ထွန်းမောင်ရေ.. ကြီးတော်က - TopicsExpress



          

ထွန်းမောင်ရေ.. ကြီးတော်က ကျုပ်ကိုပြောဖုးတယ်.. NGO လောကဆိုတာ သစ်ပင်ကြီးနဲ့တူတယ်...NGO လောကမှာရှိနေသရွေ့ ကျွန်တော်တို့က ငှက်ကလေးတွေလို တစ်ကိုင်းမဟုတ် တစ်ကိုင်းမှာနားနေကြမှာပဲ.. အဖွဲ့အစည်းတစ်ခုတည်းမှာ အတူအလုပ်မလုပ်ရင်တောင် တစ်ဖွဲ့ဖွဲ့မှာတော့ အများအကျိုးအတွက် လုပ်ဆောင်နေမှာပဲတဲ့... ခုဆို တို့တွေ တစ်ကိုင်းစီမှာ နားနေကြတယ်.. ထွန်းမောင်ရေ..planning သေချာချနိုင်တဲ့သူတွေအတွက် တစ်ကိုင်းကနေ နောက်တစ်ကိုင်းကူးဖို့လွယ်ပါတယ်ဟာ... ဒါပေမဲ့ plan A,B,C,D တွေသေချာဆွဲဖို့ အရည်အချင်းလိုအပ်နေသေးတဲ့ တစ်ချို့ တစ်ချို့သော သူတွေအတွက်တော့..အဲ့ဒိ အဖွဲ့အစည်းဆိုတဲ့ ကိုင်းကနေ ထွန်းထုတ်ခံလိုက်ရတဲ့အချိန်မှာ.. နောက်တစ်ကိုင်းကိုမရောက်ပဲ မြေပေါ်ကျ အထိနာကြရတယ်... ကိုင်းတွေကနေ အကြောင်းအမျိုးမျိုးကြောင့် တွန်းထုတ်ခံရတဲ့ ငှက်တွေ ဒုနဲ့ ဒေးပါဟာ.. နင်ရော..ငါရော ..ဒီလောကမှာကျင်လည်နေတဲ့သက်တမ်းမနည်းတော့ဘူးဆိုတော့ ကောင်းကောင်းသိတာပေါ့.. ဒါပေမဲ့ဟာ.. မြေပေါ်ကျကြတာချင်းအတူတူ ပြန်ထပျံနိုင်တဲ့ အရည်အချင်းရှိတဲ့ ငှက်တွေအတွက်တော့ အေးဆေးပေါ့ဟာ...တစ်ချို့တစ်ချို့သော ငှက်တွေကတော့ အားနည်းချက်တွေများလွန်းတယ်.. အချိန်တော်တော်ကြာတဲ့အထိ နလန်မထူနိုင်ကြဘုး... ပိုဆိုးတာက ဘ၀ပျက်သွားတာမျိုးလေ....ငါစဉ်းစားမိတယ်.. ငါ့တို့ အဖွဲ့အစည်းက staff တွေ professional skillful person ဖြစ်ဖို့.. ငါတို့အဖွဲ့အစည်းကောင်းဖို့.. ငါတို့အဖွဲ့အစည်း နာမည်ကြီးဖို့... ငါတို့ ဘယ်လောက်တောင်အလုပ်လုပ်နိုင်ကြတယ် ဆိုတဲ့ result တွေ report တွေ donor တွေလက်ခံဖို့....ပိုမိုကောင်းမွန်တဲ့အဖွဲ့အစည်းဖြစ်ဖို့ ကိုယ်သဘောကျသူတွေကို မွေး၊ အရည်အချင်းမရှိသူတွေကိုကန်ထုတ်.. restructure တွေလုပ်..ငါတို့အဖွဲ့ပိုကောင်းဖို့ဆိုတဲ့ အဖွဲ့အစည်းမာန တွေဟာ တစ်ခါတစ်ရံမှာ မထင်မှတ်ပဲ လူတစ်ယောက်ရဲ့ ဘ၀ကို ရိုက်ချိုးမိတာမျိုး ဖြစ်နိုင်တယ်...ထွန်းမောင်ရေ..နင်လက်ခံရဲ့လား.. အများအကျိုးအတွက် အနည်းစုက အနစ်နာခံရတာ သဘာဝကျပါတယ်.. လူတွေကလည်း လက်ခုပ်တီးအားပေးကြမှာပါ.. ဒါပေမဲ့လည်း..မဖြစ်မနေကန်ထုတ်လိုက်ရတဲ့ ငှက်တွေကို အကျမနာအောင် စဉ်းစားပေးတဲ့နှလုံးသား.. အဖွဲ့အစည်းတွေမှာမရှိကြတော့ဘူးလား.... မြေပေါ်ကျသွားတဲ့ ကိုယ့်လုပ်ဖော်ဆောင်ဘက်ငှက်တွေကို ပစ်စလက်ခတ်မလုပ်ပဲ ဖေးမအားပေးတတ်တဲ့ စိတ်ထားတွေ မရှိကြတော့ဘူးလား... အင်းလေ .. ကိုယ့်အဖွဲ့အစည်းအတွက် ခိုင်းကောင်းတဲ့သူမဟုတ်တော့လည်း...အလုပ်ရှုပ်ခံစဉ်းစားမနေတော့ဘူးပေါ့....NGO အလုပ်ဆိုတာ စေတနာထားလုပ်ရတဲ့ လူမှုရေးအလုပ်ဆိုတော့ အားလုံးက ကိုယ့်အလုပ်တောင်ပြီးအောင် မနည်းအချိန်လုလုပ်နေရတာဆိုတော့... ဒါတွေစဉ်းစားပေးဖို့ အချိန်တွေ မရှိတော့ဘူးပေါ့.....ငါကတော့ လုပ်ဖော်ဆောင်ဘက်တွေကို ချစ်တဲ့စိတ်နဲ့ ဒီလောကမှာကျင်လည်နေဦးမှာပဲ... အားလုံးကိုချစ်ရင်း အလုပ်တွေလုပ်နေမှာပဲ... မြေပေါ်ကျပြီးအထိနာနေတဲ့ မိတ်ဆွေငှက်တွေကို တတ်နိုင်သလောက်ဖေးမရင်းပေါ့ဟာ....
Posted on: Sun, 06 Oct 2013 00:15:52 +0000

Trending Topics



Recently Viewed Topics




© 2015