Text Book လား .. ? Guide Book - TopicsExpress



          

Text Book လား .. ? Guide Book လား..?... ကျွန်တော်တို့ မြို့ပြအင်ဂျင်နီယာ ကျောင်းသားဘ၀မှာ သင်ခဲ့တဲ့ စာတွေရဲ့ မူရင်း စာအုပ်တွေဟာ Text book တွေလား.. Guide Book တွေလား ဆိုတာ ကျောင်းပြီးပြီး အတော် ကြာမှ ဆန်းစစ်တတ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် နောက်ဆုံးနှစ်မှာ steel design သင်ရပါတယ်။ ပြဌာန်းစာအုပ်က Steel Structures : Design and Behavior , 3rd edition ပါ။ စာအုပ်က ရန်ကုန်မှာ ကော်ပီကူးပြီး ပြန်ထုတ်ထားလို့ ပုံနှိပ်မှတ်တမ်းတောင် မပါပါဘူး။ ရေးသားသူတွေက Charles G Salmon , John E Johnson တို့ ဖြစ်ပါတယ်။ အခု အဲဒီ စာအုပ်ကို 5 edition အထိ ပြန်ထုတ်ထားတယ်လို့ သိရပါတယ်။ ၂၀၀၁ ခုနှစ် Fifth year မှာ concrete design သင်ရပါတယ်။ ပြဌာန်းစာအုပ်က Design of Concrete Structures , 12th edition , 1997 ခုနှစ်ထုတ်ပါ။ ရေးသားသူက H Nilson ဖြစ်ပါတယ်။ အင်မတန် နာမည်ကြီးတဲ့ ပရော်ဖက်ဆာ ဖြစ်မယ်ထင်ပါတယ်။ ACI က ထုတ်တဲ့ ကုဒ် အတော်များများမှာ သူ့နာမည်ကို တွေ့ရပါတယ်။ ဒီစာအုပ်က နောက်ဆုံး 14th edition ထွတ်ထားပါတယ်။ အထက်ပါ စာအုပ် ၂ အုပ်စလုံး ကျွန်တော့် ရှိပါသေးတယ်။ တခြား နည်းပညာတက္ကသိုလ်တွေမှာလည်း ဒီ ၂ အုပ်ကိုပဲ သင်မယ်လို့ ထင်ပါတယ်။ အဲသည် စာအုပ်တွေ မဟုတ်လည်း သဘောတရားချင်း သိပ်မကွာတဲ့ စာအုပ် ၂ အုပ် တခုခုတော့ သင်ရမှာပါ။ တချို့ နယ်ကျောင်းတွေမှာ မူရင်းစာအုပ် ရဖို့ အခက်အခဲ ရှိတဲ့အတွက် ဆရာတွေက သီးသန့် မှတ်စုထုတ်ပြီး သင်ပေးပါတယ်လို့ သိရပါတယ်။ အဲသည် မှတ်စု စာအုပ်တွေရဲ့ မူရင်းကလည်း ဒီစာအုပ်တွေပဲ ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် မြို့ပြအင်ယာအားလုံး ဒီ ၂ အုပ်ကို လေ့လာဖူးကြမှာပါ။ ဒီ ၂ အုပ်က Text book လား ?? Guide book လား ?? Text book ဆိုတာ ဘာလည်း ၊ Guide Book ဆိုတာ ဘာလည်း ..။ Civil engineering နဲ့ ဆိုင်တဲ့ authority တခုခုကနေ ... ငါတို့ အဆောက်အဦတွေကို ဒီသတ်မှတ်ချက်အတိုင်း ဆောက်ရမယ်ဆိုပြီး ကုဒ်တခုကို ပြဌာန်းပါတယ်။ ဥပမာ American Institute of Steel Construction ကနေ steel structure နဲ့ ဆိုင်တဲ့ ကုဒ် (Code) တခု ပြဌာန်းပါတယ်။ AISC 360-2005 ပေါ့ဗျာ။ ကုဒ်မှာက ဘာလုပ်ရမယ် ဆိုတာ ပါပါတယ်။ ဘာမလုပ်ရဘူးဆိုတာ နည်း နည်းပါချင်ပါမယ်။ ဘယ်လို တွက်ရမယ် ၊ ဘယ်လိုဒီဇိုင်း လုပ်ရမယ် ၊ ဘယ်အခြေအနေမှာ ဘာကို ယူသုံးရမယ် ဆိုတာ တွက်ပုံတွက်နည်းနဲ့ တကွ အသေးစိတ်တော့ မပါပါဘူး။ ဒီကုဒ်ကို ဘယ်လို အသုံးပြုရမယ်ဆိုတဲ့ အသေးစိတ်ကို ကုဒ် ပြဌာန်းတဲ့ AISC ကနေ အသုံးပြုနည်း စာအုပ် ထုတ်ပါတယ်။ အဲဒါက Guide book ဖြစ်ပါတယ်။ AISC ကနေ ပြဌာန်းတဲ့ ကုဒ်ကို တက္ကသိုလ်တွေက ပရော်ဖက်ဆာတွေ ၊ အခြား ပညာရှင်တွေက ဥပမာတွေ ပေးပြီး သင်ခန်းစာ စာအုပ်တွေ ထုတ်ပါတယ်။ ကုဒ်တခုကိုပဲ ဆရာ အများအပြားက သင်ခန်းစာ စာအုပ်တွေ ထုတ်တာပါ။ စာရေးသူ ဆရာတွေရဲ့ အိုင်ဒီယာပေါ်မူတည်ပြီး နာမည်ကြီးတဲ့ စာအုပ်က ကြီး ၊ မကြီးတာက မကြီးပါ။ အဲဒါက Text book ပါ။ ကျောင်းတက်တုန်းက ဆရာတွေနဲ့ ကျောင်းက ရွေးချယ်ထားတဲ့ သင်ခန်းစာ စာအုပ် Text book ကို သင်ရပါတယ်။ ကျောင်းကထွက်ပြီး အလုပ်ခွင်ထဲ ရောက်တော့ Text book တွေထက် Guide book တွေက ပို အရေးပါလာပါတယ်။ ဘာလို့လဲဆိုတော့ ပြင်ပမှာ ရင်ဆိုင်တွေ့ကြုံရတဲ့ နည်းပညာ အခက်အခဲတွေက ကျောင်းသင်ခန်းစာတွေနဲ့ မတူတော့ပါဘူး။ ပို ကျယ်ပြန့် ရှုပ်ထွေးလာတော့ Guide book တွေကို မှီမှ ဖြစ်လာပါတယ်။ သူငယ်ချင်းတွေလည်း structural steel နဲ့ ပတ်သက်ပြီး အလုပ်လုပ်လို့ ကျောင်းသင်ခန်းစာနဲ့ မလုံလောက်တဲ့ အခြေအနေ ကြုံလာရင် steel နဲ့ ဆိုင်တဲ့ guide book တွေကို ဖတ်ရပါတော့မယ်။ .. ဘယ် စာအုပ် ဖတ်ရမှာလဲ.... မြန်မာနိုင်ငံမှာ လက်ရှိ သုံးနေတဲ့ Structural Steel Design ရဲ့ မိခင်ဖြစ်တဲ့ American Institute of Steel Construction ကနေ အမေရိကန်ကုဒ် AISC 360-05/ 10 , Specification for Structural Steel Buildings ကို ပြဌာန်းထားပါတယ်။ steel design code ကို ပြဌာန်းပြီး တွက်ပုံတွက်နည်း ဥပမာတွေကို AISC Design Guides ဆိုပြီး နံပတ် ၁ ကနေ နံပတ် ၂၆ အထိ ထုတ်ထားပါတယ်။ Design Guide 26: Design of Blast Resistant Structures Design Guide 25: Frame Design Using Web-Tapered Members Design Guide 24: Hollow Structural Section Connections Design Guide 23: Constructability of Structural Steel Buildings Design Guide 22: Facade Attachments to Steel-Framed Buildings Design Guide 21: Welded Connections--A Primer for Engineers Design Guide 20: Steel Plate Shear Walls Design Guide 19: Fire Resistance of Structural Steel Framing Design Guide 18: Steel-Framed Open-Deck Parking Structures Design Guide 17: High Strength Bolts--A Primer for Structural Engineers Design Guide 16: Flush and Extended Multiple-Row Moment End-Plate Connections Design Guide 15: AISC Rehabilitation and Retrofit Guide: A Reference for Historic Shapes and Specifications Design Guide 14: Staggered Truss Framing Systems Design Guide 13: Wide-Flange Column Stiffening at Moment Connections Design Guide 12: Modification of Existing Steel Welded Moment Frame Connections for Seismic Resistance Design Guide 11: Floor Vibrations Due To Human Activity Design Guide 10: Erection Bracing of Low-Rise Structural Steel Frames Design Guide 9: Torsional Analysis of Structural Steel Members Design Guide 8: Partially Restrained Composite Connections Design Guide 7: Industrial Buildings--Roofs to Anchor Rods (Second Edition) Design Guide 6: Load and Resistance Factor Design of W-Shapes Encased in Concrete Design Guide 5: Design of Low- and Medium-Rise Steel Buildings Design Guide 4: Extended End-Plate Moment Connections Seismic and Wind Applications (Second Edition) Design Guide 3: Serviceability Design Considerations for Steel Buildings (Second Edition) Design Guide 2: Design of Steel and Composite Beams with Web Openings Design Guide 1: Base Plate and Anchor Rod Design (Second Edition) တကယ် ပြင်ပမှာ အလုပ်လုပ်တဲ့အခါ ကျောင်းပြဌာန်းစာ Text book ထက် Guide book တွေက ပိုအရေးပါတတ်ပါတယ်။ ဒါကြောင့် ဒီ guide book တွေကို ဒေါင်းနိုင်မယ့်လင့်ကို ကော်မင့်မှာ တင်ထားပါတယ်။ Design Guide 26 က ထွက်တာ မကြာသေးတဲ့အတွက် အီးဘုတ် မရသေးပါဘူး။ ဒါကြောင့် နံပတ် ၁ ကနေ ၂၅ ထိတော့ ရနိုင်ပါမယ်။ အဲသည် Guide book တွေအကြောင်း ရှင်းလင်းထားတဲ့ မူရင်း အင်တာနက် စာမျက်နှာ -- aisc.org/SearchTaxonomy/DesignGuides.aspx?id=4442
Posted on: Sat, 13 Jul 2013 17:02:50 +0000

Trending Topics



Recently Viewed Topics




© 2015