ခမ်းနားထည်ဝါသော MG ၏ - TopicsExpress



          

ခမ်းနားထည်ဝါသော MG ၏ သမိုင်းကြောင်းသည် နှစ်ပေါင်း (၉၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၁၉၂၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော ကားကုမ္ပဏီ ဖြစ်သည်။ Morris Garages ကားကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူမှာ Cecil Kimber ဖြစ်ပြီး ပိုင်ရှင်အနေဖြင့် ၎င်း၏တပည့်ဖြစ်သူ William Morris ကိုတာဝန်ပေးခဲ့သည်။ Kimber သည် Morris Garages ကားကုမ္ပဏီကို နာမည်ပေးခဲ့ယုံသာမက ပထမဆုံးကားကိုလည်း ဖန်တီးပေးခဲ့ပါသည်။ ၎င်းတို့ ပထမဦးဆုံးထုတ်လုပ်ခဲ့သော Morris Garages Chummys ကားအတွက် Morris Cowley ဟုအမည်ပေးထာသောဖရိန်ပေါ်တွင် အထူးပြုလုပ်ထားသော ကိုယ်ထည်ကို တပ်ဆင်ခဲ့သည်။ နှစ်အနည်းငယ် ကြာပြီးနောက် ၁၉၂၄ခုနှစ်တွင် MG ကားကုမ္ပဏီအတွက်ပထမဦးဆုံးကားဖြစ်သော 14/28 Super Sport Model ကားကို Design ဆွဲပေးခဲ့ပြီး MG ၏ logo ဖြစ်သော ထောင့် ၈ ထောင့်ပါ logo ကိုစတင်အသုံးပြုခဲ့သည်။ MG ၏သမိုင်းမှတ်တိုင်များ - ၁၉၂၄တွင် Cecil Kimber နှင့် William Morris တို့သည် ပိုမိုမြန်ဆန်ပြီး ပြိုင်ကားဆန်သော MG ကားများအတွက် ဈေးကွက်နေရာကောင်းများ ရှာဖွေတွေရှိခဲ့ပြီး မကြာမှီ MG ကားများသည် စွမ်းဆောင်ရည်နှင့်ဈေးနှုန်းအရ ဝယ်ယူစီးနှင်းရန် အကောင်းဆုံးကားများအဖြစ်သတ်မှတ်ခြင်းခံရသည်။ - ၁၉၂၄ မေလ (၁)ရက်နေ့တွင် ထောင့် (၈)ထောင့်ပါ MG logo ကိုမူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပြီး စက်တင်ဘာ (၁)ရက်နေ့တွင် 14/28 Super Sport ကားကို ဈေးကွက်တွင်စတင်ရောင်းချခဲ့သည်။ - Abingdon ရှိဖုန်းနံပါတ် ၂၅၁ ကို ပထမဦးဆုံး MG ကား၏ VIN အဖြစ်စတင်အသုံးပြုခဲ့သည်။ - ၁၉၃၃တွင် K3 ကားနှင့် Mille Miglia ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့ပြီး Italy နိုင်ငံပြင်ပမှအသင်းများထဲတွင် ပထမဆုံးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ - ၁၉၄၇ August လတွင် Duke of Edinburgh ဆုရရှိထားသူမှ MG ကိုဝယ်ယူခဲ့ရာ ထိုအချိန်က MG ကားစီးနှင်းသူများတွင် အကျော်ကြားဆုံးပုဂ္ဂိုလ်တဦးဖြစ်သည်။ - ၁၉၅၂ ခုနှစ်တွင် A နှင့် B Series အင်ဂျင်များကို Longbridge တွင်ထုတ်လုပ်ခဲ့ပြီး ၎င်းအင်ဂျင်များကို MG Midget နှင့် Z Series Magnette ကားများတွင် အသုံးပြုခဲ့သည်။ - ၁၉၅၆ May (၁၆) ရက်တွင် ထုတ်လုပ်သော LHD MGA 1500 မှာ MG ကား၏ အစီးရေ ၁၀၀၀၀၀ မြောက်ကားအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ - Longbridge တွင်စတင်ထုတ်လုပ်သော ကားများမှာ MG1100/1300 ကားများဖြစ်သည်။ - အကျော်ကြားဆုံး MG ကားဝယ်ယူသူမှာ Charles မင်းသားဖြစ်ပြီး ၁၉၆၉ တွင် SGY 766F GT ကိုဝယ်ယူခဲ့ခြင်းဖြစ်ပြီး နောင်တွင် ၎င်းကားကို William မင်းသားထံလက်ဆင့်ကမ်းပေးအပ်ခဲ့သည်။ - ၁၉၇၅တွင် အစီးရေ တစ်သန်းမြောက်ကားကိုထုတ်လုပ်ခဲ့ပြီး LHD MGB အမိုးပွင့်ကားဖြစ်သည်။ - ၂၀၀၀ မေလ (၉)ရက်နေ့တွင် BMW ကားကုမ္ပဏီနှင့် လက်တွဲဖြုတ်ခဲ့ပြီး MG Rover Group ကိုဖွဲ့စည်းခဲ့သည်။ - ၂၀၀၂ ဧပြီလ (၁၆)ရက်နေ့တွင် အစီးရေ တစ်သန်းခွဲမြောက်ကားကိုထုတ်လုပ်ခဲ့ပြီး TF 160 Model ဖြစ်သည်။ - ၂၀၀၅ ဧပြီလ (၈) ရက်နေ့တွင် တရုတ်နိုင်ငံ၏ အစောဆုံးကားထုတ်လုပ်သူဖြစ်သော NAC Group မှ MG Rover Group ကိုဝယ်ယူခဲ့သည်။ - ၂၀၀၇ ဒီဇင်ဘာ (၂၆)ရက်တွင် NAC သည်တရုတ်နိုင်ငံ၏ အကြီးဆုံးကားထုတ်လုပ်သူဖြစ်သော SAIC နှင့်ပူးပေါင်းခဲ့သည်။ - ၂၀၀၈ စက်တင်ဘာ (၄)ရက်နေ့တွင် အကန့်အသတ်ဖြင့်သာထုတ်လုပ်သော MGTF LE 500 ကားများကို ဘာမင်ဂမ်စက်ရုံမှ ထုတ်လုပ်ရောင်းချခဲ့သည်။ - ၂၀၁၁ မေလတွင် ဒီဇိုင်းအသစ်ပြုလုပ်ထားသော MG6 GT ကိုစတင်ထုတ်လုပ်ခဲ့ပြီး ဗြိတိန်တွင်ရောင်းချခဲ့သည်။ - ၂၀၁၁ ဇွန်လတွင် ဆလွန်းပုံစံ MG6 Magnette ကိုစတင်ထုတ်လုပ်သည်။ - ၂၀၁၂ နိုဝင်ဘာတွင် ကျင်းပခဲ့သော British Towing Car Championship တွင်အနိုင်ရရှိခဲ့ပြီး MG6 GT BTCC Limited Edition ကိုစတင်ထုတ်လုပ်သည်။ - ၂၀၁၃ ဇန်နဝါရီတွင် 1.9 DTi-TECH Diesel အင်ဂျင်ကိုထုတ်လုပ်ခဲ့ပြီး MG6 ကားများတွင်အသုံးပြုခဲ့သည်။ - ၂၀၁၃ ဧပြီတွင် UK နိုင်ငံတွင်ရောင်းချမည့် MG3 ကားများကို Shanghai Auto Show တွင်ပြသခဲ့ပြီး MG CS Concept SUV ကားကိုလည်းပထမဆုံးမိတ်ဆက်ပြသခဲ့သည်။
Posted on: Wed, 12 Jun 2013 05:18:42 +0000

Trending Topics



Recently Viewed Topics




© 2015