ပြည်ထောင်စုရှေ့နေချုပ် - TopicsExpress



          

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်အား အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် ဂုဏ်ထူးဆောင်ဆု ချီးမြှင့် 2.12.2013 အပြည်ပြည်ဆိုင်ရာ ဥပဒေပညာ ရှင်များ ညီလာခံတွင် ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် ဂုဏ်ထူးဆောင်ဆု (InternationalJurists Award -2013)) ကို ညီလာခံက ဆုချီးမြှင့်ခဲ့သည်။ အဆိုပါဆုသည် ကမ္ဘာ့ဥပဒေလောကကို ထူးခြားသော ပံ့ပိုးစွမ်း ဆောင်မှုများအတွက် အဆင့်မြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကောင်စီ၏ ဂျူရီအဖွဲ့မှရွေးချယ် ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက် ဆုကို ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်အား အစည်းအဝေး တက်ရောက်လာကြသည့် တရားသူကြီးချုပ်များ၊ တရားရေးဝန်ကြီးများ၊ တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဦးဆောင်ရှေ့နေ ရှေ့ရပ်များ၊ ကမ္ဘာ့ဥပဒေပညာရှင်များ၊ အိန္ဒိယနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ခင်စိုးတို့၏ ရှေ့မှောက်တွင် အိန္ဒိယနိုင်ငံ New and Renewable Energy ဝန်ကြီးဌာန ဝန်ကြီး H.E.Dr.Farooq Abdullah က နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အခမ်းအနားဖြင့် ဆုချီးမြှင့်ခဲ့သည်။ ဂုဏ်ထူးဆောင်ဆုကို ကမ္ဘာ့ဥပဒေလောကအား ဥပဒေပညာဖြင့် ထူးကဲစွာ အထောက်အပံ့ ပြုခဲ့သော အပြည်ပြည်ဆိုင်ရာ တရားရုံးချုပ် တရားသူကြီးချုပ် (President and Vice-President of Justices of International Court of Justice)၊ နိုင်ငံကြီးများ၏ တရားသူကြီးချုပ်များ တရားရေးဝန်ကြီးများ၊ ကမ္ဘာပေါ်ရှိ နိုင်ငံကြီးများမှ တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အာဆီယံနိုင်ငံများ အတွင်းမှ စင်ကာပူနိုင်ငံ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နှစ်ဦး၊ UNODC နှင့် UNICTR မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားသည့် ဥပဒေပါမောက္ခများနှင့် ဥပဒေပညာရှင်များကို ယခင်နှစ်များကလည်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် ဂုဏ်ထူးဆောင်ဆု လက်ခံရရှိပြီးနောက် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ညီလာခံ၏ လုပ်ငန်းအစည်းအဝေးများတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ MOI
Posted on: Mon, 02 Dec 2013 03:35:45 +0000

Trending Topics



Recently Viewed Topics




© 2015