Thein Naing အချိန်တန်ရင်တော့ - TopicsExpress



          

Thein Naing အချိန်တန်ရင်တော့ ပြင်ကြတာပေါ့ ~ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝ “လုံးဝ” မကောင်းဘူး။ လွပ်လပ်ရေးနဲ့အပြိုင် ကံဆိုးစွာ ပေါ်ပေါက်လာခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ ဟိုလူဒီလူ သမ္မတ လုပ်နိုင်မှာမဟုတ်ဘူး၊ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ လုပ်ပိုင်ခွင့် လုံးဝ “လုံးဝ” မရှိဘူး၊ ဖက်ဒရယ်စနစ်ကို လုံးဝ "လုံးဝ" တည်ဆောက်နိုင်မှာ မဟုတ်ဘူး၊ “Civilian Supremacy” ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး၊ “Separation of Powers and Check and Balance of Powers” ကို အားမပေးဘူး၊ “Judicial Independence” ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး၊ တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်လို့ လုံးဝ မကောင်းဘူး .............. စသည်ဖြင့် ၂၀၀၈ အခြေခံဥပဒေထဲက ကောင်းနိုးရာကို ဥပေက္ခပြု၊ တခုလုံးကို အမှိုက်ပုံးထဲ ထည့်လိုတဲ့ ပြည်မြန်မာ ပြည်တွင်း ပြည်ပက၊ အခြေခံဥပဒေ သုခမိန် တချို့ကို အမေရိကန်ပြည်ထောင်စု တည်ထောင်သူဖခင်ကြီး “The Founding Fathers of America” ထဲက ကျွန်တော်အလွန်လေးစားကြည်ညိုပြီး “Constitutional Convention” တက်သူတွေထဲမှာ အသက်အကြီးဆုံးလည်းဖြစ်တဲ့ “Benjamin Franklin” ပြောခဲ့တဲ့ စကားလေးကို မျှဝေလိုပါတယ်။ "I confess that there are several parts of this constitution which I do not at present approve, but I am not sure I shall never approve them: For having lived long, I have experienced many instances of being obliged by better information, or fuller consideration, to change opinions even on important subjects, which I once thought right, but found to be otherwise.... On the whole, Sir, I cannot help expressing a wish that every member of the Convention who may still have objections to it, would with me, on this occasion doubt a little of this own infallibility, and to make manifest our unanimity, put his name to this instrument." (Benjamin Franklin) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကောင်းတဲ့အချက်တွေ အများကြီး ရှိသလို၊ နိုင်ငံသားတွေ မကြိုက်မနှစ်သက်တဲ့ အချက်တွေလည်း ရှိမှာတယ်။ ကမ္ဘာမှာ ခြောက်ပြစ်ကင်းစင်၊ သဲလည်းစင်တဲ့ အခြေခံဥပဒေ မရှိပါဘူး။ ပြင်ကြတယ်။ ဆင်ကြတယ်။ ဖြည့်ကြတယ်။ စွက်ကြတယ်။ ဒီလိုနဲ့ နိုင်ငံတခုကို တည်ထောင်ကြတာပါ။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ ရေးတုန်းကလည်း “Bill of Rights” ကို ထည့်သွင်းလိုသူနဲ့ မထည့်သွင်းလိုသူတွေအကြားမှာ အကြီးအကျယ်ပြသနာတက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ထည့်သွင်းလိုသူတွေက လက်လျော့ခဲ့ကြရပါတယ်။ နောက်မှဘဲ တဖြည်းဖြည်းနဲ့ ၂၇ ကြိမ်တိုင်တိုင် ဖြည့်စွက် ခဲ့ကြပါတယ်။ အခြေခံဥပဒေတခုကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ဆိုတာတွေဟာ အမေရိကန်အခြေခံဥပဒေ သမိုင်းကို သေသေခြာခြာ လေ့လာမယ်ဆိုရင် အချိန်အခါ “Timing” က အရေးအကြီးဆုံးပါ။ အချိန်မသင့်တဲ့ အခါမှာ အခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်ပါတယ်။ ပကတိဖြစ်နေတဲ့ အနေအထားကို ကြည့်ပြီး၊ ၅ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ ၁၀ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ ၁၅ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ ၂၀ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ နှစ် ၃၀ ကျော် ကျွန်တော်တို့ “Facebook Generation” တွေ အသက် ၉၀ ကျော်တဲ့အခါ၊ ဒါမှမဟုတ် တမလွန်ဘဝရောက်တဲ့အခါ ပြင်သင့်တဲ့ ဥပဒေ နဲ့ နှစ်ပေါင်း ၂၀၀ ကျော်မှ ပြင်သင့်တဲ့ အခြေခံဥပဒေ ဆိုပြီး ပိုင်းခြားထားသင့်တယ်လို့ ယူဆပါတယ်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေသမိုင်းရဲ့ အခြေခံဥပဒေပြင်ဆင် ဖြည့်စွက်မှု သမိုင်းလေးကို ဥပမာ မျှစေလိုပါတယ်။ - “Bill of Rights” လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြည့်စွပ်ချက် (၁၀) ခုကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ ခုနှစ်က စပြီး ၄ နှစ်အကြာ ၁၇၉၁ ခုနှစ် မှာဘဲ ဖြည့်စွက်နိုင်ခဲ့ပါတယ်။ - Citizenship, Due Process Clause and Equal Protection Clause တွေကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ ခုနှစ်က စပြီး နှစ်ပေါင်း ၈၁ နှစ်အကြာ ၁၈၆၈ ခုနှစ်မှဘဲ ဖြည့်စွက်နိုင်တာ ဖြစ်ပါတယ်။ - ကျေးကျွန်စနစ်နဲ့ အတင်းအဓ္ဓမ စေခိုင်းတဲ့စနစ်ကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ နှစ်က စပြီး ၇၈ နှစ်နောက်ပိုင်း ၁၈၆၅ ခုနှစ်မှဘဲ ဖြည့်စွက်နိုင်တာဖြစ်တယ်။ - အမျိုးသ္မီးတွေ မဲပေးခွင့်ကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ နှစ်က စပြီး နှစ်ပေါင်း ၁၃၃ နှစ်ကြာ ၁၉၂၀ နှစ်မှဘဲ ဖြည့်စွက်နိုင်တာ ဖြစ်ပါတယ်။ - လွှတ်တော်အမတ်တွေရဲ့ လစာ၊ ခံစားခွင့် တွေနဲ့ ပါတ်သက်ပြီး ၁၇၈၇ ခုနှစ်မှာ ဖြည့်စွက်ဘို့ အဆိုတင်သွင်းထားတဲ့ အခြေခံဥပဒေ ဖြည့်စွက်ရေးအဆိုကို ၁၉၉၂ ခုနှစ် (နှစ်ပေါင်း ၂၀၃) နှစ် ကြာမှ ဖြည့်စွက်နိုင်ခဲ့တာပါ။ ပြင်လို့မရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာမရှိပါဘူး။ ကျွန်တော်တို့ ၂၀၁၃ မှာ အသက်ရှင်နေကြတဲ့ လူတွေ အမေရိကန်လို နှစ်ပေါင်း ၂၀၃ ကြာမှ ပြင်လို့ ရမယ့် အခြေခံဥပဒေ ပုဒ်မတွေလည်း ၂၀၀၈ အခြေခံဥပဒေမှာ ရှိနိုင်ပါတယ်။ ဒီနှစ်ကနေ နှစ်ပေါင်း ၂၀၃ ပေါင်းကြည့်လိုက်ရင် နှစ်ပေါင်း ၂၂၁၆ ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံမှာ အသက်ရှင်နေထိုင်ကြတဲ့ မွေးကင်းစ ကလေးကအစ၊ အသက်အကြီးဆုံး လူကြီး ဘယ်သူမဆို သက္ကရာဇ် ၂၂၁၆ ကို ရောက်ရှိကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာကြီး တည်နေသေးသော်၊ ပြည်ထောင်စုကြီး မပြိုကွဲခဲ့သော်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲခဲ့သော်၊ အချုပ်အခြာအာဏာ တည်မြဲနေသေးသော် ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်းသားတိုင်းရင်းသူများ အားလုံးပါဝင်ကြတဲ့ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေဆိုတာ ၂၂၁၆ ခုနှစ်မှာ မြေကြီးလက်ခတ်မလွဲ ရှိနေအုံးမှာပါ။ နှစ်ပေါင်း ၄၀ ကျော် မလျှောက်လှမ်းခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ လျှောက်လှမ်းလာကြတာ တနှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒီမိုကရေစီခရီးလမ်းကြောင်းဆိုတာ အစဉ်ဖြောင့်ဖြူးသာယာ နေတာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အဖုအထစ်တွေ၊ အတက်အဆင်းတွေ၊ ဆူးငြောင့်ခလုတ်တွေ အပြည့်နဲ့ပါ။ ဒီလိုမျိုး မသွားဘူး မလာဘူးတဲ့ ခရီးကြမ်းကို အတူတကွလျှောက်လှမ်းကြတဲ့ အချိန်မှာ စောင့်ထိန်းအပ်သော ကျင့်ဝတ်တွေ အများကြီး ရှိပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်ခြင်းမရှိ၊ အောင့်အီး သည်းခံစိတ်မထား ပြောလိုရာပြော၊ ရေးလိုရာရေး၊ တွေးလိုရာတွေး လုပ်နေကြရင် ပန်းတိုင်ကို အတူရောက်နိုင်မှာ မဟုတ်ပါဘူး။ လူတကာ မပြောရဲ၊ မဆိုရဲ၊ မကိုင်တွယ်ရဲ တဲ့ကိစ္စတွေကို ပြောရဲ၊ ဆိုရဲ၊ ကိုင်တွယ်ရဲမှ ရဲရင့်သော သုခမိန် မဟုတ်ပါ။ ပြောသင့်၊ ဆိုသင့်၊ ကိုင်တွယ်သင့်တဲ့ အချိန်အခါကို သိပြီး၊ သူတပါးကို မညိစွန်းအောင်ပြောတတ်သူ၊ ဆိုတတ်သူ၊ လုပ်တတ်သူ၊ ကိုင်သွယ်တတ်သူ သာလျှင် ပါးနပ်လိမ္မာသော သုခမိန် အစစ်အမှန် ဖြစ်ပါသည်ဟု ယူဆမိပါကြောင်း။ မှတ်ချက်။ မည်သူ့ကိုမှ ရည်ရွယ်ခြင်းမရှိပါ။
Posted on: Wed, 09 Oct 2013 08:22:47 +0000

Trending Topics



Recently Viewed Topics




© 2015