..မှန်တယ် ။မင်းတို့ က ဧသည် ။ငါတို့ က အိမ်ရှင်ကွ။ မြန်မာနိုင်ငံ အပြင်ဘက်(Outside of myanmar) ----------------------------------------------- မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ တွေနဲ့ တိုင်းရင်းသား ခရစ်ယာန်မျိုးနွယ်စုတွေကို သေချာအကွက်ချ လူမျိုးတုန်းသတ်ဖြတ်မှု (genocide)။ လူမျိုးရေး သန့် စင်မှု (ethnic cleaning ) ကို နှစ်ပေါင်းများစွာ ကတည်းက ကျူးလွန်နေပါတယ်။ ဝီရသူ ဦးဆောင်တဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာလည်း အစ္စလာမ်ဘာသာအပေါ်မှာ အကြမ်းဖက် တိုက်ခိုက်ရန် လှုံ့ဆော် နေတာကို ဗမာအစိုးရ ဟာ တစုံတရာ အရေးယူခြင်းမရှိပါဘူး။ မြန်မာနိုင်ငံ ဟာ လူမဆန်တဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှုတွေ။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်လက်ကျူး လွန်နေပါတယ်။ဒါ့ကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ မှုတွေ ဆက်ထားပြီး ကျူးလွန်ခဲ့ သူတွေကို အပြစ်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံပြည်သူ အများစု ဟာ လူမျိုးဘာသာခွဲခြားမှု(racism) ကို အပြင်းအထန် ထောက်ခံသူတွေဖြစ်ကြောင်း တွေ့ရှိနေရပါတယ်။ယခင်က စစ်အစိုးရ သာ လူ့ အခွင့်ရေးချိုးဖောက်မှုဖြင့် ကမ္ဘာကျော် နေသော မြန်မာသည်ယခု အခါ ပြည်သူများ၏ racism များနှင့် ဗုဒ္ဓဘာသာအကြမ်းဖက် ဘုန်းကြီး များကြောင့် ပိုမို စိတ်မကောင်းဖွယ် ဆိုးဝါးသောနာမည်ကျော်ကြား မှု ဖြစ်လာပါသည်။မြန်မာ၏ ဆိုးဝါးသော လူ့ အခွင့်ရေး ချိုးဖောက်မှုများ ကို ကုလ နှင့်ကမ္ဘာ့ အသိုင်းအဝိုင်း မှ တားဆီးနှိမ်နင်း ရန် အထူးလိုအပ်နေပါသည်။ ကမ္ဘာ့သတင်းဌာနများ.......... ကမ္ဘာ့ နိုင်ငံများ၏ အစိုးများ ...... ကမ္ဘာ့ပြည်သူများ ..........= yes.., ဟုတ်တယ်။မှန်တယ်။ မြန်မာကို အရေးယူပါ။ ပိတ်ဆို့ မှုတွေ ဆက်လုပ်ပါ။ ဖွင့်ထားတာတွေ ပြန်ပိတ်ပါ ။ မြန်မာနိုင်ငံ ထဲနဲ့ မြန်မာနိုင်ငံ အပြင်ဘက် က အခြေအနေ သတင်းတွေက တခြားစီ ပဲ။ နားလည်လား နွားခြေရာ ထဲက ဖားတွေ။
Posted on: Sat, 20 Jul 2013 02:30:27 +0000

Trending Topics



i
Emociones que…¡te hacen engordar! Hay kilos sobrantes que se
I’m off the bike and back into the car. Heading out to Young and

Recently Viewed Topics




© 2015