Microsoft ကုမ္ပဏီ၏ - TopicsExpress



          

Microsoft ကုမ္ပဏီ၏ လုံခြုံရေးဆိုင်ရာအရာရှိချုပ်နှင့် အကြံပေး (အာရှ) တာဝန်ယူထားသူတစ်ဦး လာရောက်မည် by Internet Journal ==================================== Microsoft ကုမ္ပဏီ၏ Chief Security Officer and Advisor (Asia) တစ်ဦးဖြစ်သူ Mr. Pierre Noel မြန်မာနိုင်ငံသို့ လာရောက်၍ ကွန်ပျူတာ၊ ကွန်ရက်၊ Product စသည်တို့၏ လုံခြုံရေးပိုင်းနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်မည်ဟု မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Mr. Pierre Noel သည် စက်တက်ဘာလ ၁၆ ရက်နေ့၊ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် လာရောက်မည်ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်တို့တွင် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်မည်ဟုသိရသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် e-Government အတွက် အသုံးပြုနေသည့် Product များနှင့် ပတ်သက်သည့် လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ သိထားသင့်သည်များကိုပါ ဆွေးနွေးသွားမည်ဟုသိရသည်။ ထို့ပြင် Myanmar Computer Emergency Respond Team (mmCERT) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုံခြုံရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကိုလည်း ပြုလုပ်မည်ဟု သိရသည်။
Posted on: Mon, 26 Aug 2013 17:23:30 +0000

Trending Topics



Recently Viewed Topics




© 2015