အမေ့လျော့ခံ - TopicsExpress



          

အမေ့လျော့ခံ ဒုက္ခသည်များ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ နေရာအရပ်ရပ်ကို လက်ညှိုးထိုးမလွဲ ပေါများစွာ ရှိလာသည့် အရာများမှာ ဒုက္ခသည် စခန်းများပင် ဖြစ်သည်။ မစည်ကားသင့်သည့် အရာများ စိတ်မချမ်းမြေ့စရာ စည်ကားနေခြင်းပင် ဖြစ်သည်။ အရှေ့ဘက်တွင် ယခင်အစိုးရ လက်ထက် ကတည်းက တည်ရှိနေခဲ့သော မြန်မာ-ထိုင်း နယ်စပ် ဒုက္ခသည် စခန်းများနှင့် ကေအိုင်အိုနှင့် အစိုးရ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာရသော ကချင်ဒုက္ခသည် စခန်းများ၊ အနောက်ဘက်တွင် ရခိုင်ပဋိပက္ခကြောင့် နေအိမ်ဆုံးရှုံးသူများ ခိုလှုံနေရသည့် ဒုက္ခသည် စခန်းများ၊ အလယ်ပိုင်းတွင်လည်း မိတ္ထီလာ ပဋိပက္ခကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူများ ခိုလှုံနေရသည့် ဒုက္ခသည် စခန်းများဖြင့် မြန်မာ တစ်နိုင်ငံလုံး၏ နေရာအနှံ့အပြားပင် ဒုက္ခသည် စခန်းတို့ဖြင့် နေရာယူလျက်ရှိသည်။ လူတိုင်းပင် ကိုယ့်အိမ်ကိုယ့်ရွာ ကိုယ့်နေရာမှာ အေးချမ်းစွာ နေထိုင်လိုချင်စိတ် ရှိကြပါသော်လည်း စစ်ကြောင့်၊ ပဋိပက္ခများကြောင့် စသည့် အကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်ကို စွန့်ခွာထွက်ပြေးရပြီး ဒုက္ခသည် စခန်းများတွင် ပြေးဝင်ခိုလှုံ နေကြရသောသူများ မြန်မာနိုင်ငံတွင် အမြောက်အမြား ရှိလာနေပြီ ဖြစ်သည်။ နေရာထိုင်ခင်း ကျပ်တည်းသည့် အပြင် အလှူရှင်များအပေါ် အဓိက အားထား နေရသောကြောင့် ဒုက္ခသည်များမှာ စိတ်ရော ကိုယ်ပါ ခံစားနေကြရပါသည်။ အလှူရှင် ဆိုသည်မှာလည်း အမြဲတစေ မရှိနိုင်နေသည့် အတွက် အလှူရှင်မရှိသည့် အခါများတွင် ဒုက္ခသည်များအတွက် အထူးပင် နေထိုင်စားသောက်မှု ကျပ်တည်းနေရသည်။ ဒုက္ခသည် စခန်းတွင် ရောက်ရှိနေကြသည့် သူများ မည်သည့်အချိန်မှ မိမိနေရပ်သို့ ပြန်သွားနိုင်မည် ဆိုသည့် အချက်မှာလည်း မည်သူမျှ အဖြေမပေး နိုင်သေးသည့် အတွက် ဒုက္ခသည်တို့၏ ဘ၀များမှာ အနာဂတ် မဲ့နေသလို ဖြစ်နေဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ဒုက္ခသည်များ အရေးသည် အမေ့ခံရဆုံး ပြဿနာတစ်ရပ် ဖြစ်နေပါသည်။ ပဋိပက္ခနှင့် စစ်ပွဲများ ဖြစ်ပွားနေတုန်း အချိန်လောက်သာ သတိတရ ရှိတတ်ကြပြီး အခြားကိစ္စများ ပေါ်ပေါက်လာသည့်အခါ မိုးတွင်းတွင် အမိုးအကာ မလုံလောက်သော၊ ဆောင်းတွင်းတွင် အ၀တ်အထည် မလုံလောက်သော၊ အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်သော ဒုက္ခသည် စခန်းများမှ ဘ၀ပေါင်း များစွာသည် အမေ့လျော့ခံလိုက် ကြရပါတော့သည်။ ဆင်းရဲနွမ်းပါးပြီး မိမိကိုယ်ကိုယ်ပင် လောက်ငအောင် ကြိုးစားမွေးမြူ နေရသော မြန်မာနိုင်ငံတွင် ဒုက္ခသည်များ အရေအတွက် အချိန်ကြာမြင့်စွာ အာရုံမထား နိုင်သည်မှာ အပြစ်တင်လို့တော့ မရနိုင်ပါပေ။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသော နိုင်ငံတစ်နိုင်ငံတွင် ဒုက္ခသည် အများအပြား ရှိနေခြင်းသည် တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ကြီးလှပါသည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးမားသော အတားအဆီး ဖြစ်စေပါသည်။ ထို့ကြောင့် ပဋိပက္ခနှင့် စစ်ပွဲများ အဆုံးသတ်နိုင်ရေး၊ ထပ်မံမဖြစ်ပွားရေးကို ပထမဆုံး အနေဖြင့် ဦးစားပေး လုပ်ဆောင်ရင်း ဒုက္ခသည်များ အရေးကိုလည်း မေ့လျော့၍ မနေသင့်ဘဲ စားဝတ်နေရေး အဆင်ပြေရေး၊ ပြန်လည် ထူထောင်ရေးနှင့် ကိုယ့်ခြေထောက်ပေါ် အလျင်အမြန် ရပ်တည်နိုင်ရေး ကိစ္စများကို အစိုးရနှင့် လူမှုရေး အသင်းအဖွဲ့များက ဆောင်ရွက်ပေးကြပါရန် The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။ သြဂုတ်လ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
Posted on: Fri, 30 Aug 2013 02:20:06 +0000

Trending Topics



div class="stbody" style="min-height:30px;">
Isaiah 49 xIsaiah 48 Isaiah 50N
ITSEKIRIS, WHO IS ESIGBE ARAYI IN ORERE POLITICS? WHAT ARE HIS
AL-QURAN READ PEN. TERHAD FREE GIFT dengan POS PERCUMA RM250
HAY QUE TOMARLO EN CUENTA Y MAS SI LES GUSTAN LOS CAMARONES,,OJO,,
COMUNICAT DE PREMSA, jubilats per Mallorca LA PLATAFORMA
Required Urgently At Ekta Tripoli (1656 sq ft@ Rs
please like and share this message of social and political

Recently Viewed Topics




© 2015