Australia နိုင်ငံ Sydney မြို့  - TopicsExpress



          

Australia နိုင်ငံ Sydney မြို့  မှာရှိတဲ့ University of Western Sydney တွင် MBA (Master of Business Administration ) Program အသစ်ကို ယခုနှစ် September 2013 မှစတင်၍ သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ် September 2013 Intake အတွက် Scholarship ( ၅ ) ယောက် ပေးအပ်မည်ဖြစ်ပြီး တစ်ဦးလျှင် AUD $3600 စီရရှိမည် ဖြစ်သည်။ ၄င်း Scholarship ကို Business ဘာသာရပ် ကို ကြိုတင်လေ့လာထားခြင်း မရှိသေး သူများ လုပ်ငန်း အတွေ့အကြုံ မရှိသောသူများလည်း လျှောက်ထားနိုင်မှာဖြစ်ပါသည်။ ၎င်း MBA Program သည် ၂နှစ်ကြာမြင့်မည်ဖြစ်ပြီး Hospitality and Tourism, Human Resources Management, Innovation and Entrepreneurship, Logistics and Supply Chain Management, Management, Marketing and Sustainable Business ဘာသာရပ်များထဲမှ မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်တစ်ခုကို ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ စီးပွားရေးဘာသာရပ်နှင့် ပတ်သက်၍ အခြေခံမှ စတင်သင်ကြားသွားမည်ဖြစ်ပြီး ကျောင်းသူ/ သားများအနေနှင့် ပြင်ပ Business Project များ ၊ Sydney မြို့ရှိ အခြားသော စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းများ တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ရမည်ဖြစ်သဖြင့် အလွန်ကောင်းမွန်သော လုပ်ငန်းအတွေ့အကြုံသစ်များကိုပါ ရရှိမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသည့်မည်သည့်ဘွဲ့ရ မဆို လျှောက်ထားနိုင်ပြီး IELTS အမှတ် 6.5 ရရှိထားရန်လိုအပ်ပါသည်။ Scholarship လျှောက်ထားလိုသူများ အနေနှင့် University of Western Sydney ၏ တရားဝင် Agent ဖြစ်သော AVSS Myanmar ဖုန်း (၀၉-၄၅၀၀၀၆၉၄၄၊ ၀၉-၄၅၀၀၀၆၉၅၅)မှ တစ်ဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။ More >> myanmarict/reviews/education/scholarship-for-australia-mba-program-in-university-of-western-sydney/
Posted on: Thu, 08 Aug 2013 10:07:38 +0000

Trending Topics



Recently Viewed Topics




© 2015