IP address - TopicsExpress



          

IP address အကြောင်းသိကောင်းစရာ computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။ အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။ ကျွန်တော်တို့ လူတွေမှာလည်းဘာသာ စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့ computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ သုံးဖို့လိုပါတယ်။ TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။ IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits နဲ့အလုပ်လုပ်ပြီးV6ကတော့ 128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။ V4 IP address မှာ Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့ နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။ ( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့ machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။ ( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer 5 လုံး၊ Group 2 မှာ computer 5 လုံး၊ ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2 ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ် Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။) Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။ အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ် Network Address, Host Address IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့ အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့ addressအစုအဝေးတစ်ခုဖြစ်ပြီး၊ HostAddressဆိုတာတော့ Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။ IP address ဒီလို အလုပ်လုပ်တယ် IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ 32bitsကို8bitsစီ၊8bitsစီအပိုင်း လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့် သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊ ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။ ( ဥပမာ- 192.168.1 .100) တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။ 8bits ပါဝင်တဲ့ အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။ ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။ IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP address ရဲ့ ပထမဆုံးအပိုင်း ( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။ Class 1st octect range A 1 to 126 B 128 to 191 C 192 to 223 ဥပမာ- 10.10.152.1 Class A 172.16.10.1 Class B 192.168.2.1 Class C ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။ Local Machine Address အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။ အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့ ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။ local machine address ဆိုတာ computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။ ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ - လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊ ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့ (စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော် စတဲ့ နာမ်စားတစ်ခုနဲ့ ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol သုံးပြီး Network ချိတ်တဲ့ computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့် ကိုယ့် computer ကို ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။ အလွယ်ပြောရင်တော့  computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ အလုပ်လုပ်နိုင် မလုပ်နိုင်၊ NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။ Credit To:aunglay17.multiply/journal/item/53 mmithelper
Posted on: Fri, 14 Jun 2013 00:37:26 +0000

Trending Topics



Recently Viewed Topics




© 2015