[ Voice of the Day ] နောက်လူတွေ - TopicsExpress



          

[ Voice of the Day ] နောက်လူတွေ ထောင်ဆိုတာ တာဝတိံသာ မဟုတ်ဘူးဆိုတာ သိရအောင်။ ဝီရသူတို့ကို ငါပြောနေတာ။ မင်းတို့ ထောင်ထဲမှာ ဘာမှ လုပ်လို့ မရဘူးလို့။ ဒီအချိန်ဟာ ငြိမ်ငြိမ်နေတာ နိုင်ငံရေး လုပ်တာပဲ။ ငါ့အယူအဆလေ။ အဲဒါကို တို့အရေး အော်ရင် ငါမကြိုက်ဘူး။ မီးပုံကြီးထဲ လောင်စာ ထည့်တာလို့ ငါယူဆတယ်။ နိုင်ငံရေးသမားတွေ တွေ့ဆုံပွဲမှာ လည်း ငါဒါပဲ ပြောခဲ့တယ်။ ငါလည်း ထောင်ကျထားတယ်ဆိုတော့ ဖိတ်တယ်ပေါ့ကွာ။ ငါပြောခဲ့တယ်။ မင်းတို့ မီးပုံကို လောင်စာဖြည့်မယ့် အလုပ်တော့ ငါမလုပ်ဘူးကွာလို့။ ဒါတိုင်းပြည် အကျိုးမရှိဘူးကွ။ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် Messenger သတင်းဂျာနယ်ပါ ‘မစိုးရိမ် တိုက်သစ်ကြီးများ၏ ပဓာန မဟာနာယကချုပ် ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသအား မေးမြန်း လျှောက်ထားခြင်း’ မှ ကောက်နုတ်ချက် ---------------------------------------- [ ဤကဏ္ဍတွင် ကောက်နုတ်ဖော်ပြထားသော အကြောင်းအရာများသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာဖြစ်စေ၊ အနုတ်လက္ခဏာဖြစ်စေ ထူးခြားသောအသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]
Posted on: Sun, 21 Jul 2013 07:42:33 +0000

Trending Topics



Recently Viewed Topics




© 2015