The Voice Weekly က - TopicsExpress



          

The Voice Weekly က သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရနှင့်ဆက်သွယ်မေးမြန်းထားသည်များမှ တချို့သော အချက်အလက်တွေကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။ =============== =============== ============= -ဘုရားတွေလို့ မြန်မာလိုခေါ်ပြီးတော့ ကိုးကွယ်ထားကြတဲ့God တို့၊အလ္လာတို့၊ ယေဟိုဝါတို့၊ဗြဟ္မာတို့၊ရှီဝတို့၊ဗိဿနိုးတို့ ဗုဒ္ဓတွေကိုးကွယ်စရာတွေနာမည်တွေတော့ အများကြီးပဲ။ -ဘုရားတိုင်းရဲ့နှလုံးသားမှာ မေတ္တာရော၊ ကရုဏာရော မေတ္တာဆိုတာကတော့ ရေလိုပဲ။ ဘယ်သူချိုးချိုးအေးသွားတာပဲ။ဗုဒ္ဓဘာသာချိုးလည်းအေးတယ်။ ခရစ်ယာန်ချိုးလည်းအေးတယ်။ လူဆိုးလူမိုက်တွေချိုးလည်းအေးတယ်။ သူတော်ကောင်းတွေ ချိုးလို့ သောက်လို့ရှိရင် လည်းအေးတယ်။ အဲ့ဒါကြောင့်အကုန်လုံး ဘုရားသခင်တွေရဲ့ နှလုံးသားဟာမေတ္တာလို အေးချမ်းတယ်လို့ ဒီလိုသဘောကျတယ်။ -ဗုဒ္ဓဘာသာရဟန်းတော် အရှင်မြတ်တွေကို လည်းအထူးမေတ္တာရပ်တယ်။အဲဒီလို ဆူတဲ့ပူတဲ့နေရာတွေကိုရောက်သွားကြရင် သံဃာတော်အရှင်မြတ်တွေက ဆူပူတဲ့ဘက်မှာ ဝင်ပြီးတော့ ဆူပူသောသံဃာတော်တွေ မဖြစ်ကြဘဲ ဆူပူမှုကိုထိန်းပြီးတော့ ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့Peace Makerတွေအဖြစ်နဲ့ တိုင်းပြည်ကို ဝိုင်းပြီးတော့ စောင့်ရှောက်တော်မူကြပါလို့ သံဃာတော်များကိုတောင်းပန်တယ်။ -အစ္စလာမ်ဘာသာဝင်ခေါင်းဆောင်တွေ အားလုံးကိုလည်းပဲငြိမ်းချမ်းသောဘုရား သခင်ရဲ့ အရိပ်အာဝါသ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေးက တည်ဆောက်တဲ့ PeaceMakerတွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်။ (လူးမျိုးခြားစိမ့်ဝင်မှုပြဿနာကိုဆရာတော်မှ Highlight လုပ်ပြခြင်း) -အိမ်နီးနားချင်းတိုင်းပြည်တွေက ကျူးကျော်စိမ့်ဝင်တာတွေဟာ ဒို့မြန်မာနိုင်ငံရဲ့ အနီးနားမှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဒါဟာရှိစမြဲပဲ။ မက္ကဆီကိုက လူတွေဟာအမေရိကန်ဘက်ကို တစိမ့်စိမ့်ဝင်သွားတာ တွေဟာ နေ့တိုင်း ရှိတယ်။ Europe မှာဆိုလည်းအရှေ့ပိုင်းက -လူတွေက အနောက်ပိုင်းကို စိမ့်ဝင်တာတွေဟာ ဥရောပမှာ နေရာတိုင်းရှိတယ်။ ဒီလိုEast ကလူတွေ လည်းဥရောပကိုတစိမ့်စိမ့် ဝင်နေကြတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အင်္ဂလန်မှာတောင်မ လူသားတွေရဲ့ အခွင့်အရေးက အတူတူပဲ။ Human Rights ဆိုတာကိုသူတို့တွေက သိပ်အသားပြုတဲ့အတွက်ကြောင့်မို့ အင်္ဂလန်မှာ ရောက်ကြတဲ့Middle East က လူတွေဟာ ဖြည်းဖြည်းချင်းအင်္ဂလိပ်ဥပဒေအရ နိုင်ငံသားတွေ ဘာတွေဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ အမတ်တွေဘာတွေတောင် ဖြစ်ကုန်ကြပြီ။ ဒီစိမ့်ဝင်မှုဟာ တစ်ကမ္ဘာလုံးမှာ ရှိနေဆဲပဲ။ -မြန်မာနိုင်ငံကလူတွေ ထိုင်းမှာစိမ့်ဝင်သွားတာ ၂သန်းလောက်ရှိတယ်။ ဒါပေမဲ့မြန်မာ၂သန်း လောက်ဟာ ထိုင်းတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး။ အလုပ်ရှင်တချို့ရဲ့ ဖိနှိပ်မှုကိုခံရတဲ့မြန်မာ အလုပ်သမားတချို့ ရှိကောင်းရှိမယ်။ ရောက်သွားတဲ့ မြန်မာနှစ်သန်းဟာ ထိုင်းနိုင်ငံမှာ Violation ဆို တဲ့ဆူပူသောင်းကျန်းမှုကို ဘယ်မှာမှမလုပ်ဘူး။ -မလေးရှားရောက်သွားတဲ့ ဗုဒ္ဓဘာသာမြန်မာေ တွဒီတိုင်းပဲ။ မလေးရှားမွတ်ဆလင်တွေရဲ့လ က်အောက်မှာ အလုပ်ကောင်းကောင်း လုပ်ရှာတယ်။ တချို့ စိတ်ဓာတ်ညံ့တဲ့ အလုပ်ရှင်တွေက နှိပ်စက်ခံရတာ နည်းနည်းပါးပါးရှိတယ်။ ဒါပေမဲ့တိုင်းပြည်ကို ဆူပူသောင်းကျန်းအောင်မလုပ်ပါဘူး။ မလေးရှားမှာ စိမ့်ဝင်တဲ့ မြန်မာဟာလည်း သိန်းချီရှိတာပဲ။အိန္ဒိယပြည်ထဲမှာလည်း စိမ့်ဝင်တဲ့မြန်မာတွေ၊ဘင်္ဂလားဒေ့ရှ်မှာတောင် စိမ့်ဝင်သွားတဲ့ မြန်မာတွေ၊နိုင်ငံရေးအရ ထွက်ပြေးခိုလှုံသွားတဲ့ သူတွေအများကြီးပဲ။ ရောက်ရာရောက်ရာ အရပ်မှာ မြန်မာတွေဟာ အဲ့ဒီတိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာပြီးတော့အဲ့ဒီတိုင်းပြည်မှာ ဆူပူသောင်းကျန်း အောင်ဘယ်သူမှမလုပ်ဘူး။ -အဲ့တော့ဒို့တိုင်းပြည်ထဲမှာ တော့ တရုတ်တွေလည်းစိမ့်ဝင်လာတယ်။ ဘင်္ဂလား ဒေ့ရှ်ကလူတွေလည်းစိမ့်ဝင်လာတယ်။ အိန္ဒိယက ကုလားတွေလည်းစိမ့်ဝင်လာတယ်။ အဲဒီလိုစိမ့်ဝင်လာတဲ့ကိစ္စဟာ အင်္ဂလိပ်လက်အောက်ရောက်တဲ့အချိန်က စပြီးတော့တစိမ့်စိမ့် ဝင်နေတာဟာ ဒီကနေ့အထိ။ -အဲဒီတော့ဒီကနေ့အထိတို့တိုင်းပြည် ထဲမှာစိမ့်ဝင်လာတဲ့လူတွေဟာ တို့နိုင်ငံ တို့လူမျိုးရဲ့ တို့ဓလေ့ထုံးစံနဲ့ တို့နိုင်ငံတော်ရဲ့ စည်းကမ်းဥပဒေကို အားလုံး လေးစားလိုက်နာပြီးတော့အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းCommon Ground ဆိုတဲ့ ဘုရားသခင်ရဲ့မေတ္တာရိပ် ကရုဏာရိပ်အောက်မှာ အေးအေးချမ်းချမ်းနေကြဖို့ ကောင်းတယ်။ -စိမ့်ဝင်တာကတော့ စီးပွားရေးကြောင စိမ့်ဝင်တာဟာ အဓိကပဲ။ နိုင်ငံရေးတို့၊ ဘာသာရေးတို့ကြောင့် စိမ့်ဝင်တာတွေဟာ ကမ္ဘာမှာတော့ ရှားပါတယ်။ စားရေးသောက်ရေး မပြေလည်တဲ့ သူတွေဟာ နည်းနည်းပြေလည်မ ယ်ထင်တဲ့နေရာကိုရွှေ့တာ။ -((((( တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှရောက်လာတာ ဆိုတော့နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင်ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invadeလုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ပုဂ္ဂိုလ်တွေ၊Migrate လုပ်ပြီးတော့ဝင်ရောက် လာကြတဲ့လူတွေက ဧည့်သည်တွေ။ ))))) -((((( အိမ်ရှင်ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြားလူမျိုးတွေကိုနှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church တွေရော၊ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။ အဲဒီတော့အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုလက်ခံရင်ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေး ချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ကိစ္စပဲ။ ))))) -ဒီကနေ့ မွတ်ဆလင်လူမျိုးတွေဟာ မွတ်ဆလင်အမျိုးသားအမျိုးသမီးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီးတော့နိုင်ငံတော်ရဲ့ လွတ်လပ်ရေးကိုယူသွားတဲ့ခေါင်းဆောင်ကြီး ရာဇတ် တို့လိုစိတ်ဓာတ်မျိုးကိုမွေးပြီးတော့ အားလုံးလက်တွဲကြဖို့ ကောင်းတယ်။ -အိမ်ရှေ့မှာ လူတွေယိုသွားတဲ့ မစင်ပုံပဲ တွေ့တွေ့၊ခွေးတွေယိုသွားတဲ့မစင်ပုံပဲတွေ့တေ “ဟ …မစင်ပုံကြီးဟေ့” ဆိုပြီးတော့ တုတ်နဲ့ထိုးမွှေပြီးတော့ ရပ်ကွက်ကို အော်ပြောနေရမှာ မဟုတ်ဘူး။မစင်တွေ့ရင် ခပ်မြန်မြန်ဖုံးရတယ်။ ခပ်မြန်မြန် ကျုံးရတယ်။ အခု လူတချို့လုပ်နေတာက မစင်ပုံတုတ်နဲ့ ထိုးမွှေပြီးတော့ အော်ပြောနေတာ တစ်ရပ်ကွက်လုံးနံကုန်တာပေါ့။ အဲ့ဒါမျိုးတွေ ဖြစ်နေတာကိုအကြီးအကျယ်ဝမ်းလည်း ဝမ်းနည်းတယ်။ စိတ်လည်းစိတ်ပျက်တယ်။ မစင်ဆိုရင် ဝိုင်းဖုံးကြပါ။ ဝိုင်ကျုံးကြပါ။ တုတ်နဲ့ မွှေပြီးတော့ မအော်ကြပါနဲ့။ အခုလို ပဋိပက္ခတွေက မစင်ပုံထက်ဆိုးတယ်။ နိုင်ငံတော်အစိုးရရဲ့ကိုင်တွယ်ပုံအကြောင်းကို ဆရာတော်ကဒီလိုအကြံပေးခဲ့တယ် -အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကတော့စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင်ကြီးမားဖို့ရယ်၊ ကျယ်ပြန့်တဲ့နား၊ မျက်စိတွေ အသိဉာဏ်ကြီးကြီးနဲ့ စီမံချက်တွေကိုသွက်သွက်လက်လက်န အေးအေးချမ်းချမ်းဆောင်ရွက် ကြဖို့လိုလိမ့်မ ယ်။ -စိတ်တွေက မြန်တယ်။ ဆောင်ရွက်ရင်းနဲ စိတ်ဆိုးလာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင် ပြင်ဆင်ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်န မလုပ်ခဲ့ကြတာတွေ၊မလုပ်နိုင်ကြတာတွေ စုနေကြမယ်ဆိုရင် ဒီပဋိပက္ခတွေက ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ အဲဒါကြောင့် ဆင်လိုလည်းပဲအားကောင်းရမယ်။ မြင်းလိုလည်းပဲမြန်ရမယ်၊ နွားလိုလည်းပဲ သည်းခံရမယ်။ ခြင်္သေ့လိုလည်းပဲသတ္တိရှိရမယ်။ ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီး ပါတယ်။ အဲဒီမူလေးချက်နဲ့ ဆောင်ရွက်ကြပါ ဆိုတာကိုတိုက်တွန်းပါတယ်။ သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ မူရင်းလင့် on.fb.me/ZrTIoL
Posted on: Sun, 14 Jul 2013 09:45:15 +0000

Trending Topics



Its a free preview weekend for Starz so Glinda and I watched Thor
There was a man who received the ultimate testimonial in the New
EXCLUSIVE: Rangers chairman David Somers requested pay rise
An article about Valerie Jarretts role in the White House. Long

Recently Viewed Topics




© 2015