မြန်မာပြည်က လူမသိသူမသိ - TopicsExpress



          

မြန်မာပြည်က လူမသိသူမသိ ပျောက်ဆုံးသွားခဲ့ရတဲ့ ကျောက်ထင်းရှူး Yew Tree (Taxus baccato) မြန်မာပြည်က အဖိုးတန်ဆုံး ပြည်နယ်ပြပါဆိုရင် ကချင်ပြည်နယ်လို့ပြောရမယ်။ ကျောက်စိမ်း၊ အဖိုးတန်စစ်သုံး High tech: သတ္တုတွေ၊ သစ်ခွနက်၊ ရှားပါးတာကင်၊ လိပ်ပြာ အမျိုးမျိုး၊ ပြောလို့တောင်ကုန်မှာမဟုတ်ဘူး။ သယံဇာတကျိန်စာတွေလည်း အဆိုးဆုံးဖြစ်တဲ့ ပြည်နယ်ပေါ့။ အဆိုးဆုံးက မြစ်ဆုံလေ။ အထင်ရှားဆုံး သာဓကပေါ့ဗျာ။ သိသူဖော်စားဆိုတဲ့အတိုင်း မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်က ကျောက်ထင်းရှူး Yew Tree ပင်တွေက အလှစိုက်မှာလိုလို၊ ဘာလိုလိုနဲ့ တိဗက်ဘက်ကနေခိုးလိုက်၊ နာက်အားမရတော့ ဆိုင်ကယ်တွေနဲ့ ဗန်းမော်ဘက်ကနေ ခိုးထုတ်ပြန်တယ်။ သာမန်အပင်ဝယ်တဲ့ ဈေးနဲ့ဝယ်တာပေါ့လေ။ ဒေသခံတွေကလည်း အပိုဝင်ငွေရတော့ အဆင်ပြေတာပေါ့။ ဒီလိုနဲ့ ၁၀ စုနှစ်လောက် အကုန်ယူသွားပြီးတဲ့ကာလတစ်ခု၊ ၂၀၀၅ ခုနှစ်မှာ ဟော်လန်နိုင်ငံ အမ်စတာဒမ် မြို့တော်မှာ ကျင်းပခဲ့တဲ့ သစ်တောသယံဇာတ Conference တစ်ခုမှာ မြန်မာပြည်က သစ်တောပညာရှင်တစ်ယောက်လည်းတက်ခဲ့တယ်။ အဲ့ဒီပွဲမှာ Yew Tree ရဲ့ အသုံးဝင်ပုံ၊ Cancer အမျိုး ၂၀ ပျောက်တယ်၊ ပင်နဆလင်ပုလင်းတစ်ပုလင်းစာ extract ကို us$ 5000၊ ပေါက်ရောက်ရာ ဒေသကမြန်မာပြည်။ သစ်တောပညာရှင်ကအူကြောင်ကြောင်နဲ့ ခင်ဗျာ! အဲ့ဒါကျွန်တော်တို့ဆီမှာ ရှိတာလား။ အရှက်ပြေပြောပြီး၊ မြန်မာပြည်ကိုပြန်တော့ Yew tree နတ္ထိ။ တရုတ်ပြည်မှာ အဲ့ဒီအပင်ကိုခုတ်မိရင် ရောင်းဝယ်မိရင် သေဒဏ်။ သစ်တောဝန်ကြီးဌာနကို တင်ပြပြီး အမြန်ဥပဒေထုတ်ရှာတယ်။ ဒီအပင်ကို မြန်မာပြည်ရဲ့ မျိုးတုန်းတော့မယ့်အပင်အဖြစ်သတ်မှတ်တယ်။ ကာကွယ်ရမယ် ဘာညာပေါ့ဗျာ။ သေချာတာကတော့ ဘာမှမရှိတော့ဘူးလေ။ ကျန်ခဲ့တဲ့ ရှိစုမဲ့စု အပင်လေး သုံးလေးပင်ကိုရှာပြီး အမျိုးသားကန်တော်ကြီးပြင်ဦးလွင် အကွက်အမှတ် (၃၇) Coniferae အုပ်စုမှာ စိုက်ထားရှာတယ်။ ပြင်ဦးလွင်ရောက်ရင် ကျွန်တော်တို့်ရဲ့ Yew tree ပင်ကို မြင်ဖူးအောင် ကြည့်စေချင်တယ်ဗျာ။ တော်ကြာ နောက်ဆိုရင် အမျိုးအမည်မသိပျောက်သွားမှာစိုးလို့။
Posted on: Thu, 04 Jul 2013 04:38:22 +0000

Trending Topics



Recently Viewed Topics




© 2015