မြဝတီရုပ်သံ အစီအစဉ်ကို - TopicsExpress



          

မြဝတီရုပ်သံ အစီအစဉ်ကို တစ်ကမ္ဘာလုံးမှ ကြည့်ရှုနိုင်ပြီ ........... ယနေ့ခေတ်မှာ မီဒီယာ လောကကို သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ဆောင် နေကြတယ်။ အဲဒီလို အချိန် သတင်း လောကမှာ ခြေဆန့် လျှောက်လည် ဖတ်ရှုရင်းနဲ့ မြဝတီ Web portal က အစီအစဉ်လေး တစ်ခုကို တွေ့လိုက်ရတယ်။ မြဝတီ အစီအစဉ်ကို အင်တာနက် ပေါ်က တစ်ဆင့် ကမ္ဘာ အရပ်ရပ်က ကြည့်ရှုလို့ ရတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ကြည့်ရင်းက ကျွန်တော် ကြည့်သလို တခြားသူတွေလည်း ကြည့်နိုင်အောင် ကြည့်ရှုတဲ့ နည်းလမ်း လေးတွေကို ကျွန်တော် ရေးသား ဖော်ပြ ပေးလိုက်ပါတယ်။ မြဝတီရုပ်သံ အစီအစဉ်ကို Web Browser ဖြင့် ကြည့်ရှုခြင်း (၁) မိမိ စက်အတွင်းမှ Mozilla Firefox Browser ကိုဖွင့်ပါ။ (၂) Browser Address Bar တွင် မြဝတီ web portal လိပ်စာ myawady.mm/ ကိုရိုက်ထည့်ပါ။ (၃) မြဝတီ web portal ပွင့်လာသောအခါ အပေါ်မှ MWDLive သို့မဟုတ် ညာဘက်မှ မြဝတီ ရုပ်မြင်သံကြား Live Stream စမ်းသပ် ထုတ်လွှင့်မှုကို တိုက်ရိုက်ကြည့်ရှုရန် ဆိုသည့် နေရာတွင် ကလစ်ပြုလုပ်ပါ။ အောက်တွင်ပြထားသည့် ပုံအတိုင်း မြဝတီ ရုပ်သံ အစီအစဉ်ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထိုသို့ကြည့်ရှုရန် မိမိ၏ Mozilla Firefox တွင် မပေါ်လာပါက မိမိစက်တွင် VLC Player 2.0.5 ကို Install ပြုလုပ်ရန် လိုအပ်ပေသည်။ VLC Player 2.0.5 ကို ပုံတွင် အပိုင်းပြ ထားသော နေရာ၌ Download ပြုလုပ်နိုင်ပါသည်။ အထက်အပါ အတိုင်း Install ပြုလုပ်ပြီး ပါက မြ၀တီ ရုပ်သံ အစီအစဉ်ကို Web Browser ဖြင့် ကြည့်ရှုနိုင်ပါသည်။ myawady.mm/allnews/headline/item/22591-2013-08-16-16-31-18
Posted on: Sat, 17 Aug 2013 15:15:11 +0000

Trending Topics



that have tried to uncover this
Saint Martin Luther threw an inkwell at the devil!! The Photo -
Auburn University offers MyCAA approved, Accredited, Online and
Henri Konan Bédié, au 12è Congrès du Pdci, 03 Oct 2013: «
Its amazing how God can give you a spirit of calmness truly God
In my earlier post, I mentioned that 2012 Open champion Ernie Els

Recently Viewed Topics




© 2015