ပူလိုက်တာပဲ’ - TopicsExpress



          

ပူလိုက်တာပဲ’ ဟုဆိုခြင်းအပေါ် ‘လုံးဝမအေးဘူး’ ဟုလည်း ဆိုနိုင်သေးသည်။ ဤသည်ကိုပင် သင်္ချာသဘောအရ Fuzzy Logic ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းလောဂျစ် ဆိုသည်ကား လုံးလုံးအမှန်နှင့် လုံးလုံးအမှားကြားရှိ တစ်စိတ်တစ်ပိုင်းအမှန်၊ တစ်စိတ်တစ်ပိုင်း အမှားအကြောင်းကို အခြေပြုခြင်း ဖြစ်သည်။ ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိတတ်သည့် သဘောရှိပါသည်။ ယနေ့ ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် အမှားအမှန် ငြင်းခုံမှုများ အတော်များသည်။ ဒါလည်း သဘာဝတရားဖြစ်သည်။ အခု ငြင်းခုံသလို နောင်လည်း ငြင်းခုံရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသို့ ငြင်းခုံစရာ ရှိလာတိုင်း တစ်ဖက်နှင့်တစ်ဖက် ရှုထောင့်ချင်း အပြန်အလှန် မြင်ပေးနိုင်ရန် လိုသလို၊ အချက်အလက်အားလုံး စုံစုံလင်လင် ထည့်သွင်း စဉ်းစားရန် လိုလေမလားလို့ အတွေးဝင်မိခြင်းသာ ဖြစ်သည်။ ဤသည်မှာ ယနေ့ လူပြောများနေသည့် Blame Society အတွက် ဖြေဆေးတစ်ရပ်များ ဖြစ်လေမလား ထင်မိပါသည်။
Posted on: Fri, 06 Sep 2013 09:38:34 +0000

Trending Topics



Recently Viewed Topics




© 2015