"ကျွန်တော်တို့ရဲ့ - TopicsExpress



          

"ကျွန်တော်တို့ရဲ့ စီစီဖလိုင်းများ" (Tsetse fly) အစည်းအဝေးတွေဖိတ်ရင် ခေါ်ထားတဲ့ အချိန်ထက်နောက်ကျ၊ အစည်းအဝေးစရင် မိုက်လေးကိုင် တောင်ပြောမြောက်ပြော၊ မိုက်ပျော်တဲ့အမျိုး၊ မိုက်ထဲကထွက်တဲ့ ကိုယ့်ရဲ့အသံ ပဲ့တင်သံကို အင်မတန်နှစ်ခြိုက်တဲ့ လူတွေပေါတဲ့ အရပ်ဒေသ။ လူတစ်ယောက်ရဲ့ စိတ်ပါဝင်စားမှုအချိန်၊ အသံရဲ့ညစ်ညမ်းမှု (noise pollution) တွေကိုထည့်မတွက် ကိုယ်မသိတာကို သိတဲ့ လူတွေကို ညွှန်ကြးတဲ့ပွဲတွေ များများတွေ့လာတော့ သင်ခဲ့ဖူးတဲ့ စီစီဖလိုင်းကို သတိရမိတယ်။ အာဖရိက အလယ်ပိုင်း၊ ဆဟာရ သဲကန္တာရထဲမှာ တွေ့ရတဲ့ Tsetse ဖလိုင်း၊ သူကို tzetze, tik-tik လို့လဲခေါ်တယ်။ သူ့ရဲ့အဟာရက ကျောရိုးရှိသတ္တ၀ါ၊ လူလဲပါတောပေါ့ . . . . သူတို့ရဲ့ သွေးကိုစုတ်တဲ့ ခြင်ပဲဆိုဆို၊ ယင်ပဲဆိုဆို . . . . အင်းဆက်တစ်မျိုး။ တောထဲမှာ နွားကျောင်းရင်း၊ သွားရင်းလာရင်း စီစီဖလိုင်းကိုက်ရင်ဖြစ်သွားတာက sleeping sickness အိပ်ချင်သွားတာ။ လွန်ခဲတဲ့ နှစ်သန်းပေါင်း ၃၄ သန်းလောက်ကတည်းက ရှိခဲ့တာ။ အသေးစိတ်တော့ မပြောတော့ပါ့ဘူး။ ဒါပေမယ့် ပျင်းတယ် . . . . အစွမ်းထက်တာ ကျွန်တော်တို့ရဲ့ စီစီဖလိုင်းတွေကမှ အစွမ်းထက်တာ။ သတို့မိုက်ကိုင်တာနဲ့ ပရိတ်သတ်တစ်ဝက်လောက်က အိပ်နေပြီ၊ ဒါလည်း Professional စီစီဖလိုင်းပေါတာပဲဆိုပြီး ဂုဏ်ယူရမှာပေါ့။
Posted on: Mon, 15 Jul 2013 07:32:42 +0000

Trending Topics



Recently Viewed Topics




© 2015