' - TopicsExpress



          

' သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုး၊ ရွှေတိုက်ကိုစိုး၊ တစ်တောဝင်တစ်တောင်ထွက် မြို့တက်တဲ့လမ်း ဘာညာကွိကွ၊ ဆိုင်းဘုတ်သာရျှိ၊ ကျန်တာမသိ' ၂၀၀၄ ခုနှစ်ပြင်ဦးလွင်ကန်တော်ကြီးဥယျာဉ်ရဲ့ Chairman က မန္တလေး တက္ကသိုလ်နဲ့ knowledge exchange လုပ်ဖို့ Mou ထိုးခဲ့တယ်။ တကယ်လည်း ထိုက်ထိုက်တန်တန်နဲ့ အကူအညီပေးခဲ့ပါတယ်။ Botany ဌာနနဲ့ သတ္တဗေဒဌာန ၂ ခုပေါ့ဗျာ။ ပြည်တွင်းမှာ Grant ပေးတာ ဂုဏ်ယူစရာပါ။ Chairman ကိုယ်တိုင်က သစ်တောပညာရှင်၊ ဒီနေ့ပြင်ဦးလွင်မှာရှိနေပေမယ့် နောက်(၃)ရက်လောက်မှာ ဥရောပရောက်နေတတ်သူ။ ဘာသာစကားကျွန်းကျင်မှုက International Standard အဲ့ဒီလိုပြောလို့ အခြားမထင်လိုက်နဲ့အုံး မြန်မာစစ်စစ်ကြီး။ Avary House အတွက် စင်္ကာပူကပညာရှင်၊ သစ်ခွအတွက် ဂျပန်ကပညာရှင် မြန်မာအမျိုးသမီး၊ အသီးသီးပေါ့လေ။ အားရစရာ။ Landscaping အတွက် Idea အမှန်နဲ့ လုပ်နိုင်မယ့် ပညာရှင်လည်းရှိတယ်။ ငှက်ဆိုင်ရာကျွမ်းကျင်သူက ကိုတင်ဖေ၊ ပန်းပွင့်တာတောင် ဒီဇိုင်းနဲ့၊ ဘယ် Angle က ကြည်ကြည် Rhythm မိရတယ်တဲ့။ Theory ပဲသိ၊ ကျန်တာမသိတဲ့ ကျွန်တော် . . . . . . . ဘာတွေပဲ ပြောပြောငေးစရာပဲ။ Chairman က ဘယ်လောက်တောင် တိုင်းပြည်အတွက်ကောင်းခဲ့လဲဆိုရင် National Geographic က ဓာတ်ပုံပညာရှင် မစ္စတာ ဒေါင်းလင်းကိုတောင် သတ္တ၀ါတွေ၊ ပန်းတွေကိုဘယ်လို စိတ်ခံစားမှုနဲ့ ဓာတ်ပုံရိုက်ရလဲဆိုတာ သင်ပေးရှာတယ်။ ကုန်ကျစရိတ် အကုန်ခံပြီး ခေါ်ခဲ့တယ်လေ။ မြန်မာတက္ကသိုလ်ကျောင်းသားတွေပေါ်မှာ ထားတဲ့စေတနာ။ ၂၀၀၅ ခုနှစ်ဆန်းပိုင်း တနင်္ဂနွေတစ်ရက်မှာ သြစတေးလျား သစ်တောတက္ကသိုလ်က Professor ဦးဆောင်တဲ့ Researcher ၃၉ ယောက် ကန်တော်ကြီးကို Tour programme နဲ့ ရောက်လာတယ်။ Botany က Taxonomist မြန်မာပြည်မှာ လက်တစ်ဖက်ရေရင်တောင် မပြည့်တဲ့၊ မရှိတဲ့ expert Dr. ဦးမြင့်အေး ဦးဆောင်ပြီး၊ ၂ ယောက်သား မိုးတွေထဲမှာ ပြင်ဦးလွင် ရောက်သွားတယ်။ ဆွေးနွေးကြတာပေါ့။ Chairman နဲ့ Dr. ဦးမြင့်အေး ပြောတာကို ကျွန်တော်လည်း အငေးသားနဲ့ပေါ့ဗျာ။ ကန်တော်ကြီးနဲ့ ပတ်သက်တဲ့ comment ပေးတဲ့ထဲမှာ အဆိုးဆုံးက သစ်တောသစ်ပင်ချစ်ခင်တဲ့ လူမျိုးဆိုပြီး ဆိုင်းဘုတ်တွေကို အားရပါးရသံနဲ့ရိုက်ထားတာ မင်းတို့တိုင်းပြည်ပဲတွေ့ဖူးတယ်တဲ့။ သစ်ပင်တွေမှာလည်း တစ်လမ်းလုံးဘာမှန်းမသိတဲ့ ဆိုင်းဘုတ်တွေ အများကြီးတွေ့ခဲ့ရတယ်တဲ့။ တစ်ကယ်ချစ်ရင် သံနဲ့မရိုက်ရဘူးလေတဲ့။ အပင်ကသက်ရှိတဲ့၊ Respond to Stimuli တဲ့ မင်းကကောင်းကောင်းဆက်ဆံရင် အပင်ကလည်း မင်းကိုကောင်းကောင်းတုံ့ပြန်ပါလိမ့်မယ်တဲ့။ ရယ်ရယ်မောမောပြောသွားတာ။ ကျွန်တော်တို့ကတော့ အရှက်ပြေဘာမှ မသိတဲ့ပုံစံနဲ့၊ ဒီပုံစံကလည်း အချိန်အတော်ကြာ အသားကျပြီးသားပါလေ။ OK ! အန်ကယ်က Special meeting ခေါ်ပြီးသံနဲ့ရိုက်ထားတဲ့ ဆိုင်းဘုတ်တွေဖြုတ် အပင်ရဲ့အောက်ခြေမှာ ဆိုင်းဘုတ်လေးတွေ မြေကြီးထဲစိုက်ပြီး၊ အပင်ရဲ့မျိုးခွဲဗေဒကို ရေးတယ်လေ။ သိန်း ၂၀၀ လောက်ကုန်သွားတယ်။ ဒါပေမယ့် ဂုဏ်သိက္ခာအတွက် အမှားကို ချက်ခြင်းပြင်ခဲ့တယ်။ ပညာရှင်ဆိုတာ မှားမှန်းသိရင် ဂုဏ်သိက္ခာအတွက် ငွေကိုမတိုင်းတာခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်ကနော်။ ၂၀၁၃ မှာ သံ ပြန်သုံးနေသလား။ သေချာတာကတော့ လဒနဲ့တေးဆိုငှက် အတူတူယှဉ်တွဲနေထိုင်တဲ့ Post နဲ့၊ မျောက်တွေကို ခဲနဲ့ထုလို့ မျောက်စိတ်ဆင်းရဲပြီး အော်သံတွေ ကြားရင် Garden ဆိုတာ အပန်းဖြေရုံသက်သက်မဟုတ်ဘဲ၊ ပညာပေးတဲ့နေရာဆိုတာ သိစေချင်တယ်။ Civic နဲ့ ethic ထွန်းကားရင် ဆိုင်းဘုတ်တွေက အရေးမကြီးပါဘူးဗျာ။ Many Thanks.
Posted on: Sat, 06 Jul 2013 03:25:00 +0000

Trending Topics



E-tanto-não-houve-funcionários-vitimas-deste-género-de-topic-592012634170549">E tanto não houve funcionários vitimas deste género de
Helo HE875 Chrome Wheel with Gloss Black Accent Finish

Recently Viewed Topics




© 2015