ကျနော်ရယ်၊ Note3 ရယ်၊ - TopicsExpress



          

ကျနော်ရယ်၊ Note3 ရယ်၊ မြန်မာ font ရယ် --- အောက်တိုဘာလကုန်လောက်က စင်္ကာပူရောက်တုန်း Note3 ဝယ်လိုက်တယ်။ ဒီမှာရောင်းနေတဲ့ Note3 နဲ့ model ချင်းမတူဘူး။ ဒီမှာရောင်းတာက SM-N900 3G၊ စင်္ကာပူကဝယ်ခဲ့တာက SM-N9005 4G LTE version။ ဒီက model N900 မှာ မြန်မာ font က original ပါပြီးသား။ N9005 မှာက မပါဘူး။ ဒီရောက်မှထည့်မယ်လုပ်တော့ ဘယ်မြန်မာ font မှ ထည့်လို့မရဘူး။ root ဖောက်မှ ရမယ်လို့ပြောကြတယ်။ root ဖောက်တာက official root access နဲ့ဆိုရင် ပြဿနာမရှိနိုင်ပေမယ့် custom root ကိုသုံးရင် နောက်ပိုင်း error တက်တတ်တယ်။ ဥပမာ- ဖုန်းဟန်းတာ၊ လေးသွားတာ၊ ချိန်ထားတဲ့ setting တချို့ပြန်ပြန်ပြုတ်သွားတာ စသည်ဖြင့်ပေါ့။ firmware အသစ်ပြန်တင်ရမယ်လို့လည်း ပြောကြတယ်။ ပြဿနာက ကိုယ့်ဖုန်း device နဲ့ match မဖြစ်တဲ့ firmware ကိုတင်မိရင် လိုင်းပါပျောက်သွားနိုင်တယ်လို့လည်းပြောကြတယ်။ အာမခံပြီး ဘယ်သူမှ လုပ်မပေးရဲကြဘူး။ ဒီက Samsung showroom တစ်ခုကတော့ firmware တင်ပေးရင် ရနိုင်တယ်။ ၂၀,၀၀၀ တောင်းတယ်။ အစမ်းသပ်ခံဖြစ်သွားမှာစိုးလို့ မလုပ်ဖြစ်ဘူး။ အခုတော့ N9005 အတွက် official firmware ထွက်လာပြီ။ Samsung က နိုင်ငံ zone အလိုက် free update ပေးတာပါ။ Myanmar ( Zawgyi ) font original ပါလာတယ်။ ဘယ်ဆိုင်မှာမှ တကူးတက သွားလုပ်နေစရာ မလိုဘူး။ ကိုယ့်ဘာသာ ဖုန်းထဲမှာပဲ software update လုပ်လိုက်ရုံပဲ။ အခု firmware အသစ်ရဲ့ baseband verion က N9005XXUDMJ7 ပါ။ Thanks a lot Samsung ...
Posted on: Sun, 24 Nov 2013 06:22:49 +0000

Trending Topics



Recently Viewed Topics




© 2015