Human Immunodeficiency Virus (HIV) ၂၀ - TopicsExpress



          

Human Immunodeficiency Virus (HIV) ၂၀ ရာစုနောက်ပိုင်းမှစပြီး ယခုအချိန်အထိ လူသားများ၏ကျန်းမာရေး၊ လူမှုစီးပွားရေးကို အကြီးအကျယ် ထိခိုက်စေသော ကပ်ရောဂါတစ်ခုဖြစ်လာမည့် Acquired Immunodeficiency Syndrome (AIDS) ကို ၁၉၈၁ ခုနှစ်က စတင်ဖော်ထုတ်တွေ့ရှိခဲ့ပါသည်။ အစက ယင်းရောဂါဖြစ်ပွားစေသော Virus ကို အမည်များပေးခဲ့သော်လည်း ၁၉၈၆ ခုနှစ်၊ ပြင်သစ်နှင့် အမေရိကန်တို့နှစ်ဦးသဘောတူ (HIV)ဟု သတ်မှတ်ခဲ့ကြပါသည်။ HIV နှစ်မျိုးရှိရာ HIV-1 နှင့် HIV-2 ဟု သတ်မှတ်ထားကြောင်း၊ HIV-1 မှာ ၂၀ ရာစုအတွင်း အာဖရိကတိုက်ရှိ Cameroon နိုင်ငံတောင်ပိုင်းရှိ Chimpanzee မျောက်များ (Pantroglodytes troglodytes) မှ ကူးစက်လာသည်ဟု ယူဆရကြောင်း၊ HIV-2 မှာလည်း Guinea-Bissau, Gabon နှင့် Cameroon နိုင်ငံများရှိ ကမ္ဘာ့ရှေးဦးမျောက်မျိုးဖြစ်သော Sooty Mangabey (Ceroubus atys) မှ ကူးစက်လာဖွယ်ရာရှိကြောင်း HIV-1 သည် အလွန်အန္တရာယ်ရှိပြီး ကူးစက်လွယ်သော Virus ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် အဓိကဖြစ်ပေါ်နေသော HIV ဖြစ်ပါသည်။ HIV-2 သည် ကူးစက်မှုနည်းသော Virus ဖြစ်ပြီး အနောက်အာဖရိကတွင်သာ ဖြစ်ပေါ်ကြောင်းသိရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှတ်တမ်းများအရ ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှ ၂၀၀၆ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့အထိ AIDS ရောဂါဖြင့် လူပေါင်း၂၅ သန်းကျော် အသက်ဆုံးရှုံးခဲ့သောကြောင့် အကြီးမားဆုံးသော ကူးစက်ရောဂါဖြစ်ကြောင်း ၂၀၀၅ ခုနှစ်အတွင်း လူ ၂.၄ သန်းမှ ၃.၃ သန်းအထိ အသက်ဆုံးရှုံးခဲ့ပြီး ယင်းအနက် ၅၇၀၀၀၀ ခန့်မှာ ကလေးငယ်များ ဖြစ်ကြောင်း၊ အာဖရိကတိုက်တွင် လူသန်း ၉၀ ခန့် HIV ပိုးကူးစက်ခံနေရကြောင်း သိရှိရပါသည်။
Posted on: Fri, 16 Aug 2013 10:19:39 +0000

Trending Topics



Recently Viewed Topics




© 2015