အဓိကရုဏ်းများ - TopicsExpress



          

အဓိကရုဏ်းများ မဖြစ်ပွားစေရန် တိုင်းမ်မဂ္ဂဇင်းကို အစိုးရကန့်သတ် ==================================== လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းပါ The Face of Buddhist Terror ဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်း စာစောင် အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီက ယနေ့ည ၈နာရီတွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော် အပေါ်အထင်အမြင်လွဲမှားစေပြီးလက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်း ကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရသဖြင့်၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတရုံး က လည်းဇွန်လ၂၃ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်အပြည့်အစုံ moi.gov.mm/announcement/25/06/2013/id-463 president-office.gov.mm/zg/briefing-room/news/2013/06/23/id-3765
Posted on: Wed, 26 Jun 2013 10:22:50 +0000

Trending Topics



Recently Viewed Topics




© 2015